Pages
Sunday, November 11, 2012
“““ သေချာတွေး ပါ နေရာပေးပါ ဆိုတာ မှန်သလား ”””
၁။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး  အစိုးရသစ်စတက်ကတည်းက. လုပ်နေတာတွေ့ ရတယ်။
၂။ အောင်မြင်တာမအောင်မြင်တာ လက်တွေ့ကဆုံးဖြတ်လိမ့်မယ် ဦးအောင်မင်းရဲ့နိုင်ငံရေးအဆင့်ကို လွတ်လပ်စွာသုံးသပ်ခွင့်လို့ ယူဆတဲ့အတွက် မဝေဖန်လိုပါ။
၃။ ငြိမ်းချမ်ရေးဘောလုံးသင်းဟာ မန်ယူလို ကလပ်သင်းမဟုတ်လို့ ဟိုလူ့ခေါ်ဒီလူ့ခေါ် လုပ်မယ် မထင် ပါ။ရပ်သင်းရွာသင်းလိုမျိုးဖြစ်လို့. နိုင်စေချင် ရင်  ( ငြိမ်းချမ်းရေးရစေချင်ရင်  )   ခုလိုအော်နေဖို့ လိုမယ် မထင်ပါ။
၎။ ငါဝင်မယ်ဟေ့လို့ပြောပြီး ၀င်ကန်ဖို့ပဲ ရှိပါတယ် အရည်အချင်းရှိရွာသင်းကလက်ခံ
ပါလိမ့်မယ်။
၅။ ဒေါ်စုဟာ နှစ် ၂၀ ကျော် အနစ်နာခံခဲ့တယ်ပြောပြော ညစ်တာခံရတယ်ပဲဆိုဆို သေချာတာ သေသေ ချာချာစဉ်းစားကြည့်မှ . အသုံးချခံရတယ်ဆိုတာ   မြင်ရပါမယ်။
၆။ ဒီကာလတစ်လျောက်လုံး သူမနိုင်ငံရေးမလုပ်ခဲ့ရဘူးဆိုတာ မငြင်းနိုင်ပါ။သူ့ဘေး မှာဝိုင်းရံ ထားတဲ့ သက်ကြားအို ကွန်မြူနစ်လက်ဟောင်းများနဲ့.  ခွက်တောင်းစားချင် သူတွေဟာ သူမကိုခြင်း ထဲညမှာ ထား ပြပြီးစားသွားကြတာပါ။တကယ်တော့ သူမ ဟာ သနားစရာ --------- ပမာအသုံး ချခံရ သလို ရှေ့ တိုး မရ နောက်ဆုတ်မရတဲ့ အတူ ဗကပ ဟောင်းကြီးတွေနဲ့ နှာခေါင်းရှည် အခါပေးတွေ စာရေးပေးတဲ့အတိုင်း
ကတော့တာပါပဲ။
၇။ ဒါဟာ မဟုတ်မတရား အပုပ်စကား တစ်လုံးမှမပါဘူးဆိုတာ ပြုံးပြပြီးလက်ခံလိုက် စမ်းပါလို့ ဒေါ်စု ကို အဖော်ပြုနေသူများကို ထောက်ပြချင်ပါတယ်။
၈။ ကမ္ဘာ့အဆင့်လို့သမုတ်ထားတာကို ဟုတ်သလားပြန်စဉ်းစားပါ ကို လင်္ကာ ကိုယ်အင်္ဂါ မစုံဘဲ မလုံ မ လဲဖြစ်သွားရင် ခြုံ ထဲသာပြေးနားလိုက်ပါတော့။
၉။ တကယ်တော့ ခုမှမြေစမ်းခရမ်းပျိုး ရှေ့တိုးပြီးနိုင်ငံရေး ခရီးစနေတာပါ။ဒါတောင် ပထမ ပင်လုံ ဒုတိယ ပင်လုံ နဲ့ အော်ခဲ့သမျှ ဖင်မလုံတဲ့ဘ၀ ရောက်နေလို့ လွှတ်တော်ဘုံမှာ ရေငုံနေရတာ ငြင်းလို့မှမရတာ။
၁၀။ ငြိမ်းချမ်းရေးမှာ  ပါပါရစေ ရယ်လို့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ   တပည့်စုံနဲ့ သာ အော် ခိုင်းနေပေ မဲ့ တကယ်သာအမျိုးသားအရေး  ငြိမ်းချမ်းရေး တွေးတယ်ဆိုရင် ရခိုင်အရေး ခုလို ဘိုင်ထေး  ဘေးထိုင်နေပါ့မလားဗျာ။
၁၁။ နိုင်ငံရေးပါး မ၀လို့ သူမလည်းဥက္ကဌဖြစ်ရော ထွက်ကြ ကွဲကြ ပြဲကြ အမြင်ပဲလေ။
၁၂။ ကဲ ကြည့်ပါအုံး ကော်မတီဥက္ကဌ ပေးတော့လည်း ဦးဆောင်မှုလည်းမပေးနိုင်အောက်ကိုလည်း မနိုင် မလုပ်တတ်မကိုင်တတ်နဲ့ ဘိုင်ပြတ်တဲ့ပုံစံမျိုးထိုင်ပစ်လိုက်တော့လည်း  ဟိုက်ကုဒ် (တရားလွှတ်တော် ချုပ် ဗျား။)
၁၃။ ကဲ---အရပ်ကတို့ရေ ဖိနပ်တို့ပြီးသာပြောလိုက်ပါ  တရားဥပဒေအထက်မှာ ဘယ် သူမှမရှိစေရဘူး ဆိုတဲ့ လွှတ်တော်အမတ်များ  တရားလွှတ်တော်ချုပ်အထက်ရောက်သွားတာတွေ့ရတော့  အင်း----- တ ရားဥပဒေ စိုးမိုးမစိုးမိုးတော့ မသိဘူး တရားရုံးတွေကိုတော့ စိုးမိုးသွားတာအသေအချာပေါ့။
၁၄။ ဒီလောက်ထုတ်ပြရင် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိတဲ့ အန်တီစုကို နေရာပေးရင် ဘယ် လိုလုပ်တတ် တယ် ဆို တာ တွေ့လောက်ပါပီ။
၁၅။ ပြောနေကြတာကြားပါတယ် အန်စုက မိုက်ဆိုရင်ကိုင်ပြောရမှ အားရတာတဲ့ အခု လွှတ်တော် မှာ ကိုင် မပြောရလို့ ငြိမ်နေတာတဲ့ ။
၁၆။ ထင်ပါတယ် တစ်ခါတစ်လေ ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲ ဆိုသလိုများ  သူ့ခမျာဖြစ်နေ သလားလို့ ကိုယ်ချင်းစိတ်နဲ့ စဉ်းစားပေးကြည့်တော့ လည်း မဟုတ်ဘူးဗျ သူကိုယ် တိုင်ကိုက အကျင့်ပါနေ တဲ့သဘောဗျ  သီချင်းသံ ကြားရင် 'က' ချင်နေသူမျိုးလိုပေါ့  ဘေးတီးလို့မရဘူး ဒီအကြောကို  ဗကပ ကြီးတွေ ဆီကနေ ဗကပလေး မင်းကိုနိုင်တို့အုပ်စုတောင် သိသွားလို့ ဒီနည်းနဲ့ချဉ်းကပ်ပြီး အချွန်နဲ့ မ.  နောက်ကျောကဒါးနဲ့ထိုးဖို့လုပ် လို့ ခွာပြဲနေကြပြီလေ။
၁၇။ လက်စသတ်ကြရအောင်--------
         ဒေါ်စုအတွက် နေရာတောင်းပေးပြီး လုပ်စားနေကြ နေရာဝင်ယူဖို့ကြိုးစား
         နေကြသူများ ရပ်တန်းက ရပ်ကြပါ  သူ့မှာကစားအားရှိရင် ကစားချင် ရင်
          လောလောဆယ် တစ်ဖက်အသင်းများကလည်း လက်မခံကြောင်းထုတ်ပြောနေ
          ပြီမို့ သူမကျွမ်းကျင်သော ဘိုင်ထေး  ဘကျိုင်  ဘောပြု ကသာသူမရဲ့ကစားကွင်း
          အဖြစ် သင့်တော်ပါကြောင်း  သို့မဟုတ်ပါက ရပြီးသားတွေပါ ပြန်ပျက်သွားမှာ
         စိုးလို့ပါ။
         အဆိုတင်သွင်းပါရစေဗျား။
ကောင်လေးဆွ---ကောင်လေးဆွ-----ကောင်လေးဆွ ။
နှောင့်.....ဒူဆော့.....ဒူဆော့......ဒူဆော့။
မောင်ကျောက်ခဲ
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။
သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်
ဖတ်ရှုမှု များသော သတင်းများ
® GOLDEN LAND MYANMAR NEWS & KNOWLEDGE