သူငယ်ချင်းများနဲ့အတူ
ညဘက်နောက်ကျပြီး အပြင်ထွက်ရာမှ သုသာန်တစ်ခုမှာ ယောက်ျားလေး သူငယ်ချင်း ၅ ဦးရဲ့
မတရားပြုကျင့်မှုကြောင့် ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးအကြောင်း ကို မလေးရှား
သတင်းစာ တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
အသက်
၁၄ နှစ်အရွယ် အဆိုပါ ကျောင်းသူလေးဟာ ည ၁
နာရီခန့်မှာ သူငယ်ချင်းတွေနဲ့ ဇိမ်ခံကား ကြီး စီးပြီး လိုက် လည်ဖို့ ခေါ်တာကို
လက်ခံလိုက်ပါတယ်။ အဲဒီနောက်မှာတော့ စကား ပြောကြ ဆိုကြရင်း တစ်ယောက် က သူမကို
ဘာညာလုပ်ဖို့ ပြောလာခဲ့ပါတယ်။ ကြောက်လန့်တကြားနဲ့
သူမလည်း အိမ်သာ ခဏ သွားအုံးမယ်ဆိုပြီး သူမရဲ့ ၀မ်းကွဲတွေဆီကို ဖုန်းဆက် ခေါ်ခဲ့ပါတယ်။
သူမ
အိမ်သာက အထွက်မှာတော့ သူမကို အိမ်ပြန်ပို့မယ် ပြောပြီး Jalan Kuari က သုသာန်ကို ခေါ်ကာ
အိပ်မက် ဆိုးတွေ ဖြစ်စေခဲ့ပါတော့တယ်။ ထို့နောက်တော့ အဲဒီထဲက တစ်ယောက်က Kampung Cheras
Baru မှာရှိတဲ့ သူရဲ့အိမ်ကိုထပ်ခေါ်သွားပြီး အဲဒီမှာ တစ်ခါ ထပ်ပြီး မတရား
ကျင့်ခဲ့ပါတယ်။
အဆိုပါ
ဆယ်ကျော်သက်လေးဟာ သူမ၀မ်းကွဲမောင်နှမတွေနဲ့ ဆက်သွယ်ပြီး သူမအစ်ကိုဟာ နံနက် ၉ နာရီလောက် မှာ သူမဆီ
ရောက်လာခဲ့ပါတယ်။ ထိုအိမ်တွင် အဆိုပါ လူငယ်အား သက်ဆိုင်ရာကို အဖမ်း ခံဖို့ ပြောတာမရတဲ့နောက်တော့
၎င်းရဲ့ မိခင်နဲ့ အချေအတင် စကားများခဲ့ကြပါတယ်။
ကွာလာလမ်ပူက
စီအိုင်ဒီ ဒုတိယအကြီးအကဲ ACP Khairi Ahrasa ကတော့ ကျန်တဲ့သူတွေကိုလည်း
ဖမ်းဆီးနေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။
မူရင်းသတင်းကတော့ ဒီမှာ ပါ။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။