အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာအိန္ဒိယနိုင်ငံသို့ ၅ရက်တာ ခရီးကို ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ က စတင်မှာဖြစ်ပါတယ်။ ယနေ့ ည ၇ နာရီ ၄၀ မိနစ် မှာ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး ထိုင်းနိုင်ငံကတဆင့် အိန္ဒိယနိုင်ငံ၊ ဒေလီသို့ ဆက်လက် ထွက်ခွာမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ၀န်ကြီးချုပ် မာမို ဟန်ဆင်းမ် အပါအ၀င် အိန္ဒိယ ထိပ် တန်းခေါင်းေ ဆာင်တွေ နဲ့ တွေ့မှာဖြစ် သလို ဂျဝါဟ လာနေ ရှုး မွေးနေ့ အ ထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနား တက်ပြီး မိန့်ခွန်းပြောဖို့လည်း ရှိပါတယ်။
အိန္ဒိယရောက် မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ရှိပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ မြန်မာနိုင် ငံကို ပြန် လည် ရောက် ရှိ မှာလည်းဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၉ ရက်နေ့ မြန်မာနိုင်ငံကို ရောက် ရှိလာမယ့် အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားနဲ့ နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တ န် တို့နဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာလည်းတွေ့ဖို့ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ် အချိန်ဇယားကို အောက်မှာ ဖော်ပြထားပါတယ်။
၁။ နိုဝင်ဘာ ၁၂ ရက်နေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ သို့ ( ည ၇ နာရီ ၄၀ မိနစ်)
၂။ နိုဝင်ဘာ ၁၃ ရက်နေ့ ထိုင်းနိုင်ငံမှအိန္ဒိယနိုင်ငံ ဒေလီမြို့သို့ထွက်ခွာမည်။
၃။ နိုဝင်ဘာ ၁၄ ရက်နေ့ အိန္ဒိယ ၀န်ကြီးချုပ်နှင့်ဆွေးနွေးမည်၊ နေရူး အောက်မေ့ဖွယ် အမှတ်တရ မိန့်ခွန်း ပြောကြားမည်။
၎။ နိုဝင်ဘာ၁၅ရက်နေ့အိန္ဒိယ နိုင်ငံဒုသမ္မတနှင့် တွေ့ရန်၊ပါလီမန်သို့အလည်သွားပြီးပါလီမန်ဥက္ကဌ နှင့်တွေ့
မည်။
၅။ နိုဝင်ဘာ ၁၆ ရက်နေ့ Lady Shri Ram College သို့ သွားရောက် လည်ပတ်မည်။ Bengaluru သို့သွား ပြီး မြန်မာအသိုင်းအ၀ိုင်းနှင့် တွေ့မည်။
၆။ နိုဝင်ဘာ ၁၇ ရက်နေ့ Rural Development Projects နှင့် Indian Institute of Science တို့သို့ သွားရောက်လည်ပတ်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်လာမည်။
၇။ နိုဝင်ဘာ ၁၈ ရက်နေ့ ထိုင်းနိုင်ငံမှ ထွက်ခွာလာမည်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်ကို မြန် မာ စံတော်ချိန် နံနက် ၈ နာရီ ၅၀ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။
From: ဧရာဝတီ
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။