ယနေ့ (နိုဝင်ဘာလ ၆ရက်နေ့) တွင် ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေး တွင် မြန်မာနိုင် ငံ သား ဥပဒေကို အသစ်ရေးဆွဲ ပြဌာန်းပြီး လက်ရှိမြန်မာနိုင်ငံသား ဥပဒေ ၁၉၈၂ ပြည် သူ့ လွှတ်တော် ဥပဒေ အမှတ် (၄) အား ပယ်ဖျက်သင့်ကြောင်း အဆိုအား လွှတ်တော် ကိုယ်စား လှယ်(၁၀)ဦးကဆွေးနွေးခြင်း ။ ပြည်ထောင် စု အ ဆင့် အဖွဲ့အစည်း ၀င် က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်း။ အ မျိုးသား လွှတ်တော် ၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် ဆောင်ရွက်ခဲ့သည်။
ယင်းအစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက အထောက် အထား အချက်အလက် ခိုင် လုံစွာဖြင့် ၁၉၈၂ ခုနှစ်ဥပဒေအား ပယ်ဖျက် ခြင်း မပြုဘဲ ပိုမိုခိုင်မာစေရန်သာ တိုးမြှင့်ဆောင် ရွက် သင့်ကြောင်း၊ ပြည်သူ့ဆန္ဒ ခံယူသင့်ကြောင်း၊ ကန့်ကွက်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြသည်။
အလား တူ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က လည်း ပယ်ဖျက်ခြင်း မပြု သင့်ကြောင်း ၊ ပြည် သူလူထု ထံ တင်ပြပြီး ရေး ဆွဲခဲ့သော ဥပဒေဖြစ်ကြောင်း သမိုင်း အထောက် အထား များနှင့် ပြန်လည် ရှ င်းလင်း တင်ပြ ခဲ့သည်။ နောက်ဆုံးတွင် ကန့်ကွက်သူများနေ၍ ယင်းအဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိ မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
Hmuu Zaw
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။