2.11.2012
နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ နိုဝင်ဘာ၁ရက်၊ရက်စွဲဖြင့် ပြည်ထောင်စု ဝန်ကြီးဌာန နှစ်ခု အမည်ပြောင်းရန် ယနေ့တွင် သဝဏ်လွှာ တစ်စောင် ပေးပို့လိုက်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
လက်ရှိ ပြည်ထောင်စု ဝန်ကြီးဌာနများ ဖြစ်သော ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို ဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနဟူ ၍လည်းကောင်း၊ အလုပ်သမား ဝန်ကြီးဌာနကို အလုပ်သမားနှင့် အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနဟူ၍ လည်းကောင်း အ မည် ပြောင်း လဲနိုင်ရန် ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ နိုင်ငံတော် သမ္မတရုံးက သဝဏ်လွှာပေး ပို့ခဲ့သည်။
The Voice Weekly
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။