2.11.2012
ဆူရင် ရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး အဆိုပြုချက်ကို ပယ်ချလိုက်တာ မှန်တယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခ မှာ မြန်မာ-အာဆီယံနဲ့ ကုလသမဂ္ဂ သုံးပွင့်ဆိုင် ဆွေးနွေးကြဖို့ အာဆီယံ အတွင်းရေးမှူး ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) က အဆိုပြုလာပါတယ်။ ဒါကို မြန်မာအစိုးရက ပယ်ချလိုက်ပါတယ်။ ဒီလို ပယ်ချ လိုက် တာဟာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုရပါမယ်။
မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် မရှိနိုင်တော့လောက်တဲ့ အချိန်ဖြစ်သွား လို့ မြန်မာ့အရေး မှာ မြန်မာတွေ က သာ ဖြေရှင်းတာ အကောင်းဆုံး ဖြစ်ပါတယ်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်ရုံမက အမျိုး သားရေး အမြင် ရှိပြီး ပြဿနာကို ဖြေရှင်းပေးနိုင်စွမ်းရှိမယ့် ခေါင်းဆောင်တွေ ရှိနေလို့ပါပဲ ။အထိအခိုက် နည်း နည်း မှ အဖြစ်မခံနိုင်တဲ့ ပြည်တွင်းရေးကိစ္စမျိုးမှာ ပြည်ပ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ ပါလာရင် ပိုတောင်မှ ရှုပ်ထွေး ပြီး ဖြေရှင်း မရတာမျိုး ဖြစ်တတ်တယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေးကိစ္စတွေမှာ အတော့် ကို ဂရုစိုက်နိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် ပဋိပက္ခအရေးမှာ အမေရိကန်၊ အီးယူ အပါအဝင် အနောက်အုပ်စုက လက်ရှောင်ထားပါတယ်။ တရုတ်နဲ့ ရုရှားက ငြိမ်ပေးနေပါတယ်။ကုလသမဂ္ဂအတွင်းရေး မှူးချုပ် ဘန်ကီမွန်းက သမ္မတ ဦးသိန်းစိန် အနေနဲ့ သတိထားဖို့ အကြံပေးထားပါတယ်။
ဒီအချိန်မှာ အစ္စလမ် နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့OICဝင်လာဖို့ကြိုးစားလာပါတယ်။ မြန်မာပြည်သူတွေက အမြော်အမြင်ရှိရှိ လက်မခံချင်ကြောင်း ကန့်ကွက်လိုက်လို့ OIC ရဲ့ အကြံ မအောင်မြင်ဘဲ ဖြစ်သွားပါတယ်။ (နောက်တမျိုးပြီးတမျိုး ကြံစည်နေဦးမယ်လို့လည်း တွက်ဆထားနိုင်ပါသေးတယ်။) ဒီလိုအနေအထားမှာ အာဆီယံ က ဝင်ရောက်စွက်ဖက်တာကို လက်ခံလိုက်ရင် မှားသွားပါမယ်။ ပဋိပက္ခ ဖြေရှင်းရေးမှာ အာဆီ ယံဟာ ဘယ်တုန်းကမှ အစဉ်အလာ မကြီးမားခဲ့ပါဘူး။ အခြားနိုင်ငံတွေ၊ အဖွဲ့အစည်းတွေက ဦးဆောင် လုပ်ပေး မှ နောက်ကနေ ဝေလေလေ လုပ်တတ်တဲ့ သာဓကတွေပဲ ရှိပါတယ်။ အာဆီယံထဲမှာ ဦးဆောင်နိုင်ငံတွေဖြစ် တဲ့ အင်ဒိုနီးရှား၊ မလေးရှားက အစ္စလမ်နိုင်ငံတွေ ဖြစ်ကြပြီး ထိုင်းနဲ့ ဖိလစ်ပိုင်တို့မှာ မွတ်ဆလင် အစွန်းရောက် အုံကြွမှုတွေ ရှိနေပါတယ်။ အဆိုပြုသွားတဲ့ လက်ရှိ အာဆီယံ အတွင်းရေးမှူး ဆူရင် ကိုယ်တိုင်ကလည်း အစ္စလမ်ဘာသာဝင် ဖြစ်နေပါတယ်။ ပြီးတော့ ဒါဟာ အာဆီယံ နိုင်ငံတွေ ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲ အတွင်းရေးမှူးရဲ့ အဆိုပြုချက်သာ ဖြစ်နေပြန်ပါတယ်။ဒီတော့ ဘက်မညီတာတွေနဲ့ မလိုအပ်တဲ့ အင်အားကြီး လွှမ်းမိုးမှုတွေက မြန်မာ့အရေးအတွက်လည်း မကောင်းသလို အာဆီယံ ရှေ့ရေး အ တွက်လည်း မသင့်တော်လှဘူး။
ဒီလို ဒီလို အကြောင်းတွေကြောင့် မြန်မာအစိုးရက အတွင်းရေးမှူး ဆူရင်ရဲ့ အဆိုပြုချက်ကို ပယ်ချလိုက် တာ ဟာ အင်မတန် အမြော်အမြင်ကြီးမားတဲ့ လုပ်ရပ်လို့ ယူဆရပါမယ်။
လွင်အောင်စိုး ( ၂-၁၁-၂ဝ၁၂ )
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။