Pages

Thursday, November 22, 2012

“““ ဂုဏ် ပကာသန မင်္ဂလာ များဟာ ၊ မင်္ဂလာ အစစ် တကယ် ဖြစ်စေရဲ့လား ”””

ထူးထူးခြားခြားလေးပါဗျာ ။ အများစုကတော့ တစ်သက်မှာ တစ်ခါပဲ မင်္ဂလာဆောင်ရတာဆိုတော့ ၊ ဘယ် လို ဟိုတယ်ကြီးမှာမှ ၊ ဘယ်လို ခမ်းခမ်းနားနားမှ ၊ ဘယ်လို သင်္ဂဟ တွေနဲ့ ပြည့်စုံမှ ၊ စသဖြင့် အကောင်း ဆုံး မင်္ဂလာအရှိဆုံးတွေနှင့် နှစ်ပါးဂဟေ ဆက်ချင်ကြတာ ၊ ဂုဏ်တု ဂုဏ်ပြိုင်တွေပေါများ လှ တဲ့ လောက ကြီးမှာ အထူး အဆန်းလုပ်ပြီး ပြောစရာမလိုပါဘူး ခင်ဗျာ ။

ခုခေတ်မှာက နိုင်ငံရေးခက် ၊ စီးပွားရေးက ကြပ်နေကြတဲ့ အချိန်မျိုးမှာ ၊ အချို့ဆိုလျှင် လှူချင် တန်းချင် စိတ်ကလေး ရှိတာတောင် ချင့်ချင့်ချိန်ချိန်သုံးစွဲ နေရတဲ့ ကာလဆိုတော့လည်း ပရိဟိတ ဆိုတာကို လုပ် ကိုင်နေကြတဲ့ လူတွေ က တော်တော် လေးရှားပါးလာကြတာ စိတ်မကောင်းစရာပါပဲ ။ ရုပ်ရှင်တွေ ၊ ဂီ တတွေ ကအစ ယဉ်ကျေးမှုတွေ ကူးပြောင်းပြီး ၊ မီဒီယာ မျိုးစုံတို့မှ ဘာသာခြားတို့၏ သာသနာပြု
ဝါ ဒဖြန့် မှုတွေရဲ့ သက်ရောက်မှု ကလည်း အနည်းနှင့် အများဆိုသလို မြန်မာတို့ အတွက် သာယာမှု ၊ ရုပ် ဝတ္ထုတွေ၏ မာယာတွေအောက်မှာ ၊သူ့ထက်ငါ သာလွန်ချင်မှု အစွဲအလန်းတွေနှင့် သဒ္ဓါတရားတွေ နည်း ပါးလာကြတာ ကို ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ ယဉ်ကျေးမှု စစ်စစ် ဖြစ်သော မင်္ဂလာဦး ဆွမ်းကျွေးခြင်း ၊ အ လှူဒါန ပြုလုပ်ခြင်း မိဘတို့အား ကန်တော့ခြင်းစသည့် ဓလေ့ ကလည်း တဖြည်းဖြည်း နည်းပါးလာကြတာ စိတ်မကောင်းစရာ အဖြစ် တွေ့မြင်နေရပါတယ် ခင်ဗျာ ။

မင်္ဂလာဧည့်ခံပွဲ ဟေ့.. ဆိုတာနှင့် အများစုကတော့ ဘယ်လို ဟိုတယ်ကြီးတွေမှာ ဆောင်ပြီး ဘယ်လို ဂုဏ် သရေရှိ လူကြီးလူကောင်းတွေက ပန်းကုံးချီးမြှင့်မှပဲ မင်္ဂလာပွဲအထမြောက် သလိုလို ၊ ဘယ်လို လူတွေကို ဖိတ်ကြားမှပဲ လက်ဖွဲ့ပစ္စည်းများများစားစား ရပြီး တွက်ချေကိုက် သယောင်ယောင်၊ ပကာသန မင်္ဂ လာဆောင်ခြင်းတွေ ပြုပြီး ၊ မိဘတွေကို လူပုံအလယ်မှာ ပန်းခြင်း ကိုင်ခိုင်းပြီး ဟိုတယ်လျှောက်လမ်းမှာ မတ် တပ်ရပ်ခိုင်းတာ ၊ ဘယ်ကစတဲ့ ယဉ်ကျေးမှုရယ်လို့တော့ မသိပေမယ့် ၊ တကယ်ဆိုလျှင် မြန်မာ့ ယဉ်ကျေးမှုမှာတော့ မရှိခဲ့ဖူး ၊ မကြားခဲ့ဖူးပါ ၊ သင့်လည်းမသင့်တော်ပါဘူး ။ နှစ်ဖက်သော မိဘတွေ ကတော့ သားသမီးတွေ မင်္ဂလာမှုပြုတဲ့ အချိန် မှာ စိတ်အနှောင့်အယှက် မပေးချင်တာက တကြောင်း ၊ ခုခေတ်ကလည်း ခေတ်ပြောင်း စနစ်ပြောင်း ယဉ်ကျေးမှု တွေပြောင်း နေကြတော့လည်း မျက်စိလည်ပြီး မပြောသာ ၊ မငြင်းသာတော့တာ ပါမှာပေါ့လေ ။

မင်္ဂလာပွဲသိမ်းပြီးလို့လား မပြီးသေးပါဘူး ၊ အိမ်ပြန်ရောက်တာနှင့် ကမန်းကတမ်း အဝတ်အစားလဲလှယ်ပြီး ၊ လူပျိုည ဆိုလား အပျိုညဆိုလား ၊ (ဘိုလို ) ဒင်နာ ပွဲအတွက် ဘယ်ဟိုတယ်ရဲ့ မြက်ခင်းပြင်မှာ ၊ ဘယ် ကမ်း နား စားသောက်ဆိုင်ရဲ့ မြစ်ပြင်ကျယ်က လေညင်းခံပြီး ယစ်ရွှေရည်တွေနှင့် တပျော်တပါး စားေ သာက် ကြပြီး ၊ အိမ်အပြန်လမ်းမှာ တချို့ဆိုလျှင် မင်္ဂလာမှ အမင်္ဂလာဖြစ်သွားကြရတာလည်း စိတ်မေ ကာင်း စွာ ကြားဖူး မြင်ဖူး ပါရဲ့ ။ ဒီလို သူတို့ ညနက် သန်းခေါင်ထိ သွားလာပျော်ပါးနေကြတာကို အိမ်က မိ ဘတွေက စိတ်ပူစွာနှင့် နေနေကြရတာ သူတို့လေးတွေ မသိလိုက်၍သော်လည်းကောင်း ၊ မသိချင်ေ ယာ င်ဆောင်၍သော်လည်းကောင်း ကိုယ်ချင်းစာ နားလည်ပေးတဲ့ ဇနီးမောင်နှံတွေက ခပ်ရှား ရှား ရယ် ပါ ။ နောက်ရက် ဒီလိုနဲ့ အချို့ဆိုလျှင် နိုင်ငံပိုင် ကြော်ငြာ သတင်းစာကြီးကနေပြီး တကူးတက စာမျက်နှာ ထဲက ဘယ်လူကြီး ၊ညာလူကြီး ၊ ဘယ်အဆိုတော် ဘယ်တီးဝိုင်း ၊ ဘယ်နာမည်ကြီး မိတ်ကပ်ပညာရှင် ၊ ဘယ် ဗွီဒီယို ၊ ဓါတ်ပုံ ဆရာ စသဖြင့်ပေါ့ဗျာ ၊ ကျုပ်တို့မင်္ဂလာပွဲ ဘယ်လောက်ခမ်းနားပါတယ် စည်ကား ပါတယ် ဆိုပြီး ကြွားလုံးတွေ ထုတ်ကြရတာ အမောပါပဲ ၊ သို့ပေမယ့် ဘယ်သူကမှ မေတ္တာစေတနာနှင့် လာပြီးလုပ်ပေးတာ မရှိသလောက်မို့ အားလုံးက အခကြေးငွေနှင့် သူတို့အလုပ် သူတို့လုပ်ကြတာကိုပဲ စူပါမင်္ဂလာဆောင်မို့ ၊ စူပါတွေက လာပြီး ကူညီသယောင်ယောင် ပကာသနတွေ ဖော်ပြကြရတာ အားကျနေကြတဲ့ ခေတ်ဆိုတော့လည်း..........???

နိုင်ငံပိုင်ကြော်ငြာ သတင်းစာက သိတဲ့ကြတဲ့အတိုင်းပါပဲ မကောင်းတတ်လို့ ဖော်ပြရတဲ့ သတင်း အနည်း ငယ်နှင့် အရှုံးပေါ်နေသော လုပ်ငန်းကြီးမှာ လူးမျိုးခြား လုပ်ငန်းရှင် ကြော်ငြာအများစု ၊ မင်္ဂလာဆောင် ၊ နာရေး ၊ စသည်တို့နှင့် အရှုံးကို ဖာထေးနေရတာက သူတို့ကြော်ငြာတွေ မလာမှာတောင် စိုးရိမ်နေ ကြ တဲ့ ခေတ်မှာ ဒီအရပ်နဲ့ ဒီဇာတ်က လိုက်ဖက်နေသလိုလို အထင်မမှားကြပါနဲ့ဗျာ ။

ဒီဓါတ်ပုံရှင် ဇနီးမောင်နှံကတော့ ထူးခြားစွာနှင့် ဘဝခရီးလမ်းမှာ အမင်္ဂလာကို မိမိတို့၏ မင်္ဂလာဦးမှာ လုပ် နိုင် ခဲမျှ မင်္ဂလာပြုသွားတဲ့ စိတ်ထားကတော့ အလွန်ပဲ ချီးကျူးထိုက်၊ လေးစားထိုက်ပါတယ် ။ သူတို့ေ လးေ တွက လူငယ်ရွယ်ပေမယ့် ၊ စိတ်ထားလေးတွေက မသေးငယ်ပါဘူး ။ အသုဘ ပို့ဖို့ဆိုလျှင် အချို့ေ သာလူတွေက မလိုက်ချင် မသွားချင် ကြတာကို သူတို့၏ မင်္ဂလာဦး အလှူအဖြစ် အလောင်းထမ်းပြီး ကု သိုလ်တောင် ပြုရဲသည့် စိတ်ဓါတ်ကတော့ ထူးခြားနေတာ အမှန်ပင်ဖြစ်ပါသည် ။ မည်သည့် ပကာသန မ ဆိုနောက်ဆုံး၌ ဤနေရာတွင် အဆုံးသတ်ရခြင်း သံဝေဂကို ထိုဇနီးမောင်နှံ၏ မင်္ဂလာပွဲက သင်ခန်း စာေ ပးေ န သလိုပါပဲ ။ လူတိုင်းကတော့ လူရယ်လို့ ဖြစ်လာကြလျှင် အကောင်းဆုံး ဆိုတာကို မက်မောတွယ် တာ လိုချင်ကြတာ ဓမ္မတာပေမယ့်လည်း ၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ၏ မြင့်မြတ်စိတ်ထား ကို ဖော် ကျူးပြ သနေသော ထို ဇနီးမောင်နှံ အပြုအမူနှင့် စိတ်ထားကို လေးစားဂုဏ်ယူရမည် မှာ ဧကန်ဖြစ်ပါသည် ။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ဂုဏ် ပကာသန မင်္ဂလာ များဟာ ၊ မင်္ဂလာ အစစ် တကယ် ဖြစ်စေရဲ့လား ”””

Labels:

0 comments: