Pages

Thursday, November 22, 2012

“““ အမေရိကန် နှင့် ဆက်ဆံရေး ကြောင့် တရုတ်၊ အိန္ဒိယ တို့နှင့် ဆက်ဆံရေး ပျက်ယွင်းမည် မဟုတ် ကြောင်း နိုင်ငံတော် သမ္မတ ပြော ”””

အမေရိကန်နှင့် ဆက်ဆံရေးကြောင့် တရုတ်၊ အိန္ဒိယတို့နှင့် ဆက်ဆံရေး ပျက်ယွင်းမည်မဟုတ်ကြောင်း နိုင် ငံတော် သမ္မတက ပြောပါသည်။

"အမေရိကန်နဲ့ ဆက်ဆံရေး ကြောင့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ ဘယ်လိုဖြစ်သွားမလဲ ဆိုတာ တစ်ချို့ လည်း စိုးရိမ်တာတွေ ရှိပါတယ်။ တရုတ်နိုင်ငံက ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်း နိုင်ငံ ဖြစ်ပါတယ်။ နယ်နိ မိတ်ချင်းကလည်း ကီလိုမီတာ ၂၀၀၀ လောက် ကျွန်တော်တို့ ဆက်စပ် နေပါတယ်။ အစိုးချင်းသာ မကပါ ဘူး။ နိစ္စဓူဝ နယ်စပ် တစ်လျှောက်မှာလည်း ပြည်သူ အချင်းချင်းက ကူးလူး ဆက်ဆံမှု အမြဲတန်း ရှိနေပါ တယ်။

ကျွန်တော်တို့ အတွက် တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံ တို့ဆိုတာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ ဒီနိုင်ငံတွေက ကြွယ်ဝ ချမ်းသာတာနဲ့ အမျှ သူတို့ရဲ့ ပိုလျှံ မှုတွေက ကျွန်တော်တို့ နိုင်ငံကို အကျိုး သက် ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး၊ နောက်ပြီးတော့ အိန္ဒိယ နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ဘာမှ ပြောင်းလဲ တာမျိုး ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မူဝါဒတွေ အရလည်း ဒီအစိုးရသစ် တက်လာတဲ့ အခါ ဒီ အရှေ့နိုင်ငံရယ်၊ အနောက်နိုင်ငံရယ် မခွဲခြားဘဲ အားလုံးနဲ့ သင့်တင့် မျှတအောင်၊ အားလုံးနဲ့ ရင်းနှီး ချစ်ခင်အောင် ဆက်ဆံ သွားမယ်။ ဒီလို ဆက်ဆံခြင်း အားဖြင့် ကိုယ့်နိုင်ငံ အတွက် ရသင့် ရထိုက်တဲ့ အကျိုး စီးပွားတွေကို ရအောင်လုပ်မယ် ဆိုတဲ့ ဒီမူဝါဒနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါသည်။

Hmuu Zaw

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ အမေရိကန် နှင့် ဆက်ဆံရေး ကြောင့် တရုတ်၊ အိန္ဒိယ တို့နှင့် ဆက်ဆံရေး ပျက်ယွင်းမည် မဟုတ် ကြောင်း နိုင်ငံတော် သမ္မတ ပြော ”””

Labels:

အမေရိကန်နှင့် ဆက်ဆံရေးကြောင့် တရုတ်၊ အိန္ဒိယတို့နှင့် ဆက်ဆံရေး ပျက်ယွင်းမည်မဟုတ်ကြောင်း နိုင် ငံတော် သမ္မတက ပြောပါသည်။

"အမေရိကန်နဲ့ ဆက်ဆံရေး ကြောင့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ ဘယ်လိုဖြစ်သွားမလဲ ဆိုတာ တစ်ချို့ လည်း စိုးရိမ်တာတွေ ရှိပါတယ်။ တရုတ်နိုင်ငံက ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်း နိုင်ငံ ဖြစ်ပါတယ်။ နယ်နိ မိတ်ချင်းကလည်း ကီလိုမီတာ ၂၀၀၀ လောက် ကျွန်တော်တို့ ဆက်စပ် နေပါတယ်။ အစိုးချင်းသာ မကပါ ဘူး။ နိစ္စဓူဝ နယ်စပ် တစ်လျှောက်မှာလည်း ပြည်သူ အချင်းချင်းက ကူးလူး ဆက်ဆံမှု အမြဲတန်း ရှိနေပါ တယ်။

ကျွန်တော်တို့ အတွက် တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံ တို့ဆိုတာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ ဒီနိုင်ငံတွေက ကြွယ်ဝ ချမ်းသာတာနဲ့ အမျှ သူတို့ရဲ့ ပိုလျှံ မှုတွေက ကျွန်တော်တို့ နိုင်ငံကို အကျိုး သက် ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး၊ နောက်ပြီးတော့ အိန္ဒိယ နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ဘာမှ ပြောင်းလဲ တာမျိုး ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မူဝါဒတွေ အရလည်း ဒီအစိုးရသစ် တက်လာတဲ့ အခါ ဒီ အရှေ့နိုင်ငံရယ်၊ အနောက်နိုင်ငံရယ် မခွဲခြားဘဲ အားလုံးနဲ့ သင့်တင့် မျှတအောင်၊ အားလုံးနဲ့ ရင်းနှီး ချစ်ခင်အောင် ဆက်ဆံ သွားမယ်။ ဒီလို ဆက်ဆံခြင်း အားဖြင့် ကိုယ့်နိုင်ငံ အတွက် ရသင့် ရထိုက်တဲ့ အကျိုး စီးပွားတွေကို ရအောင်လုပ်မယ် ဆိုတဲ့ ဒီမူဝါဒနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါသည်။

Hmuu Zaw

0 comments: