Pages

Wednesday, November 21, 2012

“““ အိမ်ဖော် မလေး မနှင်းနှင်းလှိုင် အမှု ကြေအေး လက်မှတ် ပြန်ရုပ်သိမ်း ”””

ညီနောင် စတီးဆိုင်မိသားစုအိမ်မှ ထွက်ပြေးရင်း ဓာတ်လိုက်ကာ ဆေးရုံးတက်နေရသော အိမ်ဖော်မလေး မနှင်းနှင်းလှိုင်နှင့် ၄င်း၏အစ်မ မတင်တင်ဌေးတို့ အမှုကို ညီနောင်မိသားစုမှ ငွေပေးကြေအေးထားမှုနှင့် ပတ် သက်၍ ကျူးလွန်ခံရသူ မိသားစု၏ ဆွေမျိုးများနှင့် ရွာသူ/ရွာသားများက မကျေနပ်ကြသောကြောင့် 19-11-2012-ရက်နေ့မှ မိခင်ဒေါ်ခင်မာရီ ကိုယ်တိုင် ပြန်ရုပ်သိမ်းခဲ့ခြင်း ဖြစ်ပါတယ်။
         
မိခင် ဒေါ်ခင်မာရီဟာ သမီးအကြီးဖြစ်သူ မတင်တင်ဌေး အကြိမ်ကြိမ် လိင်ကိုင်ခိုင်းခံရတာကို စရံငွေကျပ် ဆယ်သိန်း အမှုပြီးလျှင် နောက်ထပ်ငါးသိန်း စုစုပေါင်းဆယ့်ငါးသိန်းနှင့် ကြေးအေးလက်မှတ် ထိုးပေးခဲ့တာ ပါ။ ကျူးလွန်ခံရသူ မတင်တင်ဌေးကိုယ်တိုင်ကလည်း အတူ ကြေအေးပေးခဲ့တာပါ (လက်မှတ်မထိုး တတ် လို့ လက်ဗွေနှိပ်ပေးခဲ့တာပါ။)
          
အဲဒီဖြစ်ရပ် ရွာကသိသွားပြီး ရွာဘုန်းကြီးရော၊ မိသားစုပါ၊ သဘောမတူကြ လို့ ငွေပြန်ပေး ခိုင်းကြ လို့ ကြေေ အး မှုကို ပြန်ရုပ်သိမ်းခဲ့ရခြင်း ဖြစ်ပါတယ်။
          
ရပ်ကွက်တရားရုံးမှာ လက်မှတ်သွားထိုးရာ နှစ်ရုံးတိတိ ငြင်းပယ်ခံရပြီး သုံခုမြောက်ရုံးရောက်မှ လက်မှတ် ထိုးခွင့်ရကြောင်း၊ ရှေ့နေဒေါ်ခင်နီနီစိုးနှင့် စာချုပ်လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း၊ စာချုပ်ကို တစ်စောင် တည်း ချုပ်ဆိုခြင်းမဟုတ်ဘဲ သမီးမတင်တင်ဌေးအတွက် တစ်စောင်၊ မိခင်ဒေါ်ခင်မာရီအတွက် တစ်စောင် စုစုပေါင်း နှစ်စောင်ထိုးပေးခဲ့ရခြင်း ဖြစ်ကြောင်း၊ တစ်စောင်လျှင်ငွေကျပ်(၁၅)သိန်း ပုံစံရေး ထားသော် လည်း နှစ်စောင်ပေါင်းမှ(၁၅)သိန်းသာ ဖြစ်ကြောင်း၊ ကြေအေးလက်မှတ်ပြန်ရုပ်သိမ်းသွားလို့  မူဆ လင် လင်မယားနှစ်ယောက် ငိုသံပါကြီးဖြင့် ခြေသလုံးဖက်တောင်းပန်ကြကြောင်း၊ မျက်ရည်တော့ မကျကြောင်း ၊ ပြောပြ၍ သိရပါတယ်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ အိမ်ဖော် မလေး မနှင်းနှင်းလှိုင် အမှု ကြေအေး လက်မှတ် ပြန်ရုပ်သိမ်း ”””

Labels:

ညီနောင် စတီးဆိုင်မိသားစုအိမ်မှ ထွက်ပြေးရင်း ဓာတ်လိုက်ကာ ဆေးရုံးတက်နေရသော အိမ်ဖော်မလေး မနှင်းနှင်းလှိုင်နှင့် ၄င်း၏အစ်မ မတင်တင်ဌေးတို့ အမှုကို ညီနောင်မိသားစုမှ ငွေပေးကြေအေးထားမှုနှင့် ပတ် သက်၍ ကျူးလွန်ခံရသူ မိသားစု၏ ဆွေမျိုးများနှင့် ရွာသူ/ရွာသားများက မကျေနပ်ကြသောကြောင့် 19-11-2012-ရက်နေ့မှ မိခင်ဒေါ်ခင်မာရီ ကိုယ်တိုင် ပြန်ရုပ်သိမ်းခဲ့ခြင်း ဖြစ်ပါတယ်။
         
မိခင် ဒေါ်ခင်မာရီဟာ သမီးအကြီးဖြစ်သူ မတင်တင်ဌေး အကြိမ်ကြိမ် လိင်ကိုင်ခိုင်းခံရတာကို စရံငွေကျပ် ဆယ်သိန်း အမှုပြီးလျှင် နောက်ထပ်ငါးသိန်း စုစုပေါင်းဆယ့်ငါးသိန်းနှင့် ကြေးအေးလက်မှတ် ထိုးပေးခဲ့တာ ပါ။ ကျူးလွန်ခံရသူ မတင်တင်ဌေးကိုယ်တိုင်ကလည်း အတူ ကြေအေးပေးခဲ့တာပါ (လက်မှတ်မထိုး တတ် လို့ လက်ဗွေနှိပ်ပေးခဲ့တာပါ။)
          
အဲဒီဖြစ်ရပ် ရွာကသိသွားပြီး ရွာဘုန်းကြီးရော၊ မိသားစုပါ၊ သဘောမတူကြ လို့ ငွေပြန်ပေး ခိုင်းကြ လို့ ကြေေ အး မှုကို ပြန်ရုပ်သိမ်းခဲ့ရခြင်း ဖြစ်ပါတယ်။
          
ရပ်ကွက်တရားရုံးမှာ လက်မှတ်သွားထိုးရာ နှစ်ရုံးတိတိ ငြင်းပယ်ခံရပြီး သုံခုမြောက်ရုံးရောက်မှ လက်မှတ် ထိုးခွင့်ရကြောင်း၊ ရှေ့နေဒေါ်ခင်နီနီစိုးနှင့် စာချုပ်လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း၊ စာချုပ်ကို တစ်စောင် တည်း ချုပ်ဆိုခြင်းမဟုတ်ဘဲ သမီးမတင်တင်ဌေးအတွက် တစ်စောင်၊ မိခင်ဒေါ်ခင်မာရီအတွက် တစ်စောင် စုစုပေါင်း နှစ်စောင်ထိုးပေးခဲ့ရခြင်း ဖြစ်ကြောင်း၊ တစ်စောင်လျှင်ငွေကျပ်(၁၅)သိန်း ပုံစံရေး ထားသော် လည်း နှစ်စောင်ပေါင်းမှ(၁၅)သိန်းသာ ဖြစ်ကြောင်း၊ ကြေအေးလက်မှတ်ပြန်ရုပ်သိမ်းသွားလို့  မူဆ လင် လင်မယားနှစ်ယောက် ငိုသံပါကြီးဖြင့် ခြေသလုံးဖက်တောင်းပန်ကြကြောင်း၊ မျက်ရည်တော့ မကျကြောင်း ၊ ပြောပြ၍ သိရပါတယ်။

0 comments: