Pages

Saturday, November 3, 2012

*** မြန်မာ ***

တောင်ပြာတန်းတွေဆီက မြူတွေလွင့်ပျံလာရင် လွမ်းစိတ်တွေ လိုက်မပါသွားဖို့ သိမ်းထားကြတယ်
စစ်မြေပြင်က အသက်တစ်ချောင်း ကံမကောင်းရင် မြေခနိုင်မှန်းလည်းသိကြတယ်
တစ်ခါတစ်ခါကျ မိဘရင်ခွင် ပြန်ဝင်ချင်သလို
သားလှလေးရဲ့ပါးပြင် အကျွမ်းတဝင် နမ်းချင်သေးတာပေါ့

ဆန္ဒနဲ့ဘဝ နပမ်းမှာ
အလွမ်းဆိုတာပန်းတွေလိုနွမ်းလျှ
ကြွေမကျခင် အသာယာ သိမ်းလို့
အမိမြေကာကွယ်ဖို့ စိတ်တွေသာ လွှမ်းစေ
သူတို့ရဲ့ အလွမ်းဘယ်သူတွေမှန်း ဆကြည့်ဖူးလည်း
လူအမမြင်ကြမ်းပေမဲ့ နှလုံးသားနုပါတယ်
ပင်ပန်းဆင်းရဲမှုကို အန်တုရင်ဆိုင်ရင်း
ဇွဲ လုံ့လ ဝရိယအပြည့်နှင့်
အဖျက်ရန်တွန်းလှန်တိုက်ဖျက်
အမှန်တကယ် ကိုကျိုးမဖက်
တိုင်းပြည်နှင့်လူမျိုး အတွက်ပေးဆပ်လျှက်ပါ
ပစ်တိုင်းထောင် ဥပမာဆောင်ရလျှင်
အောက်ခြေက ခဲလုံးရယ်ကြောင့်
လက်မထောင်နိုငိခဲ့ပေမယ့်
ခဲလုံးလေးလို အောက်ခြေကနေပေးမဲ့သူတွေပါ။

ကို့ဌာနေ လုံခြုံဖို့
သတ်မှတ်နယ်တိုင်း အုတ်တံတိုင်းကာရံ
ခန္ဓာကို ကိုအုပ်တစ်ချပ် လိုဝင်ရပ်မဲ့သူပါ
ဒီလိုမျိုး သတ္တိဘယ်သူတွေရှိလည်း

ချောမွေ့ဆင်ပြေ လျှောက်လှမ်းစေဖို့
လမ်းဟောင်းကိုပြင် လမ်းသစ်ထွင်သူတွေ

တစ်တောဝင်တစ်တောင်တက်
ကျောပိုးအိပ်ထဲက ရိက္ခာ ထက်လေးနက်တဲ့တာဝန်တွေ
အမိမြေကာကွယ်ဖို့
သက်စွန့်ကြိုးပမ်း စစ်ချီလမ်းတစ်လျှောက်
မိုးရေရောယှက် သူတို့ချွေးစက်ကို
ဘယ်သူမြင်နိုင်မှာလည်း

လမ်းပြကြယ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

*** မြန်မာ ***

Labels:

0 comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။