Pages

Wednesday, November 7, 2012

“““ ပြောင်းလဲ တတ်တဲ့ အမေ့ကို ကြောင် ဘယ်လိုမှ နားမလည် ”””

“ လွတ်လပ်စွာ ပြောဆိုခွင့် ၊ လူတယောက်ဟာ သူ့ရဲ့စိတ်ထဲမှာ ရှိတာကို လွတ်လွတ်လပ်လပ် ပြော ဆို တာဟာ တခြားသူတွေကို စော်ကားတာ မဟုတ်ဘူး။ အဲဒါဟာလည်း ဒီမိုကရေစီရဲ့ အခြခံစည်းမျဉ်း ဥ ပဒေ ပဲ ဖြစ်တယ်” ဟု သူက ပြောသည်။ “ ဒါကြောင့် ကျမဟာ ဒီမိုကရေစီကို ယုံကြည်တဲ့အတွက် ကျမ သုံး ချင် တဲ့ အတိုင်း သုံးစွဲခွင့်ရှိတယ်လို့ ယူဆပါတယ်။”

ဒီလိုနာမည်သုံးရာမှာလည်း ဥပမာဆိုရင် ကျွန်မတို့ အင်္ဂလန် အင်္ဂလန်လို့ခေါ်နေတာ တကယ်တော့ သူ တို့  ရဲ့ တရားဝင်နာမည်က United Kingdom ပါ။ ဒါပေမဲ့ ကျွန်မတို့ ဒီလိုပဲပြောတာပဲ။ အင်္ဂလန်လို့ လည်းပြော တာ ပဲ၊ ဗြိတိန်လို့လည်း ပြောတာပဲ။ UK လို့ တကယ်တော့ အမှန်ပြော ခဲတယ်။ ဘယ်သူ့ မှလည်း ဒါကို မပြောကြပါဘူး။ ကိုယ်သင့်တော်သလို ခေါ်တာပေါ့နော်။ ဥပမာ ပြင်သစ်မှာဆို ရင် မြန် မာနိုင်ငံကို ဗျူမာ နီး လို့ ပြောတယ်။ ဒါသူတို့ ပြင်သစ်စကားလေ။ ကျွန်မတို့က ပြင်သစ်နိုင်ငံ ကို ပြင် သစ် လို့ခေါ်တယ်။ ဘာလို့ လား ဖရွန့်စ်လို့ မခေါ်သလဲ။ ပြင်သစ်ကလည်း သူတို့က ကျွန်မတို့နိုင်ငံကို ဗျူမာနီးလို့ခေါ်တယ်။ ပြင်သစ်ကလည်း လာပြီးတော့ ငါတို့နိုင်ငံကို ဘာလို့ လားဖရွန့်စ်လို့ မ ခေါ်တာ လဲ ဆိုပြီးတော့ မပြောပါဘူး။ ဒါတွေဟာ ဒီမိုကရေစီရဲ့ အခြေခံ သဘောတရား တွေနဲ့ ဆိုင်တယ်လို့ ကျွန်မ ထင်တယ်။

- ဒေါ်အောင်ဆန်းစုကြည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်
၂၀၁၂ ဂျူလိုင် ၃ ရက်

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒါမိဘတွေက မသင်တာပဲ။ ဒါက ပညာရေးမှာ ကျောင်းကကို သင်သွားမှာ။ ဥပမာဆိုရင် ကု လားပေါ့နော် ။ ကျမတို့ မိတ်ဆွေတွေက ဒီလို ကုလားလို့ခေါ်တာ မကြိုက်ဘူး ဆိုတာ ကျမ သိတယ်။ ကျမ ဘယ်တော့မှ မခေါ်ဘူး။ ကျမက အိန္ဒိယမျိုးနွယ်လို့ခေါ်ရင် ခေါ်တယ်။ မုစ်လင်မ်လို့ ခေါ် ရင်ခေါ် တယ်။ ဘာသာရေးအရ ဟိန္ဒူလို့ခေါ်ရင် ခေါ်တယ်။ ဒီဘာဖြစ်လို့ သူတပါးမကြိုက်တဲ့ အသုံးအနှုန်းကို သုံးကြရတာလဲ။ ကိုယ်မကြိုက်တဲ့အသုံးအနှုန်းကို သုံးရင် ကိုယ်ဘယ်လို ထိခိုက်မလဲ၊ ကိုယ်ချင်း စာတဲ့ စိတ် ရှိသင့်ပါတယ်။ အဲဒီလို ကျမကတော့ အားလုံးကို ကိုယ်ချင်းစာတဲ့စိတ် ရှိစေချင်တယ် ။ နောက် ပြီးတော့ တစ်ပါးသူကို စော်ကားပြီး ပြောတာဟာ ကိုယ့်သိက္ခာကျတယ်ဆိုတာလဲ နည်းနည်းလေးတော့ စဉ်းစားစေချင်ပါတယ်။ ဒါသိက္ခာမဲ့တဲ့သူတွေသာ သူများကို စော်ကားပြီးတော့ ပြောတာ။ အဲဒီလို မသင် တာဟာ မိဘတွေကလဲ မသင်တာပါတယ်။ ဆရာ၊ ဆရာမတွေကလဲ မသင်တာပါတယ်။

- ဒေါ်အောင်ဆန်းစုကြည်

၂၀၁၂ ခုနှစ်၊ အောင်တိုဘာလ (၂) ရက်
အယ်လ်အေမြန်မာများနှင့် တွေ့ဆုံနှုတ်ဆက်ပွဲ

မဟာကြောင်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ပြောင်းလဲ တတ်တဲ့ အမေ့ကို ကြောင် ဘယ်လိုမှ နားမလည် ”””

Labels:

0 comments: