သူငယ်ချင်း.......
မင်းတို့ သိတာ ရွေရောင်အပွင့်လေးဘဲ
ဒီရွေရောင်လေး တွေ မတောက်ပဘဲ
ကြွေကြွေ သွားကြတတ်တယ်.......
သူငယ်ချင်း.......
မင်းတို့ မြောက်ကြွားကြွားနဲ့ အပြင်မှာတွေ့ မယ်
မာန်တတ်နေမယ်လို့ ထင်ရင်ထင်မယ် မဟုတ်ဖူး
ငါတို့  ကိုယ်က စစ်ပုံကျနေတာ........
သူငယ်ချင်း.......
ဒီအပွင့်တွေ မင်းတို့ သောက်တဲ့ဘီယာတဝိုင်းစာ
မရှိဖူး မှန်ပါတယ် ဒါမဲ့ ငွေကြေးရဲ့နောက်က
သူထမ်းဆောင်ရတဲ့ တာဝန်တွေရှိတယ် ....
သူငယ်ချင်း........
ကောင်မလေးတွေ ကြိုက်ကြတယ် ဒီအဆင်လေးကို
ဒါမဲ့ ပါရမီ ဖြည့်ဘက်ဆိုတဲ့ ချစ်သူ ဇနီး ဖြစ်ပြီးမှ
ကြွေလို့ ငိုနေရတာတွေ ရှိတယ်........
သူငယ်ချင်း........
စစ်ဆိုရင် ရေတောင်စစ်မသောက်ချင်ဖူးလို့ ပြောမယ်
သိတယ် ကြမ်းတမ်းမယ် သေမယ်ဆိုတာတွေကို
ဒါမဲ့ ဒီပြည် တွက် အပွင့်တွေ အခက်တွေရှိနေရတယ်.....
သူငယ်ချင်း........
မင်းတို့ ဝတ်တဲ့ အဝတ်စားတန်ဖိုးနဲ့  ဆယ်ဆ ကွာလိမ့်မယ်
ဒါမဲ့ ဒီယူနီဖောင်း ကို ဝတ်မိမှ တိုင်းပြည်တွက် လိုအပ်ချက်
လုပ်ပေးသင့်တာတွေ ပိုသိလာရတယ်......
သူငယ်ချင်း .......
အပွင့်အခက်ကြီးတွေနဲ့  စစ်ကားတန်းကြီးတွေ အားအင်
အပြည့် စိုးရိမ်ပူပန်မှုမရှိတဲ့ သူတို့ ပုံတွေ မြင်ခဲ့လိမ့်မယ်
ဒါမဲ့ တနေရာမှာ သူ့ မိဘ သူ့ မိသားစု ပူပန်နေတယ်.....
သူငယ်ချင်း.......
ကုန်ကုန်ပြောရရင်ကွာ လူတွေက ဒီအပွင့်လေးတွေရဲ့
အရှေ့ ကို ဘဲသာမာန် ကြည့်ကြမိတာ သူတို့ မှာ
ကြီးလေးတဲ့ တာဝန်တွေရှိတာကို မမြင်ကြဖူး.....
သူငယ်ချင်း.......
ဒါတွေ ဘယ်လိုကွာခြားနေလဲ ငါတို့ လည်း သစ္စာလေးချက်
တိုင်းပြည်တွက် အသက်ကို အပ်နှံပေးပြီးမှနှစ်နှစ်ကာကာ
သိလာတာ တကယ်တော့ ချိုမလိုနဲ့ ခါးပါတယ်.....
သူငယ်ချင်း........
ဒီခါးစိမ့်စိမ့် ဒဏ်တွေကို ငါတို့ တွေသိလာလေလေ
အမိမြေကို ကာကွယ်ဖို့ ပိုတွေးခဲ့မိလေပါဘဲ
ဒါတွေကို ပခုံးပေါ်က ကြယ်ပွင့်လေးတွေအသိဆုံးပါ။
လေးစားစွာဖြင့်
ဖိုးသားလေး
Right!
ReplyDeleteRight!
ReplyDelete