မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေ့ရှ်ကို ရောက်ရှိနေတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ပြန်ယူဖို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက မြန်မာ သံအမတ်ကြီးကို မနေ့က ထုတ်ဖေါ် ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဆိုင် ဒါ မူဒါ တာဆနိမ်နဲ့ မနေ့က နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တွေ့ဆုံစဉ် ခုလို ပြောဆိုလိုက်တယ်လို့ ဆိုပါ တယ်။
ဘင်္ဂလာဒေ့ရှ် နိုင်ငံက နော်ယာပါရာနဲ့ ကူတို့ပလောင် ဒုက္ခသည် စခန်းတွေမှာ ယူအန် အသိအမှတ်ပြု မြန် မာ နိုင်ငံက မွတ်ဆလင် ဒုက္ခသည် ၂၉၀၀၀ ရှိတဲ့ အထဲက ၂၄၁၅ ဦးကို မြန်မာဘက်က ပြန်ယူဖို့ သဘောတူ ထားခဲ့တယ်လို့ ပြောပါတယ်။
အဲဒီအထဲက မိသားစု (၁၀) စုကတော့ မိမိဆန္ဒနဲ့ အညီ မြန်မာပြည်ကို ပြန်မယ်လို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။
လာမယ့် UNHCR နဲ့ ပြုလုပ်မယ့် အစည်းအဝေးမှာ မြန်မာကို ဘင်္ဂလာဒေ့ရှ်က ထောက် ခံသွားမယ် လို့ ပြော ပါတယ်။ ဒါ့အပြင် ဘင်္ဂလာဒေ့ရှ်အနေနဲ့ အိုအိုင်စီနဲ့ ယူအန် လူ့အခွင့်အရေး ကောင်စီ ( UNHRC) မှာလည်း မူအားဖြင့် ထောက်ခံမူ ပေးသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံ အနေ နဲ့ စီးပွားရေးကို မြင့်တင် လုပ်ဆောင်သွားဖို့ ဘင်္ဂလာဒေ့ရှ်ဘက်က မနေ့က တွေ့ဆုံပွဲမှာ ပြောတယ်လို့ သိရပါတယ်။
မြန်မာ သံအမတ်ကြီးကလည်း မြန်မာ အစိုးရ အနေနဲ့လည်း ပြန်လည် လက်ခံယူရေး အစီအစဉ် ကို ပြန် စနိုင်အောင် ကြိုးစားနေတယ်လို့ ပြောဆိုပါတယ်။
အခုအခါ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး သူတို့ဟာ မြန်မာနိုင် ငံသား လား၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလာတာလား စသဖြင့် မေးခွန်းတွေနဲ့ အတူ နိုင်ငံသား ဖြစ်ရေး၊ မဖြစ်ရေးနဲ့ စ တဲ့ ငြင်းခုံမူတွေ ဖြစ်ပေါ်နေချိန်မှာ ဘင်္ဂလာဒေ့ရှ်ဘက်ကလည်း သူတို့ နိုင်ငံထဲ ရောက်ရှိနေတဲ့ ဒုက္ခ သည်တွေ မြန်မာကို ပြန်လည်ပို့ ဆောင်နိုင်ရေးကို တွန်းအားပေး လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
Narinjara
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။