Pages

Wednesday, November 21, 2012

“““ ကျောက်တော် မြို့နယ် အတွင်း နိုင်ငံသား ကတ်ကိုင်ဆောင်ထား သည့် ဘင်္ဂါလီ လူမျိုး မရှိ ”””

ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် ဆောင်ရွက် လျက်ရှိရာ ကျောက်တော်မြို့ နယ်တွင်း၌ တ ရားဝင် နိုင်ငံသား ကဒ်ဆောင်ထားသော ဘင်္ဂါလီ လူမျိုးများ မရှိကြောင်း ကျောက်တော်မြို့နယ် လူဝင် မှု ကြီးကြပ်ရေးမှ အရာရှိ က ထုတ်ဖော် ပြောကြားသည်။

၁၉၆၀ ခုနှစ်မတိုင်ခင်ကာလတွင်း ၀င်ရောက်လာသော တိုင်းရင်းသားမဟုတ်သည့် မျိုးနွယ် စုများသည် အ မျိုးသား မှတ်ပုံတင်ကတ်များ သာကိုင်ဆောင်ခွင့်ရရှိခဲ့ပြီး ၁၉၆၀ နောက်ပိုင်း ၀င်ရောက်လာသူများအ တွက် မြန် မာနိုင် ငံတွင်း နေထိုင်သူအဆင့်သာရှိသော အဖြူရောင်ကတ် အမျိုးအစားများ သာ ပေးအပ် ထားကြောင်း သိရသည်။

“ဒီမြို့နယ်မှာ နိုင်ငံသားကတ် ပေးထားတဲ့ ဘင်္ဂါလီလူမျိုး မရှိဘူး။ နေထိုင်သူအဆင့်ဘဲရှိတဲ့ အဖြူကတ်ပေး ထားတဲ့ ဘင်္ဂါလီ တွေပဲရှိတယ်။

၈၂ ဥပဒေတိုင်း ထုတ်ပေးစဉ် က ပြုလုပ်ခဲ့တာပါ၊ဘာကဒ်မှ မကိုင်ထားတဲ့သူတွေတောင် အများကြီးပါ၊ ရွာ တိုင်းလို လိုအဖြူ ကတ် မကိုင်နိုင် တဲ့သူ တွေအများကြီးဘဲ” ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံတွင်း နေထိုင်သူအဆင့်သာရှိသော အဖြူရောင် ကတ်အဆင့်အား ၂၀၁၀ ရွေးကောက်ပွဲ ကာလ အတွင်း မဲပေး နိုင်ရန်အတွက် လ.၀.က မှ ရွာအများစု တွင်ကွင်းဆင်းလုပ်ကိုင်ပေးသော် လည်း နောက် ပိုင်းအချိန်များတွင် ရုံးသို့ သက်ဆိုင်ရာ ၏ထောက်ခံချက်များဖြင့်သာ ပြုလုပ်ပေးကြောင်းသိရသည်။

ဘင်္ဂါလီများတွင် နိုင်ငံသားပြု့ခွင့်ရရှိသောကတ်နှင့် ဧည့်နိုင်ငံသားကတ် များ လည်း ပေးအပ်ထားခြင်း မ ရှိကြောင်းနှင့် ဟိန္ဒိုဘာသာဝင်များသာ ဧည့်နိုင်ငံသားကတ် ပေးအပ်ထားကြောင်း သိရသည်။

“အခု စစ်ဆေးမယ်ဆိုရင် အဖြူရောင်ကတ်ကိုင်ထားတဲ့သူတွေလဲ ရထားတဲ့နောက်ကြောင်း ရာဇ၀င်အ ကုန်ပြန် လိုက်ပြီး စစ်ဆေးမှာပါ။

ဘာမှမကိုင်ထားတဲ့သူကော ဥပဒေလမ်းကြောင်းအတိုင်းသွား ရမယ်။ဒီလိုမှဘာ မှအကြောင်းမပြလာဘဲ ခိုး ၀င်လာ တဲ့သူဆိုရင် ဥပဒေအတိုင်းနှင်သင့် ရင်နှင်မယ်။အရေးယူမယ်” ဟု အထက်ပါ လ.၀.က မှအရာ ရှိ က ပြောသည်။ “ဒီမှာက ဘင်္ဂါလီလူမျိုးတွေရဲ့ လူဦးရေတိုးပွားနှုန်း ကလဲအရမ်းများတယ်။ ထိန်းချုပ်တဲ့စနစ် လဲမရှိဘူး၊အရင်က အတူယှဉ် တွဲနေထိုင်ကြပေမယ့် အခုအချိန်မှာ ပဋိပက္ခဖြစ်လာတဲ့အတွက် ယှဉ်တွဲနေ ထိုင် ဖို့လဲမဖြစ်ဘူး။ တရားမ၀င်ခိုးဝင်လာတဲ့သူတွေက အများကြီး ဒါတွေကို သေချာပြန် စိစစ်မယ်ဆို ရင်ေ တာ့ ဒီမှာရှိတဲ့ ဘင်္ဂါလီလူဦးရေ အတော်ကလေးလျော့ကြသွားနိုင်တယ်” မြောက်ဦးမြို့နယ်တွင်းနေထိုင်သူ ၀ံလက်ဖောင်ဒေးရှင်းမှ ဦးအောင်စိုးမြင့်က ပြောသည်။

ကျောက်တော်မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဌာန၏စာရင်း အရ ကျောက်တော်မြို့နယ်တွင်း အိမ်ထောင်စု ၃၉၀၀၀ ကျော် ရှိကြောင်းနှင့် တရားဝင်လူဦးရေမှာ ၂ သိန်း ၁ သောင်းကျော်ခန့်သာ ရှိကြောင်းသိရသည်။

စူးရှ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ကျောက်တော် မြို့နယ် အတွင်း နိုင်ငံသား ကတ်ကိုင်ဆောင်ထား သည့် ဘင်္ဂါလီ လူမျိုး မရှိ ”””

Labels:

0 comments: