Pages

Friday, November 23, 2012

“““ ဒီမိုကရေစီ နှင့် ထိန်းသိမ်းမှု ”””

လူတွေ တော်တော်များများဟာ သိပ်ကို စိတ်ပျက်ဖို့ကောင်းကြပါတယ်။ သူများမိုးရွာရင် လိုက်ရွာပြီး သူများ ငိုရင် လိုက်ငိုတဲ့လူ တော်တော် များတယ်။ သူတို့တွေဟာ ဘာမှမသိဘဲ လူအုံရင် မြွေပွဲပြတာကိုပဲ လိုက် ကြည့်တတ်ကြတယ်။ ဒီမြွေတော်တယ်လို့ တစ်ယောက်ပြောရင် လိုက်တော်တယ်။ ဒီမြွေကိုက်ရင် မသေေ အာင် ဆေးရောင်းလို့ တစ်ယောက်က၀ယ်ရင် လိုက်ဝယ်တယ်။ မြွေစွယ်ကျိုးနေလား၊ အဆိပ်ထုတ် ထား လား၊ အ၀တ်နီမြင်ရင် မကိုက်ရဲအောင် ရိုက်ထားလား ဘာမှမတွေးဘူး။ မစဉ်းစားဘူး။

ဒီလိုပါပဲ။ သူများက တစ်ယောက်လောက်က ဒီလို့အော်ရင် လိုက်ပြီး ဒီကြတယ်။ ဒီမိုကရေစီဆိုတာ သူတို့ ဘာမှ မသိဘူး၊ နားလဲမလည်ဘူး။ ဘယ်လည်မလဲ။ ကိုယ့်ဟာကိုယ်မလေ့လာဘဲ တစ်ခုခုဆို အများရှေ့မှာ တစ်ယောက်ကပြောတာကို လိုက်ယုံတယ်။ သေတဲ့အထိ အဲ့ဒီပြောတဲ့လူကို ဘုရားလိုကိုးကွယ်တယ်။ အဲ့ လို လုပ်နေသရွေ့ သေတောင် ဒီမိုကရေစီရဲ့ သဘော၊သဘာဝကို သိမှာမဟုတ်ဘူး။

သူတို့သိတာ ဒီမိုကရေစီဆိုတာ ကိုယ်ပိုင်လွတ်လပ်စွာ လုပ်ပိုင်ခွင့်တဲ့။ ဒါမဟုတ်ဘူးတော့ မဟုတ်ပါဘူး။ တစ်စိတ်လေးပဲ မှန်တာပါ။ ကိုယ့်ကိုယ်ကို အစိုးရအောင် အုပ်ချုပ်နိုင်မှဖြစ်တာပါ။ ကိုယ့်စီးပွားကိုယ်ရှာ၊ အဲ့ဒီ စီးပွားကို သေချာထိန်းသိမ်း၊ အဲ့ဒီလစာကို ၀င်ငွေထွက်ငွေမျှအောင်လုပ်၊ အပိုငွေရအောင်စု၊ တစ်လကုန်ရင် တိုးတက်မှုရှိအောင် အဖတ်တင်မဲ့ဟာကြီးကြီးမားမားတစ်ခုဝယ်။ ဒါမှ သူလုပ်ရတာနဲ့တန်အောင်၊ ကြိုးစား ရ တာနဲ့တန်အောင် စုမိမှာပါ။ ဒီလိုပါပဲ။

ဒီလိုလုပ်တတ်တဲ့သူဟာ တွေးတတ်၊ ခေါ်တတ်ပါတယ်။ အဲ့လိုဆိုရင် တွေးတတ်ရင် သူ့ကို ဘယ်သူအုပ် ချုပ် ရင် စီးပွားပိုတက်မလဲ၊ တရားဥပဒေမှာလဲ ပိုပြီး ငြိမ်ဝပ်ပိပြားနိုင်မလား၊ ဘယ်သူအုပ်ချုပ်ရင်ဖြင့် သူလို အပ်တာတွေ ပေးနိုင်မလဲ။ ဒါတွေကို သူတွေးတတ်လာပါတယ်။ အဲ့ဒီလိုနဲ့ နိုင်ငံအုပ် ချုပ်သူရွေး ချယ်တဲ့ အ ခါမှာ မဲပေးတယ်ဆိုတာ ဖြစ်လာပါတယ်။

မှတ်မိကြမှာပါ။ လွန်ခဲ့တဲ့၎နှစ် အိုဘားမားဝင်ရောက်ရွေးချယ်ခံတုန်းက.... သူနဲ့တူတူ အခုရွန်နေး လိုမျိုး မဲ အပြိုင်တက်လာတဲ့ အမျိုးသမီး တစ်ဦးရှိပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်လာတဲ့အခါ အဲ့ဒီအမျိုးသမီးဘာလို့ မဲပြတ်နဲ့ရှုံးသွားလဲရော မှတ်မိလား။ သူ့သမီးက ၁၇နှစ်နဲ့ ကိုယ်ဝန်ဆောင်ထားတယ်လေ ။ ပြည်သူတွေတွေး တာပေါ့။ သူ့သမီးတစ်ယောက်ကိုတောင် မထိန်းနိုင်တာ ငါတို့ကို ဘယ်လိုထိန်းမလဲတဲ့။ ဟုတ်တာပေါ့။

ဒီမိုကရေစီက လွတ်လပ်စွာလုပ်ပိုင်ခွင့်တဲ့။ အဲ့ဒီလို အော်ဟစ်ပြီး လူရှေ့သူရှေ့အရှက်မရှိတဲ့ပုံစံတွေနဲ့ ထွက် လာတယ်။ အရှက်မရှိ တဲ့အပြုအမူ တွေ လုပ်လာတယ်။ သင်္ကြန်မှာ ပိုးစိုးပက်စက်သောင်းကျန်းပြီး ငါဟာ ဒီမိုကရေစီနိုင်ငံသားလို့ အော်တယ်။ လူကြားထဲ မှာ အရှက်မရှိတဲ့၊ မလုံခြုံတဲ့ အ၀တ်တွေဝတ်ပြီး ငါဟာဒီမို ကရေစီနိုင်ငံမှာ နေတဲ့အမျိုးသမီးလို့ အော်တယ်။ ပြောပြတာနောင်။ ဖြစ်သင့်ရဲ့လား။

အမေရိကန်လဲလူ၊ ကျွန်မတို့လဲလူပါပဲ။ သူတို့လဲ အစာစား၊ အသက်ရှူသလို ကျွန်မတို့လဲ အစာစားအ သ က် ရှူ ပါတယ်။ သူတို့တွေးသလို ကျွန်မတို့တွေးတတ်ပါတယ်။ မတူတာတစ်ခုက အမေရိကန်နိုင်ငံ သားေ တွ ဟာ အပြည်ပြည်ဆိုင်ရာမှာ လူ့အခွင့်အရေး ကာကွယ်ခွင့်နှင့် လုံခြုံရေးကို အပြည့် ရထားတဲ့ သူ တွေပါ။ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ AMERICAN ONLYဆိုတဲ့ Immigration တွေ တွေ့ ရပါ တယ်။ ဂျေ လိုတစ်ယောက် လိုခဲ့တဲ့ ၆နှစ်က အိမ်ဖော်ကို လက်ကိုင်ဖုန်းနဲ့ကောက်ပေါက်လို့ ဒေါ်လာ လေးေ သာင်းေ လျာ် လိုက် ရပါတယ်။ အိမ်ဖော်တောင် ဒီလောက်အခွင့်အရေးရရင် ခေါင်းဆောင်ဆို ဘယ်လိုဖြစ် မ လဲ တွေး ကြည့်ပေါ့။

အမေရိကန်တွေ အဲ့ဒီလောက်ကြီးကျယ်တော့ သူတို့နိုင်ငံခေါင်းဆောင်ကို ဘယ်လောက်သည်းသည်း လှုပ် မလဲ တွေးကြည့်ပါ။ အဲ့ဒါကိုပဲ ၀ါဒဖြန်တဲ့သူတွေက လုံခြုံရေးစောင့်ကြပ်တဲ့ စစ်ဗိုလ်တွေကို အိုဘားမားရဲ့ သက်တော်စောင့်တွေက ပယ်ပယ်နယ်နယ်စစ်ဆေးနေတာပဲ ပြောနေကြတယ်။ လေဆိပ်မှာ ကြိုဆိုတဲ့ မိန်း ကလေးတွေ၊ ချိတ်ထဘီနဲ့ ဗမာအင်္ကျီဝတ်စုံနဲ့ မကြိုခင်မှာလဲ အဲ့ဒီလို ခြေကား၊လက်ကားပြီး အစစ်ခံရ တာ ပဲ။ အဲ့ဒါကျတော့ မပြောဘူး။ ဒါကတော့ ထားပါတော့။ သူတို့က ဘာမှကိုယ်ကျင့်တရားထိခိုက်မခံရဘူး။

ဘာလုံခြုံးရေးနဲ့မှမဆိုင်တဲ့ အနမ်းကြတော့ရော... ဒါကျတော့ ပြောမဲ့လူမရှိဘူးလား။ ကျွန်မကတော့ ပြော မိပြန် ပါပြီ။

ဘယ်လောက်ပဲ ခေတ်မီပါတယ်ပြောပြော မြန်မာဟာ မြန်မာပါပဲ။ ဘယ်လောက်ပဲ ဒီမိုကရေစီရပါ တ ယ်ပြောပြော မြန်မာအမျိုးသမီးတွေဟာ ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းရမှာပါပဲ။ ပခုံးကနေ ဒူးထိ လျှို့ ၀ှက်သင့်တဲ့အလှကို ဘယ်သူမှမမြင်အောင် လျှို့ ဝှက်ရမှာပါပဲ။ အိမ်ထောင်မပြုခင်ရော၊ အိမ်ထောင်ပြုပြီးေ ရာ မိမိရဲ့သွေးသားထိပိုင်ခွင့်ကို ခင်ပွန်းသည်အတွက်ပဲ သိမ်းစည်းထားရပါတယ်။ ခင်ပွန်းမရှိတော့တဲ့ အမျိုး သ မီးဟာလဲ တရားဝင်နောက်အိမ်ထောင်မပြုရင် ဘယ်သူစိမ်းယောက်ျားနဲ့မှ ကိုယ်လက်တောင် ထိခွင့်မ ရှိပ်ါဘူး။ အနာတရဖြစ်လို့ သူများထူတာကလွဲရင် ထိခွင့်မရှိပါဘူး။ တကယ်လို့ အဲ့ဒီလို ထိခဲ့မယ်ဆိုရင် သူ ယုတ်မာအဖြစ် သမုတ်ခံရပါတယ်။

ကျွန်မကို ငယ်ငယ်ထဲက ကျွန်မမိဘက ကုလားကို ကုလားလို့မခေါ်နဲ့၊ တရုတ်ကို တရုတ်လို့ မခေါ်နဲ့လို့ ဘယ်တုန်းကမှ မသင်ပါဘူး။ ကိုယ့်အသားကို ကိုယ့်အမျိုးမဟုတ်တဲ့ယောက်ျားက လာထိရင် မခံနဲ့၊ ပါးစပ် နဲ့ပြောမရရင် လက်နဲ့ဆော်ထည့်၊ တီးထည့်လို့ပဲ သင်ပါတယ်။ တကယ်လဲ ပြောသလို ကျွန်မနေပါတယ်။ 17နှစ်တုန်းက ယောက်ျားတစ်ယောက် လက်လာကိုင်လို့ ခေါင်းကွဲအောင်၊ အဲ့ လူသွေး ချင်း ချင်းဖြာ ထွက် အောင် ချိုင့်နဲ့ရိုက်ဖူးပါတယ်။ အလုပ်ဝင်ပြီး မကြာခင်မှာလဲ ဆရာလိုရိုသေမိတဲ့လူတစ်ယောက် ပခုံး ကို လာထိလို့ ခွက်နဲ့ ကောက်တီးဖူး ပါတယ်။

အဲ့ဒီလို ဆော်ပလော်တီးလို့ ကျွန်မကို ဘယ်သူကမှ မိမဆုံးမ၊ ဖမဆုံးမလို့ မပြောပါဘူး။ ကုလားကို ကုလား လို့ခေါ်လို့လဲ ဘယ်သူကမှ အပြစ်မပြောပါဘူး။ အဲ့တော့ အနမ်းခံမှ ဒီမိုကရေစီ နိုင်ငံသူ စစ်မှန်မယ်ဆိုရင် .....

သြော်... ငါဟာ ဒီမိုကရေစီ နဲ့ တစ်လမ်းစီပါလား .....

Honey Hanni

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ဒီမိုကရေစီ နှင့် ထိန်းသိမ်းမှု ”””

Labels:

0 comments: