Pages

Wednesday, November 7, 2012

““ ပြောမှပြောတတ် ပလေတယ် အန်တီစု ရယ် ””

ရခိုင်အရေးတွင် အဓိကတာ ဝန်ရှိသူသည် အစိုးရဖြစ်ကြောင်းနှင့်သာမန်အခြေအနေသို့ပြန်လည် ရောက် ရှိ ရန်အရေးကြီးကြောင်း ပြည် သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစု ကြည်က ယနေ့ကျင်း ပလျှက်ရှိသည့် ပြည် သူ့လွှတ်တော်အစည်းအဝေးခေတ္တ ရပ် နား ချိန်တွင် မီဒီယာများ ၏ မေးမြန်း မှု ကို ဖြေ ကြားခဲ့သည်။

ရခိုင်ပဋိပက္ခသည်အားလုံးညီညီညတ်ညွှတ် နှင့်နိုင်ငံပြဿနာအဖြစ်ရင်ဆိုင်ဖြေရှင်းလိုသောစိတ်များ မွေးမြူ ရမည် ဟုယုံကြည်ကြောင်း ကိုလည်းပြည် သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြော ကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ် စား လှယ် များနှင့်အတူတကွ ရခိုင်အရေးနှင့် ပတ် သက်၍ကြေညာချက် တစ်စောင်ထုတ်ပြန် သွား မည်ဖြစ်ပြီး အ ဆို ပါကြေညာ ချက် သည် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် စုပေါင်းကာ ထုတ်ပြန်သည့် ပထမ ဆုံးကြေညာ ချက်ဖြစ်ပြီး သဘောထား မှတ်ချက် အနေ ဖြင့် မပေးလိုကြောင်း၊ ဆွေးနွေးလျှက်ပင် ရှိနေ သည့် အတွက်တိုင်းရင်းသား များအလို ကျ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ရခိုင် အရေးကိစ္စ သည် လွယ် လွယ်ကူကူပြီးဆုံး သွားမည်မဟုတ်သကဲ့သို့ လွယ်လွယ်ကူကူ ဖြေရှင်းလို့မရကြောင်း၊ ပထမဆုံး တ ရား ဥ ပဒေစိုးမိုးရေးနှင့် လုံခြုံရေး ကို ဂရုစိုက်ရ မည်ဖြစ်ရန်လိုအပ်ကြောင်း၊ ရခိုင်အရေး သည် တရာဥပဒေ စိုးမိုးမှုအခြေအနေပေါ် မူတည်ကြောင်း၊ သာမန် အခြေအနေမ ဟုတ် သည့်အတွက် အမြန်ဆုံးသာမန် အခြေအ နေရရှိရန် လိုအပ်ကြောင်း မီဒီယာများ က မေးမြန်းစဉ်ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ''ဥပဒေစိုးမိုးရေးဆိုတာက တရားရုံးတွေ တဆင့်သွားရမှာ။ဒါပေမယ့် လုံခြုံရေး တပ် တွေမှာလည်း တာဝန်ရှိတာပေါ့ ။ဒီလိုထူး ခြားတဲ့အခြေအနေတွေမှာ အဓိကက တော့ ရဲတပ်ဖွဲ့ တွေ က တရားဥပဒေစိုးမိုး ရေးနဲ့ပတ်သက်ပြီး အခြားအဖွဲ့တွေရဲ့အကူ အညီတွေတောင်း ရမှာပေါ့။ အရေးကြီး တာ ကသာမန်အခြေအနေ ကိုရောက်သွားဖို့ လိုပါတယ်''ဟုဆိုသည်။

နိုဝင်ဘာ(၅)ရက်နေ့ ညနေ တွင် အမျိုးသားဒီ မိုက ရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစု ကြည် နှင့် ပါတီ အသီးသီး မှတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် အဓိက ထားဆွေး နွေး ခဲ့သည့် ရခိုင်အရေး ကိစ္စနှင့် ပတ်သက်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်မည့် တွေ့ဆုံပွဲ ဆုံးဖြတ် ချက် ပေါ် မူတည်၍ မေးမြန်းကြစဉ် ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က အထက်ပါ အ တိုင်း ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

““ ပြောမှပြောတတ် ပလေတယ် အန်တီစု ရယ် ””

Labels:

0 comments: