မြစ်ကြီးနား-မန္တလေး ပြေးဆွဲသော ဆီသယ်ရထားသည် စစ်ကိုင်းတိုင်းဒေသကြီး
ကန့်ဘလူမြို့နယ် ချက် ကြီးကျေးရွာအနီးရှိ ချက်ကြီးဘူတာအဝင် ပွိုင့်ခွဲတွင်
ယနေ့ နံနက် ၁၀ နာရီခွဲက ဆီတွဲတိမ်းမှောက်ခဲ့ရာ ချက်ကြီးရွာသူ၊ ရွာသားများ
ဆီလုယက်ခပ်ယူကြရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၃၀
ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၈၄ ဦး ရှိသွားပြီဖြစ်ကြောင်း ၎င်းတို့ကို
ကယ်ဆယ်ရေးပြုလုပ်နေသော ကျွန်းလှမြို့ ဝေနေယျသုခ လူမှုကူညီရေးအသင်းမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
လူနာများကို ဆေးကုသရန် ကျွန်းလှဆေးရုံတွင် ခုတင်မလုံလောက်မှုကြောင့်
ကန့်ဘလူမြို့နယ် ဆေးရုံသို့ ၄၄ ဦးကို ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။
ကျွန်းလှမြို့နယ်မီးသတ်တပ်ဖွဲ့ကို မေးရာတွင် ယခုညနေအထိ
နောက်ဆုံးရစာရင်းများအရ သေဆုံးသူ ၂၇ ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ ၆၇ ဦး
ရှိသွားပြီဖြစ်ရာ ဒဏ်ရာရသူမှာ ကျား ၂၉ ဦးနှင့် မ ၃၈ ဦးဖြစ်ကြောင်း
မီး သတ်ဌာနမှ တာဝန်ရှိသူကပြောသည်။
အဆိုပါ ရထားဆီတွဲမှ တွဲနှစ်တွဲလဲကာ လယ်ကွင်းများထဲ ဆီများဖိတ်စဉ်ရာတွင်
ဒေသခံရွာသားများက လု ယက်ခပ်ယူရာမှ ကျန်ဆီတွဲတစ်တွဲပါ
မီးကူးစက်လောင်သွားခဲ့ခြင်းဖြစ်ကြောင်း ယင်းကပြောသည်။ မီးလောင် ရခြင်း၏
အကြောင်းရင်းကိုမူ အတိအကျ မသိရသေးပေ။
ယင်းမီးလောင်မှုကို ကျွန်းလှမြို့ရှိ ဝေနေယျသုခ လူမှုကူညီရေးအသင်း၊
မြတ်သုခအသင်း၊ ကန့်ဘလူ ကရု ဏာ ရှင်အသင်း၊ ထန်းကုန်းဗြဟ္မစိုရ်
လူမှုကူညီရေးအသင်း၊ ကောလင်းကရုဏာရှင်အသင်း၊ ကျွန်းလှမီး သတ် ဌာန၊
ကျွန်းလှမြို့ ဗုဒ္ဓရောင်ခြည်အသင်း၊ ထန်းကုန်းသုခကာရီအသင်း၊
ကန့်ဘလူမီးသတ်နှင့် ရဲဌာန များမှ ကယ်ဆယ်ရေးလုပ်ငန်းများ
ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
မီးမှာ လေးနာရီကြာလောင်ပြီး မွန်းလွဲ ၂ နာရီ ၁၀ မိနစ်မှသာ
ငြိမ်းသွားခြင်းဖြစ်ကာ ဒဏ်ရာရ သူနှင့် သေ ဆုံးသူများကို
ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ကျွန်းလှမီးသတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကျွန်းလှမီးသတ်ကို မေးရာတွင် ယခုညနေအထိ
နောက်ဆုံး ရစာရင်းများ အ ရ သေဆုံးသူ ၂၇ ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ ၆၇ ဦး
ရှိသွားပြီဖြစ်ရာ ဒဏ်ရာရသူမှာ ကျား ၂၉ ဦးနှင့် မ ၃၈ ဦးဖြစ်ကြောင်း
မီးသတ်ဌာနမှ တာဝန်ရှိသူကပြောသည်။
မောင်ကျောက်ခဲ
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။