Pages

Friday, November 23, 2012

“““ သံတွဲ - ရန်ကုန် ကားများ ပေါ်တွင် မွတ်စလင်များ မလိုက်ရ ”””

သံတွဲမြို့မှ ရန်ကုန်သို့ သွားသောအဝေးပြေး ခရီးသည်တင်ယာဉ် များတွင် အစ္စလာမ် ဘာသာ ၀င်များ မပါ ရှိစေ ရေး ကြပ် မတ်ရန် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှင့် မြို့နယ် မ.ထ.သ မှ ညွှန်ကြားချက် ထုတ်ပြန် လိုက်သည်။

ခရိုင် အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ယင်းညွှန်ကြားချက်အား မြို့နယ် မ.ထ.သ က နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် အဝေးပြေးကားလိုင်းများထံဆက်လက် အကြောင်းကြား ခဲ့ သည် ။ ဒေ သခံတစ်ဦးက“ လေယာဉ်နဲ့သွားမယ်ဆိုရင် ကားခထက် လေးငါးဆမက  ကုန်တာပေါ့၊ တော်ရုံနဲ့ ခရီး သွား ဖို့ မလွယ်တော့ဘူး” ဟုပြောသည်။ သံတွဲ- ရန်ကုန်ကားခမှာ ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် အထိဖြစ် ပြီး  လေယာဉ်ခ များမှာ မြန်မာ့ေ လကြောင်း ၄၈၀၀၀ ကျပ်နှင့် ကျန်ပုဂ္ဂလိက  လေကြောင်းလိုင်းများမှာ ၇၅၀၀၀ ကျပ်ဖြစ်သည်။
“တစ်ကယ် ဆိုရင် ကားလမ်း မှာ လုံခြုံမှု မရှိဘူးဆိုရင် အာဏာပိုင်တွေ က လုံခြုံရေး စီစဉ်ပေးသင့်တယ်” ဟု လည်း အခြားဒေသခံ တစ်ယောက်က  ပြောသည်။ အဆိုပါ ညွှန်ကြားစာ များတွင် မည်သည့် အကြောင်းကြောင့်ဟုမပါရှိပဲ  နောက်ထပ် ညွှန်ကြားချက် မရမီ အချိန် ထိ လိုက်နာ ရန်ဟုသာ ဖော်ပြ ထားသည်။

YPI

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ သံတွဲ - ရန်ကုန် ကားများ ပေါ်တွင် မွတ်စလင်များ မလိုက်ရ ”””

Labels:

သံတွဲမြို့မှ ရန်ကုန်သို့ သွားသောအဝေးပြေး ခရီးသည်တင်ယာဉ် များတွင် အစ္စလာမ် ဘာသာ ၀င်များ မပါ ရှိစေ ရေး ကြပ် မတ်ရန် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှင့် မြို့နယ် မ.ထ.သ မှ ညွှန်ကြားချက် ထုတ်ပြန် လိုက်သည်။

ခရိုင် အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ယင်းညွှန်ကြားချက်အား မြို့နယ် မ.ထ.သ က နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် အဝေးပြေးကားလိုင်းများထံဆက်လက် အကြောင်းကြား ခဲ့ သည် ။ ဒေ သခံတစ်ဦးက“ လေယာဉ်နဲ့သွားမယ်ဆိုရင် ကားခထက် လေးငါးဆမက  ကုန်တာပေါ့၊ တော်ရုံနဲ့ ခရီး သွား ဖို့ မလွယ်တော့ဘူး” ဟုပြောသည်။ သံတွဲ- ရန်ကုန်ကားခမှာ ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် အထိဖြစ် ပြီး  လေယာဉ်ခ များမှာ မြန်မာ့ေ လကြောင်း ၄၈၀၀၀ ကျပ်နှင့် ကျန်ပုဂ္ဂလိက  လေကြောင်းလိုင်းများမှာ ၇၅၀၀၀ ကျပ်ဖြစ်သည်။
“တစ်ကယ် ဆိုရင် ကားလမ်း မှာ လုံခြုံမှု မရှိဘူးဆိုရင် အာဏာပိုင်တွေ က လုံခြုံရေး စီစဉ်ပေးသင့်တယ်” ဟု လည်း အခြားဒေသခံ တစ်ယောက်က  ပြောသည်။ အဆိုပါ ညွှန်ကြားစာ များတွင် မည်သည့် အကြောင်းကြောင့်ဟုမပါရှိပဲ  နောက်ထပ် ညွှန်ကြားချက် မရမီ အချိန် ထိ လိုက်နာ ရန်ဟုသာ ဖော်ပြ ထားသည်။

YPI

0 comments: