Pages

Friday, November 23, 2012

“““ ပြည်သူ များကို သွေးထိုး ပေးနေသော မီဒီယာ များ သတိထား ”””

အခု စလောင်းလေးဖွင့်ပြီး မြန်မာပြည်ကလွှင့်တဲ့ မြ၀တီလိုင်း ကို ဖမ်းကြည့်နေတာ ဗျာ.. လွှတ်တော် ထဲ မှာ ဆွေးနွေး နေတာတွေ လွှင့်သွားတယ် . .. အရမ်းအရမ်း ကောင်းပါတယ် .. အဲ့ထဲမှာ စစ်တပ်ဖက်က အရာရှိ တယောက်တင်ပြသွားပါတယ်.. လက်ပံတောင်းကြေးနီစီမံကိန်းဆန္ဒပြနေတဲ့သတင်းပါ.. အဲ့ဒီ ဆန္ဒပြ တဲ့သတင်းတွေကို DVB , BBC , Irrawaddy သတင်းဆိုဒ်နဲ့ ရေဒီယိုမှာမကြာခဏ လာနေပါတယ်.. တ ကယ်တော့ အဲ့ဒါတွေဟာမီ ဒီယာလုပ်ကွက်တွေဆိုတာကျွန်တော်သိလိုက်ရပါတယ်..

တိုင်းပြည်ပျက်အောင် လုပ်နေကြတဲ့လုပ်ကွက်စစ်စစ်တွေပါ..တောင်သူတွေကိုမီဒီယာသမားတွေက ဓါတ် ပုံမရိုက်ခင် ငိုခိုင်းတယ်.. ဘယ်လို အော်ရမယ် ဆိုတာသင်ပေးတယ်.. အဲ့ဒီပုံတွေကို အစိုးရဖက်ကို သ တင်းပေး တယောက်ကနေ တဆင့်ရခဲ့တယ် ထင်ပါရဲ့. .... မီဒီယာတွေက ငိုဖို့သင်ပေးနေတဲ့ ပုံတချို့နဲ့.. ဓါတ် ပုံရိုက်နေတဲ့ အချိန်မှာ ရယ်နေတဲ့ ဆန္ဒပြ တောင်သူတွေ ပုံတွေပါပါတယ် .. အဲ့ပုံတွေကို projector နဲ့လွှတ်တော်မှာ တင်ပြသွားပါတယ် ..

အဲ့မှာ လွှတ်တော်အမတ် စစ်ဗိုလ် ကထပ်ရှင်း သွားပါသေးတယ် .. သူတို့ကြေးနီစီမံကိန်းက တလကို သန်း ၂၀၀ အကုန် ကျခံပြီးနိင်ငံခြား ကုမ္ပဏီတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရ တာပါတဲ့.. အခု ဘုန်းကြီး အယောက် ၄၀ နဲ့ ရွာသားအယောက် ၄၀၀ ခန့် က စီမံကိန်း ထဲမှာ လာနေနေကြ တော့ အလုပ်ဆက် လုပ်လို့မရပဲ တိုင်း ပြည် ငွေကြေးတွေ ဆုံးရှုံးနေရပါတယ် .. အဲ့ဒီဘုန်းကြီး တွေကလဲ ဘယ်သူက ပိုက်ဆံ ဘယ်လော က် ပေး လို့ ဘုမသိဘမသိ ပညာမတတ်ပဲနဲ့ တိုင်းပြည်စီးပွားကို ဖျက်စီးနေ တယ် မသိ.. ဘုန်းကြီး အစစ်ေ တာင် ဟုတ်ရဲ့လား မသိပါဘူးဗျာ .. ဒီလိုသာ မီဒီယာ လုပ်ကွက်တွေ ကြားမှာပြည်သူတွေကပါ ရောေ ယာ င် ပြီး အစိုးရဘာလုပ်လုပ်ဆန့်ကျင်နေမယ်ဆိုရင် တိုင်းပြည်ပျက်စီးဖို့လမ်းရောက်သွားပါ မယ်..ကြေးနီစီ မံ ကိန်း ကနေပြည်သူတွေဘာအကျိုးအမြတ်ရလဲလို့

မေးအုံး မလို့လား? အခု အစိုးရက မွေးကင်းစ ကလေးတွေ ၅မျိုးပါ ကာကွယ် ဆေးထိုးပေးတော့ မှာပါ.. အဲ့ ဒီဆေးကအပြင်မှာထိုးရင် ၁ သောင်းခွဲခန့် ရှိတယ်လို့ ပြောပါတယ်.. အဲ့ဒီဆေး တွေကိုလဲ သန်းရာချီ အ ကုန် ကျခံပြီး တတိုင်းပြည်လုံး ထိုးပေးမှာပါ..

ကဲ.. အဲ့ဒါ ပြည်သူတွေ အကျိုးအမြတ် မဟုတ်ပေဘူးလား .. အစိုးရ ဘာလုပ်လုပ် ဆန္ဒပြနေမှတော့ တိုင်း ပြည် တိုးတက်ရေးမှာ အနှောက်အယှက်များစွာဖြစ်နေပါတယ်.. ဒီနေ့ပဲ သတင်းတခု ထပ်ဖတ်လိုက်ရ ပြန် တယ်.. တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်ကို စစ်ကိုင်းကိုပြောင်းတာ ဆန္ဒပြနေပါတယ်တဲ့.. အဟတ် ..  တော်တော်ရီချင်သွားတယ်.. ကျွန်တော့ ဦးလေးအဲ့ ကျောင်းမှာ ကျောင်းဆရာပါ.. ဘုရားစူးပါဗျာ ကျေ နာ် နိုင်ငံခြားမထွက်ခင်ထိ ကျွန်တော့ဦးလေး စာသွားသင်ဖို့နေနေသာသာ အဲ့ကျောင်းက ကျောင်းသားတွေ နဲ့ သူငယ်ချင်းပေါင်းပေါင်းပြီးအလေလိုက်နေတာပါ..

ကျွန်တော့ ဦးလေး တင်မဟုတ်ပါဘူး.. ကျန်တဲ့  ၉၉% ဆရာတွေလဲဒီတိုင်း ပါပဲ .... စာမေးပွဲနီးရင် မေး ခွန်း တောင်း တယ် ..... ကျောင်းတတ်ချိန်မှာ စာသင်လို့ မရအောင်ကို ဆူညံပြီး အထိန်းအကွပ် မရှိတဲ့ နွား ခြံ လိုကိုဖြစ်နေတယ်လို့ ခဏခဏပြောပါတယ်..အခု ကျောင်းပြောင်းမယ်လဲလုပ်ရော တခါမှ ကျောင်းေ တာင် ရောက်ခဲ့ဘူးလား မသိတဲ့ကောင် တွေက ဆန္ဒပြ ကြပါတယ်.. တကယ်တော့ အစိုးရ က နေရာရွှေ့ပြီး သူတို့အခု ကျောင်း နေရာမှာ စီမံကိန်း တခုလုပ်ဖို့ ရှိတယ်လို့ ပြော ပါတယ်.. ကျောင်း မတတ်တဲ့ကောင်ေ တွ ကို နေရာပြောင်း ပြီး ကို့တိုင်းပြည်တိုး တက်ရေး အတွက် လုပ်တာ ကျေကျေနပ်နပ် ပြောင်း ပေး ရ မှာပေါ့ ဗျာ.. အခုဟာက... xxx ပြောရင် ကုန်လိမ့်မယ်မထင် ...

နောက်ဆုံး ပြောချင်တာက ကျနော်တို့ အားလုံးဟာ ပညာတတ်တွေကြည့်ပါပဲ.. ချင့်ချိန်ပြီးယုံကြ ပါ. မီဒီ ယာတွေ လှည့်သမျှခံပြီး တိုင်းပြည် မပျက်ဖို့ ကျွန်တော်တို့ ဖက်က ကာကွယ် သွားဖို့ တာဝန် ရှိပါတယ်။

G Tone Mmhu

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ပြည်သူ များကို သွေးထိုး ပေးနေသော မီဒီယာ များ သတိထား ”””

Labels:

0 comments: