Pages

Wednesday, November 21, 2012

“““ သမ္မတ ဦးသိန်းစိန် အိုဘားမား ထံမှ အကူအညီ ၂ ခု တောင်းဆိုခဲ့ ”””

သမ္မတဦးသိန်းစိန်သည် ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်၌ မြန်မာ သတင်းစာဆရာ များနှင့်တွေ့ဆုံ စဉ် အောက် တိုဘာ ၁၉ ရက် တွင် ရန်ကုန်၌ အမေရိကန် သမ္မတ အိုဘားမားနှင့်တွေဆုံချိန်၌အကူ အညီ ၂ ခုတောင်း ဆိုခဲ့ကြောင်း ပြောသည်။

သမ္မတက " ဘာပဲဖြစ်ဖြစ် ကိုယ်နိုင်ငံအတွက် အမြတ်ထွက်အောင် ၂ ခုသူဆီကိုတောင်းပါတယ်။ တစ်ခုက ခင်များတွေ့ တယ်မှတ်လားရန်ကုန်မြို့ ကြီးကနေဖြတ်ပြီးလာတဲ့အခါမှာ ဘေးဘယ်ညာမှာ ပြည်သူတွေက ခင်များကို အကုန်လုံးဝမ်းသာအားရနဲ့ ပြုးပြုးရွှင်ရွှင်နဲ့ ကြိုနေကြတဲ့မြင်ကွင်းကို ခင်များတွေ့ တယ် မှတ် လား။ခင်များ အဲ့လူတွေရဲ့ မျက်နာကို သတိမထားမိလိုက် လို့ဖြစ်ချင်လည်းဖြစ်မယ် ။ပြုးပျော်နေ တဲ့မျက် နာအပြင် အိုဘားမားမြန်မာနိုင်ငံကိုမလာစဖူးလာတယ်၊ကြုံတောင့်ကြုံခဲ့ခုဏလို လာခဲ့တဲ့အ တွက် ကြောင့် တို့ ရန်ကုန် မှာနေထိုင်ကြတဲ့ပြည်သူလူထုတွေ အတွက် အိုဘားမားဘာများ လုပ်ပေးခဲ့မလဲဆို တဲ့မျော် လင့်ချက် တစ်ခု ခင်များမမြင်လိုက်ဘူး ထင်တယ်။ဒါတွေခင်များကိုပြောပြချင်တယ်။ ကျွန်တော်တို့ ရန် ကုန်မြို့ကြီးက ကိုလိုနီ လက်ထက်ကတည်းက မြို့ဟောင်းကြီးဖြစ်တယ်။မြို့ဟောင်းကြီးဖြစ်လို့ မီးတွေနဲ့ ပတ် သက်လို့ လျှပ်စစ်နဲ့ ပတ်သက် လို့ အဆင်မပြေမှုတွေအများကြီးရှိတယ်။နောက်လူဦးရေကလည်း ၆ သန်းေ ကျာ် ရှိတော့ဒီကနေ မှာသွားရေးလာရေးတွေ နဲ့ ပတ်သက်ပြီးတော့လည်းအင်မတန် အခက်ခဲတွေရှိနေပါ တယ်။နောက်တ ခါ ရေကောင်းရေသန့်တွေရရှိရေး၊ရေဆိုးတွေသန့်စင်ရေး။ဒီအပိုင်းတွေကလည်း အခက် အခဲတွေရှိနေ ပါ တယ်။ဒီတော့ ရန်ကုန်ရောက်တုန်းအထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့ လူထုကိုဒီ ကိစ္စလေး များပြေ လည်အောင် လုပ်ပေးနိုင်လို့ရှိရင် ရန်ကုန်မြို့ လူထုကခင်များကိုပိုပြီးတော့ချစ်မှာပါဆိုတော့ သူ လည်း ဒါ တော်တော်လေးတော့ သဘောတွေသွား တဲ့အနေအထားရှိပါတယ်။" ပြောသည်။

ဆက်လက်၍ သမ္မတက " ကျွန်တော့ ထင်ပါတယ်သူခေါင်းတော့မငြိမ့်ပေမယ်လည်း အောက် ကလူတွေက အကုန် မှတ်တဲ့အတွက်ကြောင့် မှတ်တမ်းတော့ ၀င်သွားတယ်လို့ ဒီလိုပြောလို့ရပါတယ်။" ဟု ပြော သည် ။ နောက် တစ်ခုတောင်းဆိုမှုအနေဖြင့် သမ္မတက ၎င်းလူငယ်ပိုင်းအရွယ် ခန့်တွင် အမ္မတကြီးအိုင် စင် ဟောင် ၀ါလက်ထပ် ရန်ကုန်နှင့်မန္တလေးကို အဝေးေဲပးလမ်းမကြီးဖောက်ပေးရန်အစီစဉ် ရှိခဲ့ဖူးကြောင်း တဆင့်စကားတစ်ဆင့်နားဖြင့်ကြားခဲ့ဖူးကြောင်းသို့သော်လည်း အကြောင်းကြောင်းကြောင့် ထိုလမ်းမှာ မဖောက်ဖြစ်ခဲ့၍့ ဟိုတုန်းက သမ္မတ ကြီး ယခုလိုအစီစဉ်ရှိခဲ့သော လည်းအကြောင်းကြောင်ကြောင့် ပျက် သွားခဲ့သည့်ဟိုင်းဝေးကြီးကို ယခုကျွန်တော်တို့ ရန်ကုန်မှမန္တလေးအထိကိုဖောက်ထားပြီးဖြစ်ကြောင်း အို ဘားမားသို့ ပြောခဲ့သည်ဟုဆိုသည်။

ထို့အပြင်သို့သော်၎င်းလမ်းမှာလမ်းကြမ်း အဆင့်သာဖြစ်ပြီးနည်းပညာပိုင်း တွင်အမေရိကန်လောက်ခေတ် မ မီကြောင်း ထိုကြောင့် ယာဉ်တော်တဆမှုများခဏခဏ ဖြစ်ကာယာဉ်များခဏခဏတိမ်းမှောက် ၍ အသက် များဆုံရုံးကြရကြောင်း ထိုကြောင့်အဆိုပါလမ်းကြီးကို အိုဘားမားတို့ အနေဖြင့်ပြုပြင်ပေး လျှင်ကောင်းမွန် မှာဖြစ်ပြီး၊ upgrade လုပ်ပေးဖို့ တောင်းလိုက်ပါကြောင်းပြောသည်။

"ဒီလိုတောင်းဆိုချက်တွေက ချမ်းသာကြွယ်ဝတဲ့ အင်အားကြီးနိုင်ငံလောက်တော့ ပြော ပလောက် တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ကိုယ်နိုင်ငံအတွက်တော့ အကျိုးအမြတ်လေးတွေ ရအောင်ပြော ခဲ့ပြုခဲ့တောင်း ခဲ့ တာလေးတွေ ရှိပါတယ်။" ဟု သမ္မ ဥိးသိန်းစိန်က ထပ်မံပြောသည်။

အမေရိကန်သမ္မတ တစ်ဦးအနေဖြင့် မြန်မာ  သမိုင်းတွင် ပထမဆုံးအကြီမ်ဖြစ် သမ္မတ အိုဘားမားသည် ယခုလ ၁၉ ရက်နေ့ တွင် ရန်ကုန်သို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသန်းစိန် နှင့်ရန်ကုန်းတိုင်းဒေ သကြီး လွှ တ်ေ တာ်၌ တစ်နာရီခန့်တွေဆုံခဲ့သည်။
Ko Thantun

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ သမ္မတ ဦးသိန်းစိန် အိုဘားမား ထံမှ အကူအညီ ၂ ခု တောင်းဆိုခဲ့ ”””

Labels:

0 comments: