Pages

Friday, November 23, 2012

သူများ ကို သိက္ခာ ချချင်ရင် ကိုယ်ကကော ဘယ်လောက် သိက္ခာ လုံသလဲ

“ ကိုမြတ်ခိုင်ရေ --- ဘာကိုများအသိပေးချင်တာလဲခင်ဗျာ ”

ဒီနေ့ အင်တာနက်သိပ်တော့မသုံးဖြစ်ဘူးအလုပ်ပိနေတာကြောင့်ပါ ဒါပေမယ့် ခဏလောက်သတင်းတွေ လိုက်ဖတ်ကြည့်တဲ့အခါ ကိုမြတ်ခိုင် တင် ထား တဲ့ပုံလေး တစ်ပုံကို စိတ်ဝင်စားသွားမိတယ် ။ အထူးသဖြင့် ပုံလေးရဲ့ Caption ကိုပေါ့ ။

“ အသိပေး တာပါ ” တဲ့ ။

ဘာကို အသိပေးချင်တာလဲ ကိုမြတ်ခိုင်ရေ လို့ ကျွန်တော်က မေးချင်ပါတယ် ။ ပွဲလမ်းသဘင်တွေ ကျင်း ပပြီး တဲ့အချိန် သို့မဟုတ် ဟော်တယ်ကြီး တွေမှာ ကျင်းပနေတဲ့အချိန် မှာ ဟော်တယ်က စားစရာတွေကို လူမသိအောင် တစ်ရှူးနဲ့ထုပ်ယူသွားတာ ရှက်စရာ ကောင်းလှ ပါတယ် ဒါမျိုးကို ဒီမှာကြည့်ကြပါ ဆို တဲ့ရည် ရွယ်ချက်မျိုးနဲ့ ဖေ့ဘုတ်ပေါ်က စာဖတ်သူ တွေကိုအသိပေးတာလို့ ကျွန်တော် က ရှင်းရှင်းပဲတွေးမိတယ် ။ ကောင်းပါပြီ ကျွန်တော်တို့ ဒါဆို စဉ်းစားကြည့် ရအောင်လား ။

ပထမဆုံး အခုကိုမြတ်ခိုင် တင်လိုက်တာသည် လူတစ်ဦး တစ်ယောက်ရဲ့ privacy ကို ချိုးဖောက်တာလို့ ကျွန်တော်မြင်လိုက်တယ် ။

၁ ။ သူသည် ဖခင် တစ်ယောက်ဖြစ်ချင်ဖြစ်မယ် မီဒီယာ သမားတစ်ယောက်ဖြစ်ချင်ဖြစ်မယ် ဧည့်သည် တစ်ယောက်ဖြစ်ချင်ဖြစ်မယ်

၂ ။ ဒီပွဲသည် အိမ်ကို စားစရာတွေ သယ်မသွားရဘူး လို့ မသတ်မှတ်ထားဘူး သူ့မှာ လုပ်ပိုင်ခွင့်ရှိတယ် ။ အဲဒါကိုလည်း ရှက်စရာလို့ ထင်တဲ့ သူတွေက ထင်နေလိမ့်မယ် သို့သော် . . . .

၃ ။ သူ အဲဒီလို အိမ်ကိုစားစရာလေး( ဟော်တယ်က အကောင်းစားမုန့်တွေဖြစ်ချင်ဖြစ်မယ် ) သယ်သွား တာ သည် သူ့ မိသားစုအတွက် ဖခင် တစ်ယောက်က သားသမီး တွေကိုစားစေချင်တဲ့ စေတနာနဲ့ရော သယ်သွားတာ မဖြစ်နိုင်ဘူးလား ခင်ဗျာ ။ သူ့ဇနီး သူ့အဖေအမေ အတွက် ဟော်တယ်စာ တွေ စားစေချင် တဲ့ စေတနာ နဲ့ရော သယ်သွားတာ မဖြစ်နိုင်ဘူးလား ခင်ဗျာ ။ ဒါကို အသိပေးတာပါ ဆိုပြီး ဖေ့ဘုတ်ပေါ် တင် တဲ့ကိစ္စ ကတော့ သက်သက် အရှက်ခွဲချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ကျွန်တော်မြင် မိကြောင်းပြော ပါရစေ ကိုမြတ်ခိုင် ။

၎ ။ သူ့မှာ ဒီမုန့်လေးကို သယ်သွားတဲ့ ရည်ရွယ်ချက် ရှိမှာပေါ့ ကိုမြတ်ခိုင်ရေ အဲဒါကို ကျွန်တော်တို့ အား လုံးတွေး ကြည့်ရမယ် မဟုတ်လား ။ သူ ဟာ သူများ ပိုင်ဆိုင်တဲ့ ပစ္စည်းကို ခိုးတာမှမဟုတ်ပဲလေ စားဖို့ချ ထားတဲ့သူ စားခွင့်ရှိတဲ့အစားအစာကို မစားရက်ပဲ သူ့ဘာသာ လုပ်ပိုင်ခွင့်အရ သယ်သွားတာပဲမဟုတ်လား ခင်ဗျာ ။

၅ ။ နောက်ဆုံး အဲဒီမုန့်လေးကို သယ်သွားတဲ့ လူသားတစ်ယောက်ဟာ သူစားဖို့အတွက် သူ့တကို ယ်ေ ကာ င်း ဆန်ဖို့ အတွက်တော့ မဖြစ်နိုင်ပါဘူးကိုမြတ်ခိုင်ရေ သူစားချင် တယ်ဆိုအဲဒီမှာ တင်ကုန်အောင်စား လိုက်လို့ရတယ် မဟုတ်လား သူ့လုပ်ရပ်ဟာ ကိုမြတ်ခိုင်အမြင်မှာ ရှက်စရာကောင်းတယ်လို့ မြင်နေပေမယ့် တကယ်တော့ မေတ္တာတရား သူ့အိမ်သားတွေစားစေချင်တဲ့ နောက်ဆုံး အိမ်သားတွေ အတွက် မဟုတ်ေ တာ င် လမ်းဘေးက ခွေးလေး တစ်ကောင်ကို ကျွေးဖို့အတွက်ရော မဖြစ်နိုင်ဘူးလား ကျွန်တော် ကတော့ ရှက်စရာ လို့မမြင်မိပါ ဘူးခင်ဗျာ ။

တကယ်တော့ လူတွေသတ်မှတ်နေတဲ့ “ အဆင့်အတန်း ” ဆိုတာ ငွေ ၊ ဂုဏ် ရာထူး စည်းစိမ်တွေအပေါ်မှာ မူတည်နေတာမဟုတ်ပါဘူး ။ စေတနာသန့်သန့်နဲ့မေ တ္တာတရား နဲ့ ကောင်းမွန် တဲ့ရည်ရွယ် ချက်အတွက် ဆိုရင် အဲဒီလူမှာ အဆင့်အတန်းရှိနေပြီးသားပါ ။ ငွေဂုဏ်ရာထူးအပြည့်နဲ့ အဆင့်အတန်းနိမ့်နေ သူတွေအ များကြီးရှိနေသလို သာမန်လက်လုပ်လက်စား ငွေကြေးမချမ်းသာတဲ့ လူသားတစ်ယောက်မှာလည်း အဆင့် အတန်းမြင့်မားစွာ ရှိနေကြောင်းဒီနေရာကနေပြောလိုက်ပါရစေ ။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: