Pages

Saturday, November 24, 2012

“““ အမေစု သို. ကြားပါစေသား ”””

ကျွန်တော်တို့နိုင်ငံ၏ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံများကို လိုက်နာစောင့်ထိန်းရာတွင် မြန်မာလူထု၏ ခေါင်းဆောင်ပီပီ စံနမူနာပြ ဖြစ်သင့် ပါတယ်။ သွားလေရာ၊ နေရာတိုင်းမှာ မြန်မာဆန်ဆန် ၀တ်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဟန်ပန် ကို မြန်မာအမျိုးသမီးထုတစ်ရပ်လုံးက သဘောကျနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဖက်ရှင် ဆိုပြီး အမျိုး သမီးထုအတွင်းမာ ရေပန်းစားနေပါတယ်။ တစ်ချိန်သောအခါက နိုင်ငံခြားသားကို ယူခဲ့ပေ မယ့် အခုအ ခါမှာတော့ တကယ့်ကို မြန်မာဆန်လှပါပေတယ် ဟူသော ချီးမွမ်းထောပနာပြုသံများ သည် ပြည်သူ များအ တွင်း ပျံ့နှံ့လျက်ရှိနေခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့တတွေ လုံးဝအံ့သြဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခု၊ အဖြစ်အပျက်တစ်ခု ကိုတွေ့ မြင် လိုက်ရတဲ့အခါမှာတော့ အံ့သြခြင်း၊ ၀မ်းနည်းခြင်း စိတ်မကောင်းခြင်းများစွာ ခံစားလိုက်ရပါတယ်။ မပြော ရက် မနှိုင်းရက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါင်းယောင်ဆောင်သောကျီးပါလား... ဘယ်လို ပဲ ဒေါင်းယောင်ဆောင်ထားပေမယ့် အချိန်တန်တော့လည်း ကျီးရဲ့ဇာတ်သရုပ်ဟာ ပေါ်လာတာ ပါပဲဆိုတဲ့ အတွေးဝင်လာမိပါတယ်။ အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုပြောပြော၊ ဓလေ့ပြောပြောတစ်ဦး နဲ့တစ်ဦး ဖက် လဲတကင်း နမ်းရှုံ့နှုတ်ဆက်တာ ဆန်းဆန်းပြားပြား မဟုတ်ပေမယ့် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်မှာေ တာ့ ဒီလိုမျိုးနှုတ်ဆက်ခြင်းဟာ လွန်စွာအကျည်းတန်အရုပ်ဆိုးလွန်းလှပါတယ်။

မြန်မာနိုင်ငံ၊ မြန်မာတိုင်းရင်းသားတို့ရဲ့ယဉ်ကျေးမှုဓလေ့မှာ တစ်စိမ်းယောက်ျားတစ်ယောက် နဲ့မိန်းမ တစ်ေ ယာက်ဖက်ကြ၊ နမ်းကြတာဟာ လင်မယားဆိုတဲ့သတ်မှတ်ချက်မှာပဲရှိပါတယ်။ ရုပ်ရှင်ဇာတ် လမ်းတွေ ၊ ဗီ ဒီ ယိုဇာတ်လမ်းတွေထဲမှာတောင် မင်းသားမင်းသမီးတွေ ချစ်သူရည်စားဖြစ်နေပါစေ..နမ်းတဲ့အခန်းမပါ ရှိ ကြပါဘူး။ ကျွန်တော်တို့အသည်းစွဲကြိုက်နေတဲ့ ကိုရီးယားကားတွေထဲမှာ နမ်းတဲ့အခန်းပါရင်ေ တာင် မြန် မာ့အသံနဲ့မြ၀တီရုပ်မြင်သံကြားတို့က တာဝန်ရှိပုဂ္ဂိုလ်တွေက ဒီအခန်းတွေကို ဖြတ်ထားပါတယ်။ ဒါဟာ မြန် မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တဲ့သဘောပါပဲ။

အခုဟာကတော့ ကျော်မကောင်း ကြားမကောင်း အမေရိကန်သမ္မတအိုဘားမားက ဒေါ်အောင်ဆန်း စု ကြ ည်ကို ဖက်နမ်းလို့တဲ့.. ဆိုတဲ့သတင်းဟာ အထူးခြားဆုံး သတင်းတစ်ပုဒ် လို ဖြစ်နေပါတယ် ။ ဒေါ်ေ အာင် ဆန်းစုကြည်အနားမှာမှီခိုနေတဲ့ ဦးဝင်းတင်တို့လိုပုဂ္ဂိုလ်မျိုးကတော့ မုဆိုးမတစ်ယောက်ကို သမ္မတက နမ်း တာ ဘာဆန်းလို့လဲ.. လို့ဆင်ခြေပေးချင်ပေးနေမှာပါ။ မြန်မာလူထုပရိသတ်ရဲ့ အလယ် မှာတော့ ဒါဟာ ဆန်း ကြယ်ပါတယ်။ အမြင်မသင့်တော်လှပါဘူး။ မြန်မာ့ယဉ်ကျေးမှုကို အလေးမထား တာ၊ အနောက်တိုင်း ယဉ်ကျေးမှုကိုခုတိုင်ကိုင်စွဲနေတာကို ပြသလိုက်တာပါပဲ။

အနောက်တိုင်းက အရေးကြီးပုဂ္ဂိုလ် လာရောက်လည်ပတ်လို့ သူတို့ယဉ်ကျေးမှုအရ သူ့ယဉ်ကျေးမှု အတိုင်း လိုက်ပါလုပ်ဆောင်ရပါတယ်လို့ဆင်ခြေပေးကြမယ်ဆိုရင်လည်း.. ပြောပါရစေ.. မိန်းမသားချင်း အတူတူ... ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ်ရှင်နာဝပ်ကျတော့ အိုဘားမားရဲ့ အနမ်းကိုဘာလို့မခံတာလဲ။ သူနဲ့လဲ တွေ့ တာပါပဲ။ သူလဲ သူတို့ ထိုင်းပြည်သူတွေချစ်တဲ့ခေါင်းဆောင် တစ်ယောက်ပါ။ ပြောရမယ် ဆိုရင် ဗုဒ္ဓဘာသာ အမျိုးသမီးချင်းအတူတူ ကျွန်တော်တို့မြန်မာခေါင်းဆောင်ထက် ထိုင်းအမျိုးသမီး ခေါင်းဆောင် ကယဉ်ေ ကျး မှုကို ပိုမိုစောင့်ထိန်းတယ်ဆိုတဲ့သဘောကိုပြလိုက်တာမို့ မြန်မာလူမျိုးတွေ အနေနဲ့ရင်ထဲမှာအောင့် သက် သက်ကြီး ဖြစ်နေပါတယ်။

မြန်မာဆိုတာ သိတဲ့အတိုင်းပါပဲ။ ခွေးချင်းကိုက်တာတောင်မှ ကိုယ့်ခွေးကို အနိုင်ရချင်တာပါ။ မြန်မာ့ စိတ် ဓာတ်ကနေရာတကာမှာ အနိုင်ရချင်တဲ့လူမျိုးတွေပါ။ အားကစား ဆိုလည်း ဒီအတိုင်းပါပဲ ကိုယ်က ဂိုးပေး လိုက်ရတဲ့အနေအထားထက် ကိုယ်ကဂိုးသွင်းလိုက်ရတာ(နိုင်လိုက်ရတာ)ကို လိုလားကြတာပါ။ တို့မြန် မာနိုင်ပြီ ဆိုတာမျိုးကို ကြွေးကြော်ချင်ကြသလို အနိုင်ဆိုတာမျိုးကိုပဲ လိုလားတာပါ။ အခုတော့ ခေတ်စကား နဲ့ ပြောရယင် ကျွန်တော်တို့တစ်ဂိုးရှုံးသွားပါပြီခင်ဗျာ....။ တကယ်ဆိုကျွန်တော် တို့တစ်ဂိုး မရှုံးရအောင် ဟီ လာ ရီကလင်တန်နဲ့နှုတ်ဆက်တဲ့နေရာမှာ မြန်မာသမ္မတဦးသိန်းစိန်က ဖက်လဲတကင်း ပွေ့ဖ က်နမ်းရှုံ့ လိုက် ရမှာပါ။ သူရဦးရွှေမန်းတို့၊ ဦးခင်အောင်မြင်တို့ကကော ဟီလာရီကလင်တန်ကို ဘာဖြစ်လို့ ၀ိုင်းပြီးမ နမ်းလိုက်ကြလဲ... လို့ပဲ အော်ဟစ်မေးလိုက်ချင်စိတ်ဖြစ်မိပါတယ်။

အမှန်တကယ်ပြောရမယ်ဆိုရင် သူ့ရဲ့အနားမှာဝိုင်းရံနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ ရှေးရိုးမြန် မာကြီးေ တွ ဖြစ် ကြပါတယ်။ ဟံသာဝတီဦးဝင်းတင်ဆိုရင်လဲ မြန်မာနိုင်ငံမှာ သူ့လောက်စာတတ်တဲ့သူ မရှိပါဘူး။ ဗိုလ် ချုပ်ကြီး သူရဦးတင်ဦး(ငြိမ်း) ဆိုလဲ တစ်ချိန်က နိုင်ငံတော်မှာ ဒုတိယခေါင်းဆောင်နေရာ မှာ နေ လာတဲ့သူပါ။ သူတို့တွေရှိနေရက်သားနဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး အမှားအယွင်း ဖြစ် ရတာကို စိတ်မကောင်းကြီးစွာဖြစ်မိပါတယ်။ ဒီမိုကရေစီခေါင်းဆောင်ကြီးကပဲ အာဏာရှင်ဆန်ဆန် ဘယ် သူ့ စကားကိုမှ နားမထောင်ဘဲ နေတာလား၊ ဦးတင်ဦးတို့ ဦးဝင်းတင်တို့ကပဲ မပြောရဲကြတာလား။ ပါတီ အဖွဲ့အတွင်းမှာ ဒီမိုကရေစီမရှိကြလို့လား။ ဒါဆိုရင် ဘာဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည် တပ် ထားတာလဲ.. လို့ပင်မေးလိုက်ချင်ပါတယ်။

ဒီလောက်အကျည်းတန်၊ အရုပ်ဆိုးလှသော အဖြစ်အပျက် ကြီးကြီးမားမားကြီးကို လူမြင်ကွင်းမှာ အဖြစ် ခံရတာဟာ ဒီမိုကရေစီဘိုးဘိုးများဖြစ်ကြတဲ့ ဦးဝင်းတင်နဲ့ ဦးတင်ဦးတို့က ကြိုတင်တားသင့် ပါလျက် အ ဘယ်ကြောင့်မတားဘဲလွှတ်ပေးထား သည် ကို စဉ်းစားမရဖြစ်မိကြောင်းပါခင်ဗျာ......။ ။

Moe Min Thar Gyi

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ အမေစု သို. ကြားပါစေသား ”””

Labels:

0 comments: