အာဆီယံ
 ကာကွယ်ရေး ဝန်ကြီးများနှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပင်နက်တာတို့
 အလွတ် သဘော တွေ့ဆုံ ဆွေးနွေးရာတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးမှ 
အာဆီယံဒေသသည် ပိုမိုအရေးပါ လာကြောင်း၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် 
လုံခြုံရေးသည် အရေးကြီးကြောင်း၊ မလက္ကာ ရေလက်ကြား လုံခြုံရေးသည် 
ပင်လယ်ရေကြောင်း သွားလာရေးအတွက် အရေးကြီးကြောင်း၊ အမေရိကန်အနေဖြင့်
 
 အာဆီယံ နိုင်ငံများနှင့် စစ်ဘက်ဆိုင်ရာ ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည် 
ဖြစ်ကြောင်း၊ စစ်ရေး လေ့ကျင့် ခန်းများလည်း တိုးတက် ပြုလုပ်သွားမည် 
ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ကာကွယ်ရေးဝန်ကြီး လီယွန်ပင်နက်တာမှ
 မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြောကြား ရာတွင် မြန်မာနိုင် ငံ ၏ ပြုပြင် 
ပြောင်းလဲမှုများကို ကြိုဆို ထောက်ခံကြောင်း၊ အနာဂတ်တွင် ပိုမိုရင်းနှီးစွာ 
ဆက်ဆံသွား မည် ဖြ စ်ေ ကြာင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအား ဘားမားဟု 
သုံးနှုန်းခဲ့ပါသည်။
 အမေရိကန် ကာကွယ်ရေးဝန်ကြီးမှ ပြန်လည် ပြောကြားရာတွင် မိမိအနေဖြင့် 
ပြောနေကျ နှုတ်ကျိုးနေ၍ ယခုလို ပြောကြား ခဲ့ခြင်းဖြစ်ပြီး အခြားရည်ရွယ် 
ချက်မရှိပါကြောင်း၊ မိမိအား မြန်မာနိုင်ငံမှ လူမျိုးစု များ အကြောင်း 
ရှင်းလင်းပြပြီး မိမိအမှားကို ထောက်ပြ သည့်အတွက် ကျေးဇူး တင်ရှိကြောင်း 
နောင် တွင် မြန် မာဟု သုံးနှုန်းသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားရာ 
အစည်းအဝေး တက်ရောက် လာသူများမှ ဝိုင်း ဝန်းသြဘာ ပေးခဲ့ကြပါသည်။

 
 
 
 
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။