အနီရောင်ရင့် ရင့်နောက်ခံ
အပေါ်မှာ အ၀ါရောင်စက်ဝိုင်း အပြင် ဘက် ခေါင်းနှင့် အမြီးရောက်နေ သည့် ခြေထောက်
တစ် ဖက် နာေ နသည့် ဒေါင်းတစ်ကောင် ပုံပါသည့် အလံတစ်ခု။ ၁၈ နှစ်ကျော်ခါစ ကျွန်ေ တာ့်
သမီး၏ ကျောင်းသား သမဂ္ဂဆိုသည့် အဖြေကြောင့် ကျွန်တော်အလွန်အံ့သြသင့်ကာ မျက်မှန် ကို ချွတ်ပြီး
ခေါင်း ကို တစ်ဖြည်းဖြည်း ခါယမ်းမိလေတော့၏။
သမီးပြောတဲ့
ကျောင်းသားသမဂ္ဂဆိုတာရဲ့ သမိုင်းကိုကြည့်တော့ ကိုလိုနီခေတ်မှာ ကတည်း က ကျောင်း သား
သမဂ္ဂဆိုတာ ဗြိတိသျှ အစိုးရက တရား ဝင် ရပ်တည်ခွင့် ပြုခဲ့တာဖြစ်ကြောင်း၊
ရန်ကုန်တက္ကသိုလ် အက်ဥပဒေ အရ တကသ ကို ရန်ကုန်တက္ကသိုလ် ဖွဲ့စည်းပုံ ထဲမှာ ထည့်သွင်း
ထားခဲ့ကြောင်း၊ တက္ကသိုလ် အုပ်ချုပ်ေ ရး ကောင်စီထဲမှာ တကသ ကိုယ်စားလှယ် (၂) ဦး
ပါဝင်ခွင့် ရှိခဲ့ကြောင်း၊ သမဂ္ဂအဆောက်အအုံ UNION ပြုပြင် ထိန်းသိမ်းရေး စရိတ်ကို
တက္ကသိုလ် ပြုပြင်ရေးအဖွဲ့က ကျခံပေးရကြောင်း၊ တက္ကသိုလ်ရုံး က တာဝန် ယူပြီး သမဂ္ဂ
ဝင်ကြေးကို နှစ်စဉ် ကောက်ခံပေး ခဲ့ကြောင်း၊ တကသ ရွေးကောက်ပွဲတွေကို ရန်ကုန်
တက္ကသိုလ်က ဆရာ၊ ဆရာမတွေက ဦးစီး ကျင်းပပေး ခဲ့ကြောင်း တွေ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာတော့
၁၉၅၈ ကနေစလို့ ဆူပူမှုတွေ၊ ဗကဗတွေရဲ့ စည်းရုံး မှုေ တွကြောင့် ကျောင်းသား မှန်ရင်
ဆူပူတတ် ရမယ် ဆိုရမတတ် စာကောင်းကောင်း မသင်ဘဲ ဆူပူ အကြမ်းဖက်မှုတွေ ကြောင့် အရေး ယူခဲ့
ရတဲ့ ဖြစ်စဉ်တွေ ကိုပဲ တွေ့ခဲ့ရတယ်။ နောက်ဆုံး ၈၈ မျိုးဆက် ကျောင်းသားတွေ အထိ ၈၈၈၈
လူထု အုံကြွမှုကြီး ဖြစ်လာတဲ့ အထိ တိုင်းပြည်အတွက် အန္တရာယ်ကြီးမား လာခဲ့တာကြောင့်
အစိုးရက နည်းလမ်း မျိုးစုံနဲ့ ကန့်သတ်ခဲ့ရပါတယ်။
ဒီလို ကလေးတွေလည်း အလံနောက်ခံထားပြီး ပျက်စီးရတော့မယ်
ပြီးခဲ့တဲ့
ပထမ အကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအစည်းအဝေးမှာ ပြည်ထောင်စု ပညာရေး ဝန်ကြီးရဲ့ တင်ပြ
ချက် အရ မြန်မာနို င်ငံမှာ တက္ကသိုလ်ေ ပါင်း (၁၈၅) ခုရှိပြီး ဝန်ကြီး ဌာန (၁၂) ခုက ခွဲဝေ အုပ်ချု ပ်ပြီး
ပညာေ ရး ဝန်ကြီးဌာန တစ်ခုထဲအောက်မှာ တက္ကသိုလ်နဲ့ ဒီဂရီ ကောလိပ်ပေါင်း (၆၄)
ခုရှိတယ်လို့ ဆိုပါတယ်။ ရန်ကုန် တက္ကသိုလ်ခေါင်းစဉ်တပ်ပြီး ဆူပူမှုတွေဖြစ်ခဲ့တာကနေ
၈၈၈၈ အထိ အန္တရာယ် ကြီးမားခဲ့ချိန် မှာ ယခု တက္ကသိုလ်တွေက ၁၈၅ ခုထိ ရှိနေတော့
ဒီတစ်ခါ ဆူပူရင် တိုင်းပြည်ပါ ပျက်ေ လာက် တဲ့အထိ အန္တရာယ် အလွန် ကြီးမားတော့မှာ
ဖြစ်ပါတယ်။
ရင်လေးစရာ အနာဂတ်ကလေးငယ်များ
တာဝန်ရှိတဲ့သူများက
တက္ကသိုလ်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ တင်ပြကြ တယ်၊ နိုင်ငံတော် သမ္မ တ ရဲ့အကြံပေး
ဦးမြင့်က လည်း အိတ်ဖွင့်ပေးစာ တစ်စောင်ရေးပြီး ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပါတယ်။
ဒီလို တာဝန် ရှိ သူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဘယ်က ဘယ်လို ပေါ်လာမှန်း မသိတဲ့
ကျောင်းသား အဖွဲ့ အစည်းေ တွက တစ်နေ့တစ်ခြား များပြား လာတာကို တွေ့လာရပါတယ်။
အဆိုပါ အ ဖွဲ့အစည်းများကို ဦးေ ဆာင် သူများ အား ကြည့်လိုက်လျှင် အမှုများကြောင့်
ကျောင်းပြီးအောင် မတက်ခဲ့ရတဲ့သူေ တွ၊ ပြစ်ဒဏ် အမျိုး မျိုးကြောင့်
လူတောမ တိုးဝံ့ခဲ့တဲ့ သူတွေက အစိုးရသစ် လက်ထက် မှာ အခွင့်ကောင်းယူပြီး နာမည် ကြီးေ
အာင် စည်းရုံး လာတာကို တွေ့ရမှာပါ။
ပညာရေး ၀န်ကြီးဌာနက
အကြီးအကဲတာဝန်ရှိသူတစ်ယောက်မှ မပါ၊ တက္ကသိုလ်များမှ တာဝန်ရှိသူများ မပါ ဘဲ နဲ့
ကျောင်းသားေ လးေ တွက သမဂ္ဂတွေဖွဲ့နေကြတယ်။ ကလေးတွေရဲ့ ယုံကြည်ချက်တွေကို ဖျက်ဆီးေ
နကြတယ်။ ဆူပူခဲ့ပြီး ကျောင်းပြီးအောင် မတက်ခဲ့တဲ့ ကျောင်းသားတွေဟာ အခွင့်ထူးခံတွေ
အဖြစ် နေရာ ရလာချိန်မှာတော့ လက်ပံတောင်းကြေးနီလို ကိုယ့်ပြဿနာကိုယ်
မရှင်းနိုင်သေးတဲ့ ဒေသမှာ ကျင်းပခဲ့တဲ့ လူထုအစည်းအဝေးကြီး ဆိုပြီး ကြေငြာချက်တွေမှာတောင်မှ
ဒီလို မဆင်မခြင် ဆူပူခွင့်ရဖို့ ထုတ်ပြန်
ခဲ့ကြတယ်။
၁၅။
အစိုးရတိုက်ရိုက် အုပ်ချုပ်မှုမှ ကင်းလွတ်ပြီး သီးခြား လွတ်လပ်သည့် တက္ကသိုလ်များ
ပေါ်ထွက် လာစေ မည့် ကျောင်း သားထု အကျိုးစီးပွား ကိုအကာအကွယ်ေ ပးနိုင်သော ကျောင်းသား
ကိုယ်စား လှယ် များ ပါဝင်ခွင့် ရရှိစေမည့် ပညာရေး လွတ်လပ်ခွင့် အခွင့်အရေးကို
လမ်းဖွင့်ေ ပးနိုင်မည့် ကျောင်းသား သမဂ္ဂများ လွတ်လပ် စွာ
ရပ်တည်ဖွဲ့ စည်းခွင့် ကိုရရှိစေ နိုင်မည့်ဒီမိုကရေစီနည်းကျ တက္ကသိုလ်များ
အက်ဥပဒေ တရပ် အမြန် ဆုံးေ ပ်ါထွက်လာစေရန် ဆုံးဖြတ်သည်။
၁၆။ကျောင်းသားသမဂ္ဂအဆောက်အအုံ တရားဝင် ပြန်လည်တည်ဆောက်ပေးရန်ဆုံးဖြတ်သည်။
၁၇။
မြန်မာနိုင်ငံတဝန်းလုံးတွင် ဖြစ်ပေါ်နေသည့် ပြည်သူလူထုရင်ဆိုင်နေရသည့် ပြဿနာများကို
လွှတ်ေ တာ် များနှင့် အစိုးရတို့မှ တရားမျှတစွာနှင့် ထိရောက်စွာ
အမြန်ဆုံးဖြေရှင်းပေးရန် ဆုံးဖြတ်သည်။
၁၈။
လက်ပတောင်းတောင်စီမံကိန်းကို လွတ်လပ်သော ပြည်သူ့ကော်မရှင်တရပ်ဖွဲ့စည်း၍
စုံစမ်းစစ်ဆေးေ ပး ရန် ဆုံးဖြတ်သည်။
၁၉။
နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ဆုံးဖြတ်သည်။
၂၀။
(၁၉၅ဝ) - အရေးပေါ်စီမံချက် အက် ဥပဒေပုဒ်မ ၅(ည)ကို ဖျက်သိမ်းရန် ဆုံးဖြတ်သည်။
၂၁။
ဆန္ဒပြခွင့်ဥပဒေ/ နည်းဥပဒေများပြင်ဆင်ရန် ဆုံးဖြတ်သည်။
ကျောင်းသားသမဂ္ဂခေါင်းစဉ်တပ်ပြီး ကျောင်းအလုပ်မလုပ်သော ကျောင်းသားများ
ဒါတင်မ ကသေးဘူး
လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး အခေါင်းသုံးလုံးပြုလုပ်၍ မီးရှို့ဆန
္ဒဖော် ထုတ်ခဲ့သူ ၁၆ ဦးကို အောက်တိုဘာလ ၄ ရက်နေ့က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ရာတွင်
ဗမာနိုင်ငံလုံး ဆိုင် ရာေ ကျာင်းသားသမဂ္ဂများ အဖွဲ့ချုပ် မုံရွာခရိုင်
ကျောင်းသားသမဂ္ဂ မှ သိန်းသန်းဦး၊ ဟိန်းဇော်ဝင်း၊ အာကာ ထက်မိုး တို့ပါ ၀င်ခဲ့ကြတယ်။
ဒါတွေဟာ ကျောင်းသား ကိစ္စတွေပါလား။
ကချင်စစ်ပွဲရပ်ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ဆူပူတဲ့ကျောင်းသားများနဲ့ အားပေးအားမြှောက် ကျောင်းသားအိုများ
ဒါတင် မကသေးဘူး၊
အဆိုပါ အဆောက်အအုံ ပြန်လည် တည်ဆောက်နိုင်ရေး အတွက် ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၈၈
ကျောင်းသား မျိုးဆက်များနှင့် နောက်ပိုင်းကျောင်း သားမျိုးဆက်များ ပူးပေါင်း၍ ဇွန်လ
၁၇ ရက်တွင် ကော်မတီတစ်ရပ်ဖွဲ့ကာ ပူးပေါင်းဆွေးနွေးမှုများ ပြုလုပ်နေပြီး
အဆိုပါအဖွဲ့တွင် နာယကများ အဖြစ် ဆရာကြီး ““ဒဂုန်တာရာနှင့် ၁၉၆၂
ကျောင်းသားဟောင်းများ ပါဝင်ပြီး ယခုတွင် ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်လာပြီဖြစ်သည်””
ဟု အဆိုပါအဖွဲ့မှ ဦးညိုထွန်းက ပြောသည်။ ဒါကို လ ည်း အန်အယ်ဒီ ပါတီ အတွင်းရေးမှူး
ဦးဥာဏ်ဝင်းက မသိကြောင်း ငြင်းတယ်။ မသိမသာနဲ့ပဲ ထားလို က်ကြတယ်။
နောက်ပြီးမန္တလေးမှာ
ကျောင်းခေါ်ချိန်မပြည့်၊ ကျောင်းစည်းကမ်းမလိုက်နာတဲ့ ကျောင်းသား များ ကို ကျောင်း ထုတ်ေ
တာ့ ဗကသဆိုတဲ့ အဖွဲ့နဲ့ စည်းကမ်းပျက် ကျောင်းသား မိဘတွေက သတင်းစာ ရှင်းလင်း ပွဲ
လုပ်ကြ သတဲ့။ ကျောင်းက တာဝန်ရှိသူတွေမပါတဲ့ ကျောင်းသား သမဂ္ဂ ဆိုတဲ့ အဖွဲ့အစည်းေ
တွ၊ ကျောင်းသားတွေကို ကျောင်းစာသင်ဖို့ထက် ဆူပူမှုတွေမှာ ဦးဆောင် ဖို့ သွေးဆောင်
စည်းရုံးေ နသူ တွေ၊ ကျောင်းနံရံတစ်ဝိုက်မှာ ဒေါင်းအလံကြီး စိုက်ချင်နေတဲ့
အဖွဲ့တွေကြောင့် ၈၈ နောက်ပိုင်း ကလေးတွေရဲ့ စိတ်ဓာတ်တွေ ပျက်စီးကုန်ကြပါပြီ။
ကျွန်တော့်သမီးအရွယ်မှာ
သူ့ဘာသာကျောင်းတက်လို့ ကျောင်းစာကို အေးဆေး လုပ်ပါစေ။ ၂၀၁၅ မှာ အာဆီ ယံနို င်ငံ တွင်း
ပညာရေး တန်းတူဖြစ်ချိန်မှာ အရည်အချင်း ရှိတဲ့ ကျောင်းသား ၊ကျောင်းသူေ တွ ဖြစ် ဖို့
အစိုး ရ တာ ၀န်ရှိသူတွေ နဲ့ မိဘကောင်း ပီသတဲ့ မိဘတွေ ပူးပေါင်း လုပ်ဆောင်ကြပါမယ်။
ကလေးေ တွ ကို မဟုတ် တဲ့ မျှော်လင့်ချက်တွေပေးပြီး ဖျက်ဆီးတာတွေကို ရပ်ပေးကြ ပါလို့
ကျောင်းသားအို ကီးများကို တိုက်တွန်း ချင်တယ်။ နောက်ပြီး တစ်နိုင်ငံလုံးက
တာဝန်ရှိသူတွေ စီးပွားေ ရး၊ လူမှုရေး၊ စစ်ရေးတွေနဲ့ ရှုပ်နေ ချိန် မှာ
ခင်ဗျားတို့ရဲ့ ဒေါင်းအလံကြီးလဲ ခဏခေါက်ပြီး သိမ်းထား လိုက်ပါအုံးဗျာ။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။