Pages

Thursday, November 1, 2012

တူမီး လုပ်သေနတ် ( ၁၈၀ ) ရခိုင် အရေးအခင်း တွင် သိမ်းဆည်းရမိ

1.11.2012

လွန်ခဲ့သော အပတ်က ဖြစ်ပေါ်ခဲ့သော ရခိုင် ဆူပူမူအတွင်း တူမီး လုပ်သေနတ် ၁၈၀ ခန့် သိမ်းဆည်း ရမိ သည်ဟု နိုင်ငံတော် သမ္မတ ညွှန်ကြားရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။ဖမ်းဆီး သိမ်းဆည်း ရ မိသော သေနတ်များမှာ ဒေသလုပ် တူမီး ယမ်းထောင်း အမျိုးအစားများ ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများသည် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ဒေသ အ တွင်း သေနတ် လုပ်တတ်သူများဖြင့် အဆိုပါ လက်လုပ်သေနတ်များကို ပြုလုပ်ခဲ့ကာ များ မကြာ ခင် က ဖြစ်ပွားခဲ့သော နှစ်ဘက် တိုက်ခိုက်မူများ တွင် အသုံးပြုခဲ့ကြသည်ဟု သိရသည်။

ယခုအခါ စစ်တွေမြို့ အပါအ၀င် မြို့တိုင်းတွင် သံထည်ဆိုင်များကို အာဏာပိုင်များက အနီးကပ် စောင့် ကြည့်နေပြီး စစ်တွေတွင်မူ သံထည် အရောင်းဆိုင် တချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှောင်တခင် ၀င်ရောက် စစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု စစ်တွေ မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော် က ပြောသည်။

“ ဟုတ်တယ်။ လွန်ခဲ့သော ရက်အနည်းငယ် သံထည် ပစ္စည်းတွေ ရောင်းတဲ့ ဆိုင် သုံးလေးဆိုင်ကို စစ်တွေ မှာ အာဏာပိုင်တွေက ၀င်ရောက် စစ်ဆေးတာကို တွေ့ရတယ်။ အဓိကတော့ သံပိုက်လုံးတွေနဲ့ လက်နက် လုပ်တဲ့ သံထည်တွေကို ၀င်ရောက် စစ်ဆေးတာ ဖြစ်တယ်လို့ သိရတယ်။ ဖမ်းဆီး အရေးယူတာတော့ မရှိ ဘူး” ဟု သူက ဆိုသည်။

ဇွန်လအရေးအခင်း ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ် အတွင်း ဓါး၊လှံနှင့် တူမီး ယမ်းထောင်သေနတ် များ ပြု လုပ် ရာတွင် အသုံးပြုသော သံပိုက်လုံးများကို ၀ယ်ယူသူ များပြားခဲ့ပြီး ယခုအခါ သံထည်ဆိုင်များမှ သံ ထည် များကို အကန့်အသတ်များဖြင့် ရောင်းချနေကြရသည်ဟု သိရသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

တူမီး လုပ်သေနတ် ( ၁၈၀ ) ရခိုင် အရေးအခင်း တွင် သိမ်းဆည်းရမိ

Labels:

1.11.2012

လွန်ခဲ့သော အပတ်က ဖြစ်ပေါ်ခဲ့သော ရခိုင် ဆူပူမူအတွင်း တူမီး လုပ်သေနတ် ၁၈၀ ခန့် သိမ်းဆည်း ရမိ သည်ဟု နိုင်ငံတော် သမ္မတ ညွှန်ကြားရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။ဖမ်းဆီး သိမ်းဆည်း ရ မိသော သေနတ်များမှာ ဒေသလုပ် တူမီး ယမ်းထောင်း အမျိုးအစားများ ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများသည် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ဒေသ အ တွင်း သေနတ် လုပ်တတ်သူများဖြင့် အဆိုပါ လက်လုပ်သေနတ်များကို ပြုလုပ်ခဲ့ကာ များ မကြာ ခင် က ဖြစ်ပွားခဲ့သော နှစ်ဘက် တိုက်ခိုက်မူများ တွင် အသုံးပြုခဲ့ကြသည်ဟု သိရသည်။

ယခုအခါ စစ်တွေမြို့ အပါအ၀င် မြို့တိုင်းတွင် သံထည်ဆိုင်များကို အာဏာပိုင်များက အနီးကပ် စောင့် ကြည့်နေပြီး စစ်တွေတွင်မူ သံထည် အရောင်းဆိုင် တချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှောင်တခင် ၀င်ရောက် စစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု စစ်တွေ မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော် က ပြောသည်။

“ ဟုတ်တယ်။ လွန်ခဲ့သော ရက်အနည်းငယ် သံထည် ပစ္စည်းတွေ ရောင်းတဲ့ ဆိုင် သုံးလေးဆိုင်ကို စစ်တွေ မှာ အာဏာပိုင်တွေက ၀င်ရောက် စစ်ဆေးတာကို တွေ့ရတယ်။ အဓိကတော့ သံပိုက်လုံးတွေနဲ့ လက်နက် လုပ်တဲ့ သံထည်တွေကို ၀င်ရောက် စစ်ဆေးတာ ဖြစ်တယ်လို့ သိရတယ်။ ဖမ်းဆီး အရေးယူတာတော့ မရှိ ဘူး” ဟု သူက ဆိုသည်။

ဇွန်လအရေးအခင်း ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ် အတွင်း ဓါး၊လှံနှင့် တူမီး ယမ်းထောင်သေနတ် များ ပြု လုပ် ရာတွင် အသုံးပြုသော သံပိုက်လုံးများကို ၀ယ်ယူသူ များပြားခဲ့ပြီး ယခုအခါ သံထည်ဆိုင်များမှ သံ ထည် များကို အကန့်အသတ်များဖြင့် ရောင်းချနေကြရသည်ဟု သိရသည်။

0 comments: