Pages

Saturday, October 27, 2012

အရေးပေါ် Facebook လုံခြုံရေး

အခုတလော မြန်မာအချို့နှင့် ဘုန်းတော်ကြီး အချို့ အကောင့်တွေ ဟက်ခံရတယ်ဆိုလို့ မိမိတို့အင်တာနက် အသုံးပြုမှုလုံခြုံရေး အတွက်ရေးလိုက်တာ ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်စာမျက်နှာအတု

ဒါကတော့ အင်တာနက်စတင် သုံးစွဲတာမကြာသေးတဲ့ သူတွေ၊ နည်းပညာ ဗဟုသုတအားနဲ့သေး တဲ့သူတွေ အများဆုံး ခံရတဲ့နည်း တစ်ခုပါပဲ။

မိမိတို့ဝင်မယ့်ဝက်ဆိုက်ဥပမာ Facebook ,Gmail နဲ့ပုံစံတူတူပဲဗျာ ခွဲမရဖူး။ဘယ်လိုခွဲလဲ ဆိုတော့အစစ်က https://www.facebook.com နဲ့ https://mail.google.com ပါ ... အတုကတော့  နာမည် ဆင်တင်တင်တွေ ပေါက်ကရ နာမည်တွေဖြစ်နေမယ်။ အဲဒီတော့ မိမိဝင်မယ့်ဆိုက်ကို လိပ်စာသေချာ စစ်ကြပါ။ Http ဖြစ်နေပြီး https:// မဖြစ်ရင်တောင် မိမိအကောင့် ပါသွားနိုင်တယ်။ အဲဒီတော့ ဒီဝက်ဆိုက်တွေ မှမဟုတ်ဖူး ဘယ်ဝက်ဆိုက်ကိုဝင်ဝင် မိမိမသိတဲ့လိပ်စာမျိုးဆိုရှောင်ရှားကြပါ။ အဲဒီနည်းဖြင့်ခိုးတာကိုphishing လို့ခေါ်ပါတယ်။ ရီဂျက်စတာလုပ်ဖို့ လိုရင် အဲဒီအတွက် အကောင့် သပ်သပ်ထားပါ။ မိမိအရေးကြီး အကောင့်နဲ့ ဘာမှအမှား မလုပ်မိပါစေနဲ့ဗျာ....

Phishing ကို အခုထက်ထိနားမလည်တဲ့သူများ ဘယ်စာမျက်နှာ ဘယ်နေရာမှာဘဲဖြစ်ဖြစ် အမြဲတမ်း Login ၀င်ချင်လျှင် Passwords အမှားနှစ်ခါ သုံးခါလောက်ရိုက်ပြီး မှ ကိုယ့် Password အမှန်ကို ရိုက်ပြီးမှသာ ၀င်ပါ၊ (မှတ်ချက် ( Phishing စာမျက်နှာတိုင်းမှာ ဘယ်ဟာဘဲရိုက်ရိုက် Login Fake Page ကို ၀င်သွားမှာပါဘဲ ) အဲဒါကို အလေ့အကျင့်ပြုပါ၊ Browser မှ URL ကို အထူးသတိထားပါ Password နဲ့  ၀င်ရမည့်နေရာတွင် အဓိက စစ်ကြည့်ပါ။ တကယ်လို့  ကိုယ်ဝင်မယ့် Website က နဲ့  Facebook/Email Web page မဟုတ်ဘဲ Email Login/Facebook Login တွေတောင်းနေပါက မ၀င်ကြပါနှင့်၊ အဲဒါဟာတွေတွေ့ ရင် လူများများကို သတိထားစေရန် အဲဒီ Links ကို Share လုပ်ပေးလိုက်ပါ၊ လူတိုင်း သိသွားအောင်လို့ ပါ၊ သူတို့ လဲ သတိထားလို့ ရတာပေါ့၊

Rats,Trojans,Keylogger,Spyware

ဒါကကတော့မိမိဆီကပက်ဝက်တွေကိုခိုးမယ့်ပရိုဂရမ်တွေပါပဲ Exe နဲ့ လာတတ်ပါတယ် လူတွေစိတ်ဝင် စားအောင် ယုံအောင်ဆော့ဝဲဒေါင်း လုပ်တွေပေးတိုင်းမယုံပါနဲ့။ ကိုယ်ပိုင် လက်တော့နဲ့သုံးသူများဆို အန်တီဘိုင်းရပ်ကိုအမြဲဖွင့်ထားပါ။ဆော့ဝဲတစ်ခု ရလာတာနဲ့စကန်ဖတ်ပါ။ မိမိမသိတဲ့ သူဆီကဖိုင်တွေကို လုံးဝ Click မနှိပ်မိပါစေနှင့် ...

သူများက ဘုန်းဘုန်းတို့  စိတ်ဝင်စားအောင် ပြောပြီး ဟိုဟာ ကို Download လုပ်ခိုင်းတာတို့  ဒီဟာကို သုံးခိုင်းတာ ရှိလျှင် ဘယ်တော့မှ download မလုပ်ပါနဲ့ ၊ IPhone ကို လိုချင်ရင် EXE ဖိုင်ကို သုံးလို့ ဆိုပြီး လိမ်လှယ်မူများကို မယုံပါနဲ့ ၊ ယုံပြီးလုပ်မိပါက ဘုန်းဘုန်းတို့  ခံရမှာပါဘဲ၊ ဟက်တဲ့ Program ကို Download လုပ်တာတို့  ဘာသာရေး စာအုပ်ဆိုပြီး exe files တွေကို download လုပ်တာ ရှောင်ကြည်ပါ၊ ဘာသာရေးစာအုပ်ဆိုတာလည်း EXE ဖိုင်မဟုတ်ပါ၊ Video file ဆိုတာလဲ EXE file မဟုတ်ပါ၊ ဓါတ်ပုံဆိုတာလဲ EXE ဖိုင်မဟုတ်ပါ၊

Hacking စလေ့လာနေသူများလဲအထူးသတိရှိပါ။Hacking ဆိုတာဆော့ဝဲ သုံးပြီးလုပ်တာ မဟုတ်ပါ။ ဒီတော့အန်တီင်္ ဘိုင်းရပ်ပိတ်ဖို့ လိုတဲ့ဆော့ဝဲတွေကို လုံးဝမသုံးတာအကောင်းဆုံးပါ ....

FACEBOOK  Groups Security

Facebook group တွေဒီရက်ပိုင်း ဟက်ခံထိနေပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာ အကြောင်းရေး တင်ကြတဲ့ ဂရုတွေကိုပိုပြီး တားဂတ်ထားတာပါပဲ။

ဘုန်းဘုန်းတို့လို အဲလိုဂရုတွေမှာ အက်မင် တာဝန်ယူထားတဲ့သူများက ပိုပြီးတော့ ဂရုစိုက်သင့်ပါ တယ်။တွေ့ ကရာလျောက် မနှိပ်သင့်ပါ။ပြီးတော့ အပြင်မှာလူချင်းသိတဲ့ယုံကြည်ရတဲ့ သူများကို မသိတာမေးပါ။အွန်လိုင်းမှာမိမိမသိတဲ့သူက Group admin လုပ်ပေးမယ်ဆိုရင် လုံးဝ မပေးသင့်ပါ။ မယုံသင့်ပါ။အက်မင်မပေးလဲ စာတွေတင်လို့ရတယ် ဖတ်လို့ရတာပဲလေ။

Group တွေဖွင့်တယ်ဆိုရင်လည်း Admins (စိတ်ချရတဲ့သူများသာ) များများထားပေးပါ၊အက်မင် ကို ၃ယောက်အနည်းဆုံးထားပေးပါ။

Facebook Group တွေကို ဖွင့်တိုင်း Descriptions တွေကို ရေးဖြစ်အောင် ရေးပါ၊ ပြီးတော့ Group Cover ကို တင်ထားပါ၊ အဲလို မလုပ်ပါက မည်သူမဆို Memberတွေက ပေါက်တတ် ကရ လျှောက်ရေး လျှောက် တင် လို့ ရတယ်ဆိုတာ မမေ့ပါနဲ့ ၊

CREDIT Bro Buglab and all  BHG  Crewz

အားလုံး သတိထားစေရန် ဒီဟာကို များများ Share / Forwards လုပ်ပေးပါ ခင်ဗျာ

အထူးသဖြင့် နည်းပညာအားနည်းသေးသောဘုန်းတော်ကြီးအကောင့်များသို့ရှဲပေးကြပါ ...........

Wytu Therlay

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: