Pages

Wednesday, October 24, 2012

ခါတော်မီခေါင်းဆောင်အဖြစ်နဲ့ နိုင်ငံကိုမချစ်ပါနဲ့

ကျွန်တော်တို့နိုင်ငံမှာ အာဇာနည်ခေါင်းဆောင်ဆိုသူတွေ၊ ဒီမိုကရေစီခေါင်းဆောင်ဆိုသူတွေ၊ ကျောင်း သား ခေါင်းဆောင် ဆိုသူတွေဟာ အလျှိုအလျှိုနဲ့ ပေါ်ထွက်လာလိုက်တာ မနည်းဘူးပဲ။ မိမိ ကိုယ် ကို သာ မ က အချင်းချင်း ကိုလည်း ဂုရုဘွဲ့တံဆိပ်အမျိုးမျိုးပေးပြီး လူထုခေါင်းဆောင် လုပ်နေ ကြတာ မြင်နေ ၊ တွေ့နေ၊ သိနေ၊ ကြားနေရတာ မမြင်ချင်၊ မသိချင်၊ မတွေ့ချင် အဆုံးပါပဲ။ ဒါနဲ့ပတ်သက်လို့ သူတို့ပြောနေကြတာတော့ ``ထောင်ကျခံပြီး ဒီမိုကရေစီတိုက်ပွဲဝင်တဲ့ သူရဲကောင်း တွေတဲ့ ချီးကျူး နေလိုက်ကြတာ´´၊ ဟုတ်တာပေါ့ ကျွန်တော်တို့တပ်မတော်သားတွေဟာ အမိမြေကို ကာကွယ်ရင်း ခြေ၊ လက်၊ အသက်ခန္ဓာတွေကို စွန့်လွှတ်ပြီး တိုင်းပြည်ရန်စွယ်၊ အဖျက်သမား တို့ကို တိုက်ထုတ် ခဲ့တာ၊ တိုင်းပြည်နဲ့ လူမျိုးအတွက်လုပ်နေကြတဲ့ သူတွေကိုကျတော့ အသိအမှတ် ပြုခြင်း ခံရတဲ့ စကားသံလေးတွေတောင် တစ်ကြိမ်တစ်ခါမှ မကြားရပါလား။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုတဲ့စကားတွေကို အော်မြည်ရင်း၊ အဖျက်လုပ်ငန်းတွေ လုပ်ရင်း သေဆုံး သွားတဲ့ သူတွေ ကျတော့ သူရဲကောင်းလို့အမည်တပ်ပြီး အောက်မေ့သတိရတဲ့အခမ်းအနားတို့၊ ရက် လည်၊ လလည်၊ နှစ်ပတ်လည် စသည်ဖြင့် အလှူဒါနပြု၊ အမျှအတန်းဝေ၊ ကြေညာချက်စာတမ်း တွေ ထုတ် ပြီး ကြွေးကြော်နေချိန်မှာ ရှေ့တန်းစစ်မြေပြင်ဝယ် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ရင်း အသက်ပေးလှူသွားတဲ့ တပ်မတော်သားတွေအတွက် အလှူဒါနပြုအမျှအတန်းဝေဖို့ ဘာဖြစ်လို့ သတိ မရကြတာလဲ။ အရေးအခင်းမှာ ဝေလေလေလုပ်ခဲ့တာကြောင့် လိပ်ပြာမလုံစွာနဲ့ထင်မြင်ချက်တစ်ခုကိုလက်ကိုင် ပြု၍ ပြည်ပကို ထွက်ပြေး၊ ပြည်ပမှာဒုက္ခသည်အဖြစ်ခိုလှုံပြီး ပေးစာ၊ ကမ်းစာ ဒေါ်လာတွေမျက်နှာ ကြောင့် မဟုတ်မဟပ် လုပ်ဇာတ်တွေ ဖန်တီးခဲ့ကြတယ်။ ပြည်ပအသံလွှင့် ဌာနတွေ၊ လူ့အခွင့်အရေး အမည်ခံပြီး အမြတ်ထုတ် နေကြတဲ့ သူတွေရဲ့အလိုလိုက်အကြိုက်ဆောင်ပြီး ပြောပြ၊ ငိုပြလုပ်နေတဲ့ အချိန်မှာ ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေကြောင့် ကုန်းကောက်စရာမရှိအောင် ပျက်စီးယိုယွင်းနေတဲ့တိုင်းပြည် ကို ဘယ်သူတွေ တည်ဆောက်ပြုပြင်ခဲ့သလဲ။ ပြည်တွင်း၊ ပြည်ပသွေးထိုးမှုတွေကြောင့် နိုင်ငံအနှံ့၊ နယ်စပ်ဒေသအနှံ့၊ တိုင်းရင်းသားတွေရဲ့ အသက် အိုးအိမ်စည်းစိမ် ခြိမ်းခြောက်ခြင်းခံနေရတဲ့သူတွေအတွက် ဘယ်သူတွေက ကာကွယ်ပေးခဲ့ သလဲ။ ရှေးပဝေသဏီကာလက အဓွန့်ရှည်ကြာတည်တံ့လာခဲ့တဲ့ မြန်မာနိုင်ငံတော်ကို ကမ္ဘာ့မြေပုံပေါ် က ပျောက်ပျက် မသွားအောင် နိုင်ငံတော်ရဲ့နယ်နိမိတ်၊ အကျယ်အ၀န်း၊ ဘောင်ခတ်ထားတဲ့နယ်ခြား ဒေသ တွေ၊ လူမျိုးခြား၊ ဘာသာခြားတွေ လက်ထဲ တစ်လက်မမှ ပါမသွားအောင် ဘယ်သူတွေက ရင် မြေကတုတ်အသက်ဖက်နဲ့ထုပ်ပြီး ကြံ့ကြံ့ခံကာကွယ်ပေးခဲ့သလဲ။ ခင်ဗျားတို့ ဒါကိုသိပါတယ်။ ကိုယ့်ရဲ့မကျေနပ်ချက်၊ ယုံကြည်ချက်တွေကို ဖော်ထုတ်ဖို့အတွက် ကျွန်တော်တို့ကတော့ ဘယ် ပြည်ပ နိုင်ငံ၊ ဘယ်အဖွဲ့အစည်းတွေရဲ့ သြဇာကိုမှမခံဘူးဗျာ။ ခင်ဗျားတို့ဘာကြောင့်လုပ်ခဲ့သလဲ၊ ကျွန်တော်တို့ မမေးဘူး။ စင်ပြိုင်အစိုးရ မဖွဲ့ဘူးဗျာ။ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းရင်းသားတွေအတွက်ပဲ အလုပ်တွေ လုပ်ခဲ့ တယ်။ နိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက်လို့ အသံကောင်းဟစ်ကာ အဖွဲ့အစည်းတွေဖွဲ့ပြီး တောတွင်း ရောက်သွားကြတဲ့ ခင်ဗျားတို့ကြောင့် အရွယ်မရောက်သေးတဲ့ ကျောင်းသား/ကျောင်းသူတွေ နိုင်ငံရေး နားမ လည်တဲ့ လူငယ်၊ လူမမယ်လေးတွေ ဘယ်လောက်များခဲ့သလဲ။ ဘယ်လောက်ကျဆုံးခဲ့သလဲ။ မျှော်လင့်ချက် ပျောက်ခဲ့သလဲ။ ပြည့်တန်ဆာဖြစ်ခဲ့သလဲ။ ဒီလိုဖြစ်ခဲ့တဲ့ဘေးဒုက္ခ အဖြစ်အပျက်အတွက် ခင်ဗျားတို့ တာဝန်ယူခဲ့သလား။ တိုင်းရင်းသားပြည်သူတွေအေးချမ်းအောင် နေ့မနား၊ ညမအား ကာကွယ် ပေးနေတဲ့ တပ်မတော်သားတွေရဲ့တာဝန်လား။ ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတဲ့ ဝေါဟာရ တွေကို ကြားကောင်းအောင် ပြောပြီး ဇိမ်ခံနေတဲ့ ခင်ဗျားတို့တာဝန်လား။ ခင်ဗျားတို့ရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကြောင့် သေဆုံးခဲ့၊ ဘ၀ပျက်ခဲ့၊ လမ်းစပျောက်ခဲ့သူတွေ အတွက် တာဝန်မရှိကြဘူးလား။ သူတို့ အတွက် ဘာတွေလုပ်ပေးမှာလဲ။ ဆယ်စုနှစ်ပေါင်း ၂ ခုလောက်ကြာလာတဲ့အချိန်ကျမှ ``တောင်းပန် ပါတယ်´´ ဆိုတဲ့ စကားတစ်ခွန်းနဲ့တောင် ခါးစည်းခံခဲ့ရတဲ့ ကျွန်တော်တို့ပြည်သူတွေ ကြည်နူး စိတ်ပြေခဲ့ရပါပြီ။ ယနေ့အချိန်အခါ ကျွန်တော်တို့နိုင်ငံဟာ ခင်ဗျားတို့တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံး နေတဲ့ ဒီမိုက ရေစီနိုင်ငံ တစ်နိုင်ငံ ဖြစ်နေပါပြီ။ ဒီမိုကရေစီရဲ့ ခက်မသုံးဖြာကလည်း ယခုအချိန်မှာ ခိုင်ခိုင် မာမာ ရပ်တည်လည်ပတ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လူမျိုးစု အများ အပြား ရှိတဲ့ အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဦးစားပေးဆောင် ရွက်နေ သလို နိုင်ငံရေး တည်ငြိမ်ရန်၊ ငြိမ်းချမ်းရေးရရှိရန် တို့ကိုလည်း ဆောင်ရွက်နေပါတယ်။ အဲဒီလ ဒီမိုကရေစီ ခေတ်ကို လျှောက်လှမ်းနေတဲ့အတွက်လည်း ပြည်သူပြည်သားအားလုံးက ၀မ်းပန်းတသာနဲ့ ကြိုဆို ပါဝင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ကြောင့် ခံယူချက်တွေ၊ ယုံကြည်ချက်တွေ အသီးသီးနဲ့ ပြည်တော်ပြန်လာနေကြတဲ့ ခင်ဗျားတို့ တွေရဲ့ နိုင်ငံချစ်စိတ် ကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ခါတော်မီ ဒီမိုကရေစီခေါင်းဆောင်၊ ခါတော်မီ သူရဲကောင်းတော့ မလုပ်ပါနဲ့လို့ ကြိုတင်တောင်းဆိုပါရစေ။ ခင်ဗျားတို့ကြောင့် ပျက်စီးယိုယွင်း ခဲ့ပြီ ဖြစ်တဲ့ ရုပ်ဝတ္ထုပေါင်းများစွာအတွက်၊ ဆုံးရှုံးခဲ့ရပြီဖြစ်သော အသက်ခန္ဓာပေါင်းများစွာအတွက် ပေးဆပ် ရင်း `` ခါတော်မီသူရဲကောင်းအဖြစ်နဲ့ တိုင်းပြည်ကိုမချစ်ဘဲ´´ အနာဂတ်ဒီမိုကရေစီပန်းတိုင် ကို လျှောက် လှမ်းကြပါစို့လို့ တိုက်တွန်းလက်ကမ်းလိုက်ပါတယ်။

From :  ၀တီ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ခါတော်မီခေါင်းဆောင်အဖြစ်နဲ့ နိုင်ငံကိုမချစ်ပါနဲ့

Labels:

0 comments: