Pages

Wednesday, October 24, 2012

အစိုးရသစ် လက်ထက် ၉ နှစ်အတွင်း လူတစ်ဦးလျှင် ဖုန်း ၁ လုံး အသုံးပြုနိုင်မည့် ပမာဏအထိ တိုးချဲ့မည်

အစိုးရသစ် လက်ထက် ၉ နှစ်အတွင်း မြန်မာနိုင်ငံတွင် လူတစ်ဦးလျှင် အနည်းဆုံး ဖုန်း ၁ လုံးအသုံးပြုနိုင်သည့် ပမာဏအထိတိုးချဲ့ရန် စီစဉ်ထား ကြောင်း သိရသည်။ မြန်မာ နိုင်ငံ၏ လက်ရှိဖုန်း အသုံးပြုမှုနှုန်းမှာ လူ ၁၀၀ တွင် ၇ ဦးကျော်သာ အသုံးပြုနိုင်သည့် အနေအထား ရှိကြောင်း သိရသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် အစိုးရသစ် စတင် တာဝန်ယူခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အထိ ၅ နှစ်အတွင်း ဖုန်းအလုံးရေ ၄၅ သန်းအထိ တပ်ဆင်ရန်လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အထိ နောက်ထပ် ၅ နှစ်တွင် ဖုန်းအလုံးရေ ၇၆ သန်း အထိလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာ နှစ်အထိ တတိယ ၅ နှစ်တွင် ဖုန်းအလုံးရေ သန်း ၁၂၀ အထိ လ ည်းကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှ ၂၀၃၀- ၂၀၃၁ ဘဏ္ဍာနှစ်အထိ စတုတ္တ ၅ နှစ်တွင် ဖုန်းအလုံးရေ သန်း ၁၅၀ အထိလည်းကောင်း တိုးချဲ့တပ်ဆင်သွားရန် စီမံကိန်း ချမှတ် လုပ်ဆောင် လျက်ရှိသည်ဟု သိရှိရ သည်။ ထို့အတွက် အစိုးသစ် လက်ထက်မှ ၁၀ နှစ်သက်တမ်း ရောက်ရှိမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ ၌ တိုးချဲ့မည့် ဖုန်းအလုံးရေမှာ ၇၆ သန်းရှိလာမည်ဖြစ်ရာ လက်ရှိနိုင်ငံလူဦးရေ သန်း ၆၀ ဖြင့် တွက်ချက်ပါက လူတစ်ဦးလျင် အနည်းဆုံး ဖုန်းတစ်လုံး ကိုင်နိုင်သည့် နှုန်းအထိ ဖုန်းသိပ်သည်း ဆ ရှိလာမည် ဖြစ်ကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍပြုပြင် ပြောင်း လဲမှုမှာ အိမ်နီးချင်းနိုင်ငံ၊ အာဆီယံနိုင်ငံများ ထက် ၁၅ နှစ်အထိ နောက်ကျကျန်နေပြီး ယနေ့ နိုင်ငံတကာ ဖုန်းဈေးနှုန်း၊ ဖုန်းစနစ်များဖြင့် နှိုင်းယှဉ်ပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အတတ်နိုင်ဆုံး လျော့ချပေးထား ပါသည် ဆိုသော မိုဘိုင်းဖုန်း တစ်လုံး ကျပ် ၂ သိန်းမှာ မဖြစ်သင့် သည့်ဈေးတွင် ပင်ရှိနေဆဲဖြစ်သည်ဟုလည်း အများပြည်သူက သုံးသပ်ကြသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကိုလည်း ကော်ပိုရေးရှင်း အသွင်ဖြင့် စီးပွားရေး ဆန်ဆန် ဆောင်ရွက်ပြီး ကိုယ့်ဝင်ငွေ ပေါ်ရပ်တည်မည့် အကြောင်းကိုလည်း ထုတ်ပြန် ထားသည်။ စီးပွားရေး ဆန်ဆန် ဆောင်ရွက်လျက် ရှိသော်လည်း မျှတသည့် အသွင်ဖြင့်ဆောင်ရွက် သင့်ကြောင်း နှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍအား မြှင့်တင်ပေး နိုင်ခြင်းမရှိပဲ ကုမ္ပဏီ အကျိုးသာ ပိုမိုဖြစ်ထွန်း နေသည့် အနေအထား ကိုလည်း ထည့် သွင်း တွက်ချက်ရန် လိုကြောင်း၊ အများပြည်သူ အဆင်ပြေရေး ပိုကြည့်သည့် ကုမ္ပဏီ များကို အများစု လုပ်ကိုင်ခွင့် ပေးသင့်ပြီဖြစ်သည်ဟုလည်း ဆက်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးက ထောက် ပြခဲ့သည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

အစိုးရသစ် လက်ထက် ၉ နှစ်အတွင်း လူတစ်ဦးလျှင် ဖုန်း ၁ လုံး အသုံးပြုနိုင်မည့် ပမာဏအထိ တိုးချဲ့မည်

Labels:

အစိုးရသစ် လက်ထက် ၉ နှစ်အတွင်း မြန်မာနိုင်ငံတွင် လူတစ်ဦးလျှင် အနည်းဆုံး ဖုန်း ၁ လုံးအသုံးပြုနိုင်သည့် ပမာဏအထိတိုးချဲ့ရန် စီစဉ်ထား ကြောင်း သိရသည်။ မြန်မာ နိုင်ငံ၏ လက်ရှိဖုန်း အသုံးပြုမှုနှုန်းမှာ လူ ၁၀၀ တွင် ၇ ဦးကျော်သာ အသုံးပြုနိုင်သည့် အနေအထား ရှိကြောင်း သိရသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် အစိုးရသစ် စတင် တာဝန်ယူခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အထိ ၅ နှစ်အတွင်း ဖုန်းအလုံးရေ ၄၅ သန်းအထိ တပ်ဆင်ရန်လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အထိ နောက်ထပ် ၅ နှစ်တွင် ဖုန်းအလုံးရေ ၇၆ သန်း အထိလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာ နှစ်အထိ တတိယ ၅ နှစ်တွင် ဖုန်းအလုံးရေ သန်း ၁၂၀ အထိ လ ည်းကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှ ၂၀၃၀- ၂၀၃၁ ဘဏ္ဍာနှစ်အထိ စတုတ္တ ၅ နှစ်တွင် ဖုန်းအလုံးရေ သန်း ၁၅၀ အထိလည်းကောင်း တိုးချဲ့တပ်ဆင်သွားရန် စီမံကိန်း ချမှတ် လုပ်ဆောင် လျက်ရှိသည်ဟု သိရှိရ သည်။ ထို့အတွက် အစိုးသစ် လက်ထက်မှ ၁၀ နှစ်သက်တမ်း ရောက်ရှိမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ ၌ တိုးချဲ့မည့် ဖုန်းအလုံးရေမှာ ၇၆ သန်းရှိလာမည်ဖြစ်ရာ လက်ရှိနိုင်ငံလူဦးရေ သန်း ၆၀ ဖြင့် တွက်ချက်ပါက လူတစ်ဦးလျင် အနည်းဆုံး ဖုန်းတစ်လုံး ကိုင်နိုင်သည့် နှုန်းအထိ ဖုန်းသိပ်သည်း ဆ ရှိလာမည် ဖြစ်ကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍပြုပြင် ပြောင်း လဲမှုမှာ အိမ်နီးချင်းနိုင်ငံ၊ အာဆီယံနိုင်ငံများ ထက် ၁၅ နှစ်အထိ နောက်ကျကျန်နေပြီး ယနေ့ နိုင်ငံတကာ ဖုန်းဈေးနှုန်း၊ ဖုန်းစနစ်များဖြင့် နှိုင်းယှဉ်ပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အတတ်နိုင်ဆုံး လျော့ချပေးထား ပါသည် ဆိုသော မိုဘိုင်းဖုန်း တစ်လုံး ကျပ် ၂ သိန်းမှာ မဖြစ်သင့် သည့်ဈေးတွင် ပင်ရှိနေဆဲဖြစ်သည်ဟုလည်း အများပြည်သူက သုံးသပ်ကြသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကိုလည်း ကော်ပိုရေးရှင်း အသွင်ဖြင့် စီးပွားရေး ဆန်ဆန် ဆောင်ရွက်ပြီး ကိုယ့်ဝင်ငွေ ပေါ်ရပ်တည်မည့် အကြောင်းကိုလည်း ထုတ်ပြန် ထားသည်။ စီးပွားရေး ဆန်ဆန် ဆောင်ရွက်လျက် ရှိသော်လည်း မျှတသည့် အသွင်ဖြင့်ဆောင်ရွက် သင့်ကြောင်း နှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍအား မြှင့်တင်ပေး နိုင်ခြင်းမရှိပဲ ကုမ္ပဏီ အကျိုးသာ ပိုမိုဖြစ်ထွန်း နေသည့် အနေအထား ကိုလည်း ထည့် သွင်း တွက်ချက်ရန် လိုကြောင်း၊ အများပြည်သူ အဆင်ပြေရေး ပိုကြည့်သည့် ကုမ္ပဏီ များကို အများစု လုပ်ကိုင်ခွင့် ပေးသင့်ပြီဖြစ်သည်ဟုလည်း ဆက်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးက ထောက် ပြခဲ့သည်။
0 comments: