Pages

Saturday, October 27, 2012

ရိုဟင်ဂျာ ၅ ယောက်က အမျိုးသား ဒီမိုကရေစီ ပါတီသစ် သို့ သိန်း ၆၀၀ ကျော် လာဘ်ထိုး သော်လည်း ဥက္ကဌ ဦးသိန်းညွှန့် မှ ( လုံးဝ ) လက်မခံ

လွှတ်တော် တွင် ရခိုင် အရေး ကိစ္စ ဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီ ပါတီသစ် က ရခိုင်ဘက်မှ ငွေကျပ် သိန်း ၆၀၀ ပေးခဲ့သည့် သတင်းမှာ မဟုတ်မှန် ကြောင်းကို အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့် က ပြောသည်။ ရခိုင် အရေးဖြစ်ပြီးနောက် ၁ ပတ် ၁၀ ရက် ကာလ အကြာ တွင် ရိုဟင်ဂျာ ၅ ယောက်က ရခိုင် ဒုက္ခသည်များကို ကူညီပံ့ပိုးရန် ( NNDP ) ရုံးသို့ ငွေကျပ် သိန်း ၆၀၀ ကျော် လက်ခံရန် လာပြော ကြောင်း၊ NNDP ပါတီ အမည်ခံ၍ လှူဒါန်း မည့် ငွေကြေး ကုန်ကျစရိတ် သိန်း ၁၀၀၀ ကျော်လျှင် လည်း လှူပေးမည် ဖြစ်ကြောင်းနှင့် လေယာဉ် လက်မှတ် အသွားအပြန် ကုန်ကျစရိတ် အားလုံးကို ရိုဟင်ဂျာ များမှ တာဝန်ယူမည်ဟု ပြောကြောင်း NNDP ပြန် ကြားရေး တာဝန်ခံက ပြောသည်။

"ဒီ ငွေတွေကို ငါတို့ ပါတီ အနေနဲ့ လက်ခံလို့ မရဘူး။ ရခိုင် ဒေသ မှာ လှူချင်ရင် အစိုးရ ထံကို သွားလှူ လို့ ငြင်းလိုက်တယ်။ လွှတ်တော်မှာ ရခိုင် အရေး ကိစ္စ ဆွေးနွေးတာက လည်း ရခိုင် လူမျိုးတွေ အတွက် ဆွေးနွေးခဲ့တာမဟုတ်ဘူး။ ပြည်ထောင်စုကြီး အတွက် ဆွေးနွေးခဲ့တာ၊ လွှတ်တော်မှာ တင်ပြခဲ့တဲ့ သမိုင်း၊ အထောက်အထား တွေက ရခိုင်ဘက်က ပေးလာတဲ့ အထောက်အထား ကိုလည်း အခြေမခံဘူး။ ရိုဟင်ဂျာ တွေက ပေးလာတဲ့ အချက်အလက် တွေကိုလည်း အခြေမခံ ဘူး။ သမိုင်း သုတေသီ တွေ က ပေးလာတဲ့ အချက်အလက် တွေကို လွှတ်တော်မှာ တင်ပြခဲ့တာ ဟု NNDP ဥက္ကဋ္ဌ ဦးသိန်းညွန့် က ပြောသည်။

သူတို့ လှည့်ကွက်ထဲ လည်း မ၀င်ရော ရုံးကို နေ့ရောညပါ တယ်လီဖုန်းနဲ့ ခြိမ်းခြောက်တယ်။ ကမ်းလှမ်း ချက် မရရင် NNDP ရုံးရှေ့မှာ ဆန္ဒထုတ်ဖော် သပိတ်မှောက်မယ် လို့ အကြိမ်ပေါင်း များစွာ ခြိမ်းခြောက် တယ်။ သိပ်မကြာဘူး၊ ရုံးကို စာတိုက်ကနေ ( သို့ ဦးသိန်းညွန့် လွှတ်တော်ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီပါတီသစ် သင်္ဃန်းကျွန်းမြို့နယ် ) လို့ လိပ်မူပြီး ခြိမ်းခြောက်စာ တစ်စောင် ရောက်လာခဲ့တယ် ဟု ၎င်းက ထပ်မံ ပြောသည်။

ထိုစာ၏ ဇာစ်မြစ်၊ ခြိမ်းခြောက် သည့် ဖုန်းနံပါတ်များ ကို ဖော်ထုတ်ရန်အတွက် အစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင်တွင် တာဝန်ရှိကြောင်း၁၉၈၂ ခုနှစ် အမျိုးသား နိုင်ငံသား ဥပဒေကို ဖျက်သိမ်းရန် မလိုကြောင်းနှင့် ထိုဥပဒေကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။

မောင်ကျောက်ခဲ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ရိုဟင်ဂျာ ၅ ယောက်က အမျိုးသား ဒီမိုကရေစီ ပါတီသစ် သို့ သိန်း ၆၀၀ ကျော် လာဘ်ထိုး သော်လည်း ဥက္ကဌ ဦးသိန်းညွှန့် မှ ( လုံးဝ ) လက်မခံ

Labels:

လွှတ်တော် တွင် ရခိုင် အရေး ကိစ္စ ဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီ ပါတီသစ် က ရခိုင်ဘက်မှ ငွေကျပ် သိန်း ၆၀၀ ပေးခဲ့သည့် သတင်းမှာ မဟုတ်မှန် ကြောင်းကို အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့် က ပြောသည်။ ရခိုင် အရေးဖြစ်ပြီးနောက် ၁ ပတ် ၁၀ ရက် ကာလ အကြာ တွင် ရိုဟင်ဂျာ ၅ ယောက်က ရခိုင် ဒုက္ခသည်များကို ကူညီပံ့ပိုးရန် ( NNDP ) ရုံးသို့ ငွေကျပ် သိန်း ၆၀၀ ကျော် လက်ခံရန် လာပြော ကြောင်း၊ NNDP ပါတီ အမည်ခံ၍ လှူဒါန်း မည့် ငွေကြေး ကုန်ကျစရိတ် သိန်း ၁၀၀၀ ကျော်လျှင် လည်း လှူပေးမည် ဖြစ်ကြောင်းနှင့် လေယာဉ် လက်မှတ် အသွားအပြန် ကုန်ကျစရိတ် အားလုံးကို ရိုဟင်ဂျာ များမှ တာဝန်ယူမည်ဟု ပြောကြောင်း NNDP ပြန် ကြားရေး တာဝန်ခံက ပြောသည်။

"ဒီ ငွေတွေကို ငါတို့ ပါတီ အနေနဲ့ လက်ခံလို့ မရဘူး။ ရခိုင် ဒေသ မှာ လှူချင်ရင် အစိုးရ ထံကို သွားလှူ လို့ ငြင်းလိုက်တယ်။ လွှတ်တော်မှာ ရခိုင် အရေး ကိစ္စ ဆွေးနွေးတာက လည်း ရခိုင် လူမျိုးတွေ အတွက် ဆွေးနွေးခဲ့တာမဟုတ်ဘူး။ ပြည်ထောင်စုကြီး အတွက် ဆွေးနွေးခဲ့တာ၊ လွှတ်တော်မှာ တင်ပြခဲ့တဲ့ သမိုင်း၊ အထောက်အထား တွေက ရခိုင်ဘက်က ပေးလာတဲ့ အထောက်အထား ကိုလည်း အခြေမခံဘူး။ ရိုဟင်ဂျာ တွေက ပေးလာတဲ့ အချက်အလက် တွေကိုလည်း အခြေမခံ ဘူး။ သမိုင်း သုတေသီ တွေ က ပေးလာတဲ့ အချက်အလက် တွေကို လွှတ်တော်မှာ တင်ပြခဲ့တာ ဟု NNDP ဥက္ကဋ္ဌ ဦးသိန်းညွန့် က ပြောသည်။

သူတို့ လှည့်ကွက်ထဲ လည်း မ၀င်ရော ရုံးကို နေ့ရောညပါ တယ်လီဖုန်းနဲ့ ခြိမ်းခြောက်တယ်။ ကမ်းလှမ်း ချက် မရရင် NNDP ရုံးရှေ့မှာ ဆန္ဒထုတ်ဖော် သပိတ်မှောက်မယ် လို့ အကြိမ်ပေါင်း များစွာ ခြိမ်းခြောက် တယ်။ သိပ်မကြာဘူး၊ ရုံးကို စာတိုက်ကနေ ( သို့ ဦးသိန်းညွန့် လွှတ်တော်ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီပါတီသစ် သင်္ဃန်းကျွန်းမြို့နယ် ) လို့ လိပ်မူပြီး ခြိမ်းခြောက်စာ တစ်စောင် ရောက်လာခဲ့တယ် ဟု ၎င်းက ထပ်မံ ပြောသည်။

ထိုစာ၏ ဇာစ်မြစ်၊ ခြိမ်းခြောက် သည့် ဖုန်းနံပါတ်များ ကို ဖော်ထုတ်ရန်အတွက် အစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင်တွင် တာဝန်ရှိကြောင်း၁၉၈၂ ခုနှစ် အမျိုးသား နိုင်ငံသား ဥပဒေကို ဖျက်သိမ်းရန် မလိုကြောင်းနှင့် ထိုဥပဒေကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။

မောင်ကျောက်ခဲ

0 comments: