28.10.2012
တပ်မတော်က အာဏာသိမ်းပီး ဘာလို့ချက်ချင်း အရပ်းသားအစိုးရအဖွဲ့ကိုအာဏာလွဲပြောင်းမပေးလဲ ??
ကျွန်တော်တို့တပ်မတော်က အာဏာသိမ်းပီး ဘာလို့ချက်ချင်း အရပ်းသား အစိုးရအဖွဲ့ကို အာဏာ လွဲပြောင်းမပေးလဲ ??
လွတ်လပ်ရေးရပီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ အရမ်းကိုရှုတ်ထွေးခဲ့တယ်.. စည်လုံးမှု့ပျက်ပြားခဲ့တယ် မည်သည့် အရပ်သားမှ စည်းလုံးအောင် မထိန်းသိမ်းနိုင်ခဲ့ဘူး။ တစ်ဖွဲ့ပီး တစ်ဖွဲ့ တောခိုကြတယ် သမ္မတွေ ဝန်ကြီးတွေ တစ်ယောက်ပီးတစ်ယောက် ပြုတ်ကျကြတယ် ။ ဘာလို့လဲ ? ဦးအောင်သင်းပြောသလိုပြောရရင်တော့ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးကြီးက ပညာမတတ်တဲ့ လူတွေ လက်ထဲကို ပရမ်းပတာ ရောက်ခဲ့လို့ပဲလို့ ပြောရမလိုပါပဲ ။ ဒါအပြင် အင်အားတောင့် တင်းတဲ့ တပ်မတော် တစ်ရပ် မရှိခဲ့လို့ဆိုတာလည်း အထင်အရှားပါ (အင်အားတောင့်တင်း တဲ့တပ်မတော်ရှိခဲ့ရင် အာဏာကိုခ ဏထိန်းပီး အရပ်သားအစိုးရ ကိုပြန်အပ်ပေး လို့၇ပါတယ်။ ဒေါ်စုကြည် ကို ဘာလို့မပေးခဲ့လဲ ?? ဒေါ်စုကြည် ဟာ ကလေးဘဝကနေ အသက် 40 လောက်ထိဟာ နိုင်ငံခြား မှာ ပဲ နေထိုင်လာ ခဲ့ တာဖြစ် တယ်။ နိုင်ငံရေး ဆိုတာကို သူနားမလည်ဘူး ဘာလို့အဲလိုပြောလဲ ?? သူဟာ နိုင်ငံခြားမှာ ပညာသင်စဉ် ကတည်းက မြန်မာနိုင်ငံရေးမှာဝင်ရောက်ပီး လုပ်ကိုင်ပေးဖို့စိတ်ကူး မရှိဘူး ဆို တာကြောင့် က တစ်ကြောင်း။ နိုင်ငံခြားမှာပညာသင်ပီး နိုင်ငံခြားသား(မိမိနိုင်ငံကို ကျွန်ပြုအုပ်ချုပ်သွားသူ နိုင်ငံသား) ကိုလက်ထပ်ပီး ကလေးတွေရသည်တိုင် အဲမှာပဲနေခဲ့ခြင်းက တစ်ကြောင်း ၊ နိုင်ငံကိုပြန်လာစဉ် က လည်း ပြည်သူတွေ အတွက် နိုင်ငံရေးလုပ်ပေးဖို့ရည်ရွယ်ချက်ဖြင့် ပြန်လာခြင်းမဟုတ်ပဲ မိမိရဲ့ အမေ အသည်း အသန်ဖြစ်နေခြင်းကြောင့် သာ ပြန်လာခြင်းက တစ်ကြောင်း.. )။ အဲလိုလူတစ်ယောက် လက်ထဲ ကို အလုံးစုံသော အာဏာအပ်နှင်းဖို့ဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်။ နိုင်ငံရေး ဆိုတာ အင်မတန် ရှုတ်ထွေးတယ်။ " ဗိုလ်ချုပ်မှုးကြီးဟောင်းဦးသန်းရွှေရဲ့ စကားပြန်သုံးရရင်တော့.. နိုင်ငံရေးဟာ စစ်ရေး နဲ့ဆက်စပ်နေ တယ်၊ စစ်ရေးဟာ အုပ်ချုပ်ရေး၊ စီးပွားရေးတွေနဲ့ ဆက်စပ်နေတယ်။ တစ်နေ့ တိုင်းပြည် ရဲ့ ခေါင်းဆောင်ဖြစ်လာမယ့် ဗိုလ်လောင်းတို့ဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ဆိုတဲ့ အမြင် (၄)မြင်ရှိဖို့လိုတယ်။ " ဆိုသလိုပါပဲ ဒေါ်စုကြည်ဟာ ဒီလိုအမြင်တွေရှိပါရဲ့လား (လွန်ခဲ့တဲ့ ၁၉၉၀ တုန်း ကနော်) ?? ဒါက ဒေါ်စုကြည်ကို အာဏာ မလွဲပေးနိုင်ခဲ့ခြင်းရဲ့ အဓိက အကြောင်းတွေထဲက တစ်ချို့ပါ (ကျွန်တော်မသိတာတွေရှိနေလိမ့်အုံးမည်။ ကျွန်တော်ပြောနေတာတွေ မှားလျှင် ဆွေးနွေး နိုင် သည်။)
ဒီတော့ တပ်မတော်က အာဏာကိုရယူခဲ့တယ်..။ထိုအချိန်တွင် နိုင်ငံတော်တွင် ဘဏ်ဏ္ဍာငွေဟာလည်း မရှိသလောက်ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ဒီအရင် အစိုးရအဆက်ဆက်ဟာ သမဝါယဆို ပီးတော့ ပြည်သူတွေကို အလကားကျွေးပေးခဲ့တယ် (အလုပ်မပေးပဲ အစားပဲပေးခဲ့တာကိုပြောချင်တာ) ။ တိုင်ပြည်အတွက် စီမံကိန်းတွေတည်ဆောက်ခဲ့တယ် တစ်ခုမှ မအောင်မြင်ခဲ့ဘူးဟု သိရပါတယ်။ အဲဒီ အချိန် မှာပဲ တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းပေါင်းများစွာရှိနေပီဖြစ်တယ်။ ရန်ကုန် အစိုးရ ဟု ခေါ်လောက်အောင်ပင် တပ်မတော်ဟာ အင်အားချည့်နဲ့ခဲ့ရတယ်။ ဒီလိုအခြေအနေတွေမှာ မည်သူ သည် တိုင်ပြည်ကိုပြန်လည်စုရုံးတည်ငြိမ်အောင် အုပ်ချုပ်နိုင်ပါမည်နည်း ?? ထိုအချိန်မှာ တပ်မတော်မှ တာဝန် ယူပီး တစ်နိုင်ငံလုံးကိုပြန်လည်ထိုးစစ်ပေါင်းများစွာဆင်နွဲး၍ အာဏာရယူခဲ့တယ်။ (ထိုအချိန်တွင် တပ်မတော်မှာ အင်အားတောင့်တင်းခြင်းမရှိ၍ တစ်ချို့ တိုက်ပွဲများတွင် စခန်းသိမ်းပီး သည့်တိုင်ခံစစ်ဆင် ရန် လက်နက် ခဲယမ်းမရှိ၍ သေဆုံးတဲ့အထိ ခံစစ်ဆင်ခဲ့ရတဲ့ စစ်သည်တွေ ရှိခဲ့ဖူးသည်။ တပ်မတော်ရဲ့ အင်အားဟာ အရမ်းကိုချည့်နဲ့နေခဲ့ပါတယ် ) အဲနောက်ပိုင်းမှာ တပ်မတော် အင် အားတောင့် တင်း ဖို့လို အပ် လာသည့်အတွက် နိုင်ငံတော် အကြီးအကဲများဟာ တပ်မတော်ကိုအင် အားတောင့် တင်းဖို့ကြိုးစား ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းလွန်လပ်ရေးမရခင်ကတည်းက လွတ်လပ်ရေး လျှင် တိုင်ပြည်အ တွက် လေ တပ် ကြည်းတပ် ရေတပ်တွေကို ဘယ်လို တည်ဆောက် မယ် ဘယ်လောက် ကုန်ကျမယ် နိုင်ငံ ဘဏ္ဍာငွေ က ဘယ်လောက်ရှိလို့ ဘယ်လိုလုပ်မှ တိုင်းပြည်တိုးတက်မယ် " တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမယ်" ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ယုံကြည်မှု့ထဲက တစ်ခုပါပဲ။ တစ်ချိန်တည်းမှာပဲ အနာဂတ်နိုင်ငံတော်အတွက် လိုအပ်တဲ့ ခေါင်းဆောင်ကြီးတွေ ခေါင်းဆောင် ငယ်တွေ မွှေး ထုတ် ဖို့ကြိုးစားခဲ့တယ်။ ထိုနည်းတူစွာ အနာဂတ်နိုင်ငံရေး တည်ငြိမ်ပီးမမှိတ်မသုန်ရှေ့ဆက်သွားနိုင်ဖို့ တပ်မတော် ကို နိုင်ငံတော်ရဲ့ အဓိကက အခန်းမှာထည့်သွင်းခဲ့တယ်။အနာဂတ်နိုင်ငံတော်အတွက် အင်အားတောင့်တင်း တဲ့ ပြည်ခိုင်းဖြိုးပါတီကို ဖွဲ့စည်းပေးခဲ့တယ် ။ (ဒီမှာပြောစရာတစ်ခုရှိတယ်... ။ တပ်မတော်အာဏာထိန်းသိမ်းခဲ့စဉ်မှာ တစ်ချို့ တပ်မတော် အရာရှိကြီး/ငယ်တွေဟာ ပြည်သူတွေအပေါ်ကို အနိုင်ထက်စီးနင်းပြုလုပ်ခြင်းတွေရှိသည်။ ထိုသူများသည်လည်း ပြည်သူများမှ လာသောသူများဖြစ်သည်။ ထိုအတွက် လူဆိုတဲ့ စိတ်ကိုနားလည်ပေး စေချင်သည်။ လူဆိုတာ ကိုယ်အာကြီးစဉ်မှာ ကြီးနိုင်ငယ် ညှင်းပြုလုပ်ချင် တတ်တယ် ။ )
ထိုအတွက် တပ်မတော်ကိုအပြစ်တင်မည်လား ??? ဒါဆိုရင် လွတ်လပ်ရေးရအောင် အသက်တွေပေး ဆပ်ခဲ့တဲ့တပ်မတော်အတွက် ပြည်သူတွေရဲ့ အဆုံးအဖြတ်က ဒါလား ။ (ဒီလိုဆိုရင် အရင်လူတွေ မစားပဲ စွန်ခဲ့လို့ အခုလူတွေ မစွန့်ပဲစားနေကြတာလို့ပြောမှာလား။ ဒါဆို အခု တပ်မတော် သားတွေပြန် စွန့် နေ တာကိုရော ပြည်သူတွေ အသိအမှတ် မပြုနိုင်ဘူးလား။ နောက်လူတွေအတွက်ပဲ ထပ်ချန်ခဲ့ပေး ရမှာလား ?? တစ်ချို့မကောင်းတဲ့ အရာရှိတွေအတွက် တပ်မတော်တစ်ရပ်လုံးကိုစော်ကားဖို့ အပြစ်တင် ဖို့ရော သင့်တော်ပါရဲ့လား ??? ကြည့်တတ် မြင်တတ်ပါစေ ပြည်သူတွေ။ မျက်မှန်အစိမ်းကြီး ချွတ်ဖို့ အချိန်တန်ပီးဟု အကြံပြုလိုပါသည်။
ယနေ့တိုင်းပြည်အတွက် ဘယ်သူတွေ ဘာတွေလုပ်နေသလဲ ??
သမ္မတကြီးဦးသိန်းစိန်... သန်းခြောက်ဆယ်သော လူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေရရေး နိုင်ငံတကာအလယ်မှာ ကျမ်းမာရေးကိုမျှ မထောက် အောက်ကျခံဆက်ဆံကာ ပြည်သူတွေ အတွက် အလုပ်အကိုင်တွေ အခွင့်အလန်းတွေ ဖန်တီးဖို့ကြိုးစားနေသည်။ သမ္မရုံးဝန်ကြီးတွေ ဘာလုပ်နေသလဲ ??
ဝန်ကြီးတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးစား နေသည် ။ ညှိနှိုင်းဆောင် ရွက်နေ သည်။ (မကြာမှီငြိမ်းချမ်းရေးရလိမ့်မည်ဟု မျှော်လင့်ပါသည်။)
ယနေ့တပ်မတော်ဘာလုပ်နေသလဲ ???
ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို မနေမနားဆောင်ရွက်နေရသည်။ (2008 နာဂစ်တိုက်စဉ်မှလည်း တပ်မတော်သားများသည်သာ နေပူမိုးရွာမရှောင် ပြည်သူများကို ကူညီကယ်ဆယ်ရေး နေ ရာပြန် လည်ချထားရေးများ ဆောင်ရွက်ခဲ့သည်ကို ပြည်သူများအမြင်ပင်ဖြစ်ပါသည်။ ) KIA ၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် တပ်မတော်သား မြောက်များစွာဟာ ထိုးစစ်ဆင်နွဲးခြင်းမရှိပဲ မိမိစခန်း နယ်မြေလုံခြုံရေးတာဝန်ကို ထမ်းဆောင်လျက်ရှိပါတယ်။ (ဒီနေရာမှာ တပ်မတော်သားတွေ ကချင်ပြည်ကိုမသွားပဲနေပါ့လား ၊ ဝန်ကြီးတွေ ငြိမ်းချမ်းရေး ဆွေးနွေးနေတာပဲလို့ပြောလို့ရပါတယ်။ တကယ်လို့ တပ်မတော်က နယ်မြေစိုးမိုးရေးမယူထားတဲ့ အချိန် KIA ဟာ တစ်ခြားနိုင်ငံ တစ်ခုအကူညီ နဲ့ဖြစ်ဖြစ် မိမိအစွမ်းအစနဲ့ဖြစ်ဖြစ် အခိုင်အမာ အင်အား တောင့်တင်းတဲ့ စခန်းတွေတည်ဆောက်မိသွား လျှင် မည်သူများ တပ်မတော်အတွင်းဝင်ရောက်အမှု့ထပ်ပီး ပြန်လည်တိုက်ခိုက်ပေးပါ့မလဲ ?? မည်သူများ တပ်မတော်အတွက် လိုအပ်တဲ့ ထောက်ပံ့မှု့တွေပေးပါမည်လဲ??
(မဲသဝေါ ဝါခသစ်နယ်မြေဘက်မှာထင်တယ်(မေ့သွားလို့ပါ).. အိုမီဂါရှိတ် (Omega shape) တိုက်ပွဲဆိုတာ ရှိတယ် ဒီစစ်စခန်းဟာ မြန်မာနဲ့ထိုင်းကြား မြန်မာ့မြေပေါ်မှာ အမေရိကန် အကူညီနည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့စခန်းဖြစ်တယ် အင်မတန် တောင့်တင်းခိုင်မာပီးတော့ တိကျသေချာတဲ့ ပစ်ပိုင် နယ်တွေ လုံလောက်တဲ့ လက်နက်ခဲယမ်းတွေ ရှိတဲ့ စခန်းတစ်ခုဖြစ်တယ်။ ဒီစခန်းကို တည်ဆောက်တာ ကတော့ တပ်မတော်မှ တစ်ခြား စစ်ဆင်ရေးများအတွက် အလုပ်ရှုတ်နေချိန်မှာ သူတို့က တည်ဆောက် သွားတာဖြစ်တယ်။ ဒီလိုစစ်စခန်းဖြစ်သွားတဲ့အချိန်မှ ငါတို့အချုပ်အခြာအာဏာကို ထိပါးနေပါ့ လားဆို ပီးတော့ တပ်မတော်က ဗိုလ်ချုပ်တွေကိုယ်တိုင် အကဲကြည့်မှ နေပီးကွပ်ကဲကာ များပြားလှစွာသော တပ်မတော်သားတွေရဲ့ အသက်တွေ တန်းဖိုးကြီးမြှင့်လှသော လက်နက်ခဲယမ်းများစွာဖြင့် ပြန် လည်တိုက် ယူခဲ့တယ်။ ဒါကတော့ တပ်မတော်အနေနဲ့ နယ်မြေ စိုးမိုးရေးမယူနိုင်ခဲ့ခြင်းရဲ့ အကျိုးပဲဖြစ် တယ်။ ရှေ့ တန်းမှ တပ်မတော်သားကိုလည်း နားလည်တတ်ပါစေ။
ယနေ့ပြည်သူလူထုခေါင်းဆောင်ဟုခေါ်သော ဒေါ်စုကြည် ဘာလုပ်နေသလဲ??
ရခိုင်ပြည် နယ် ငြိမ်းချမ်းရေးအတွက် သူပြောခဲ့သလဲ ?? ပြည်သူသန်း 60 အတွက် သူဘာလုပ်ပေးနေသလဲ ?? ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင် ဘာလုပ်နေသလဲ ?? ( ကျွန်တော်သိတာတော့ သူကိုထောင်ချခဲ့ တဲ့ တပ်မတော် အစိုးရ ကို မကျေနပ်စိတ်နဲ့ ဒီမိုကရေစီကိုဘန်းပြပီး အစိုးရ မကောင်းကြောင်း ပြောနေ တာပဲသိတယ်.. ။ တစ်ခြားများရှိရင် ပြောပြကြပါအုံး။)
ဒီမေးခွန်းတွေ အ တွက် ပြည်သူများပဲဖြေကြားပေးစေချင်ပါတယ်...။
ဒီတော့ကာ ပြည်သူတွေ မျက်မှန်စိမ်းကိုချွတ်ပီး အမြင်မှန်ကိုမြင်နိုင်ပါစေ..။ ငခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုတာကို လက်ကိုင်ထားပီး တပ်မတော်ကို ပုတ်တယ်လို့သတ်မှတ်မှာလားးးးးးးးးးးးးးးးးးး ?? ဒါဆိုရင် ဒီတပ်မတော်သားတွေဟာ ပြည်သူတွေရဲ့ သားသမီးတွေကနေ ပေါက်ဖွားလာတဲ့ တပ်မတော် ဆိုတာကို သတိရပေးရင်ကျေနပ်ပါတယ်.. ။ ကျေးဇူးတင်ပါတယ်...
Mkausdp Mkausdp
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။