အာကာသ ယာဉ်မှူး သုံးဦးနှင့် ကုန်ပစ္စည်းများ သယ်ဆောင် ထားသည့် ရုရှား ဆိုယုဇ် အာကာသ ယာဉ်သည် နိုင်ငံတကာ အာကာသ စခန်း (ISS)နှင့် အောက်တိုဘာ ၂၅ ရက်တွင် အောင်မြင်စွာ ချိတ်ဆက်ခဲ့ကြောင်း အင်တာနက် သတင်းအရ သိရသည်။
ဆိုယုဇ် အာကာသ ယာဉ်သည် ဂရင်းနစ် စံတော်ချိန် ၂၃၃၅ နာရီ မတိုင်မီ ၆ မိနစ် အလိုတွင် ယူကရိန်း တောင်ဘက်ပိုင်း ကမ္ဘာ့မြေပြင် အထက် ၂၅၅ မိုင်ခန့် (ကီလိုမီတာ ၄၁ဝ)ရှိ (ISS) အာကာသ စခန်းနှင့် အောင်မြင်စွာ ချိတ်ဆက်ခဲ့သည်။ ဆိုယုဇ် အာကာသ ယာဉ်နှင့် အတူ လိုက်ပါ လာသည့် နာဆာမှ အာကာသ ယာဉ်မှူး ကီဗင်ဖို့ဒ်၊ ရုရှား အာကာသ ယာဉ်မှူး အိုလက် နိုဗစ်စကီ နှင့် ယက်ဗ်ဂျန်နီ တာရယ်လ်ကင်တို့ သုံးဦးသည် နိုင်ငံတကာ အာကာသ စခန်းတွင် ရှိနေသည့် အာကာသ ယာဉ်မှူး သုံးဦးနှင့် ပူးပေါင်းပြီး သုတေသန လုပ်ငန်းများ ဆက်လက် လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်သည်။
မြ၀တီ
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။