Pages

Monday, October 29, 2012

ရှစ်လေးလုံး မျိုးဆက် ကျောင်းသားများ ၏ ရခိုင်အရေး ထုတ်ပြန်ချက် ကို ဝေဖန်ခြင်း

မင်းကိုနိုင်တို့ အုပ်စုက ရခိုင်ကျောင်းသားတွေ လူမျိုးရေး ခွဲခြားတယ်တဲ့ သူရို့ ၈၈ က မြန်မာ အမျိုးသမီး တွေ ကုလားမယား ဖြစ်တာ....။ ကျနော်ပြောရင် ရိုင်း တယ် ပြောဦးမယ်.။ လူ့ အခွင့်အရေး၊ ဒီမိုကရေစီ ဆိုတဲ့အရသာ ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ လူတိုင်းအတွက်ပေးထား မဟုတ်ဘူး၊ နိုင်ငံသား ဆိုသူတွေအတွက် ဘဲပေးထား တာပါ။ နိုင်င်ငံတိုင်း၊ နိုင်ငံတိုင်းမှာ အမျိုးသားကာကွယ်ရေးဆိုတဲ့ ဥပဒေအောက် မှာ မိမိနိုင်ငံ သားတွေအတွက် ကာကွယ်ပေးထားလိုက်တဲ့ ဥပဒေတွေ ကျွန်တော်တို့ နိုင်ငံမှာကော ရှိရဲ့လား၊ ငြိမ်းအေး သမားတွေ၊ အခွင့်အရေး သမားတွေ၊ ဒီမိုသမားတွေ ဒါကိုမေ့နေ တာလား။ ပေါ်ပိန်ဖြစ်ချင် တာလားတော့ မဆို တတ်လေပြီ...။

(၁) ငါးလကျော် လူတွေအများကြီး သေပြီးမှ ထုတ်ပြန်ခြင်းဖြစ်တဲ့အတွက် အင်မတန် နောက်ကျသည်။
(၂) သို့သော် ထုတ်ပြန်ခြင်းကို ကျေးဇူးတင်သည်။
(၃) အစွန်းရောက် အကြမ်းဖက် ရာဇဝတ်မှုတွေ လုပ်ဆောင်နေသူများကို မည်သည့်ဘက်ကဘဲဖြစ်ဖြစ် ရှုံ့ချ၊ အပြစ် တင်မှုတွေ ပါရှိသင့်သည်။ နှစ်ဖက်ပြည်သူနှင့် နှစ်ဖက် အစွန်းရောက် တွေကို စည်းခြားပြီး မြင် သင့် ထောက်ပြ သင့်သည်။
(၄) နှစ်ဖက်စလုံးမှ သေကြေ ပျက်ဆီး ဆင်းရဲဒုက္ခရောက်နေရတဲ့ တစ်သိန်းခန့် ပြည်သူတွေရဲ့ ဘဝကို သိကြောင်း၊ စာနာကြောင်း ဖေါ်ပြသင့်သည်။
(၄)လူ့အဖွဲ့အစည်းနှစ်ခုလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရန် မဖြစ်မနေလိုအပ်သည်ဟု ဦးသိန်းစိန် အစိုးရ ပြောသလောက်ကိုပင် မပြောနိုင်သော ထုတ်ပြန်ချက်ဖြစ်သည်။
(၅) ကျူးကျော်သူ ဘင်္ဂလီဟု မမှန်မကန် အကြောင်းပြရာမှ တိုင်းရင်းသား ကမန်မွတ်စလင်များကိုပါ တိုက်ခိုက် လာခြင်း၊ အစ္စလာမ် ဘာသာဝင် တိုင်းရင်းသား မွတ်စလင်များ ဆန့်ကျင်ရေး များ ကို မြန်မာနိုင်ငံ တဝှန်း ဒေသအချို့တွင် ပြောင်ပြောင်တင်းတင်း တိုးမြှင့် လုပ်ဆောင် လာခြင်း၊ စစ်တွေကျောင်းသား များ၏ မီးလောင်ရာ လေပင့် လူမျိုးရေး ခွဲခြားရေး လှုပ်ရှားမှုများ စသည့် လူ့ အခွင့်အရေး၊ ဒီမိုကရေစီရေး တိုက်ပွဲလမ်းကြောင်း ကို လွဲချော်စေ သည့် လုပ်ရပ်များကို ထောက်ပြရန်၊ ကြိုတင် ကာကွယ်ရန်၊ ဟန့်တားရန် သဘောထား များကို မတွေ့ရှိ ရသောကြောင့် လွန်စွာ ဝမ်းနည်းမိ သည်။

အောင်တင်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: