Pages

Friday, October 26, 2012

တပ်မတော် အင်အား ရှိအောင် အရာရာမှာ ကူညီ ...

26.10.2012

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုရာဝယ် ယနေ့ အကြောင်းအရာ တွေနဲ့ ပြန်ကြည့်ရင် အဆိုပါ ဆောင်ပုဒ်ကို သုံးရ မှာပဲ ဖြစ်သည်။ နိုင်ငံတော်ကို တပ်မတော် ကသာ ကာကွယ် နိုင် တာ ဖြစ် ပါသည်။ ရှေးဘုရင်များ လက်ထက်က ခေတ်မီသော လက် နက်တွေ မရှိ ခြင်းကြောင့် တိုင်းပြည် ကျွန် ဖြစ် ခဲ့ ရပြီး လွတ်လပ်ရေး ရဖို့ဆိုတာ ပါးစပ်နှင့် တောင်းနေ၍ မဖြစ်ပါ။ လက်နက် နည်းဗျူ ဟာ တွေရှိပေ မယ့် နည်းပညာ ကွာရင် ခံရမည်သာ ဖြစ်သည်။ အင်္ဂလိပ်က နန်းရင်းဝန် များကို သွေးခွဲခဲ့ပြီး မခံနိုင် လွန်းသည့် အတွက် တိုင်းရင်း သား ခေါင်းဆောင် တွေသည် ကိုယ့်အသိ နှင့်ကိုယ့် ရင်တွင်းဖြစ် မျိုးချစ် စိတ်ဓာတ် နိုး ကြားမှုဖြင့် တိုက်ခိုက် ခဲ့သည်။ သို့ပေမယ့် လက်နက်ခြင်း ကွာခြားခြင်းကြောင့် ခံခဲ့ ရပါသည်။ ပါးစပ်က တိုက်နေ ရုံနှင့် မရဘဲ လက်တွေ့တိုက်ဖို့အတွက် နည်းပညာတွေ များစွာ လိုအပ် ပါသည်။

နယ်ချဲ့ခြင်း ဆိုသည်မှာ စက်မှု နိုင်ငံများသည် ပေါချောင်ကောင်း အရင်းအနှီး လိုချင်သော ကြောင့် နယ်ချဲ့ခြင်း ဖြစ်သည်။ အီတလီ စစ်ခေါင်းဆောင် မူဆိုလီနီ ကလည်း ဖက်ဆစ် စနစ်ဖြင့် နယ်ချဲ့ ခဲ့ခြင်းဖြစ်သည်။ နယ်ချဲ့ ခြင်းသည် လူသားစားဖူး သောကျားလို နယ်ချဲ့ပြီး စည်းစိမ် ရစ်ခြင်းကို ကြိုက်သော ကိုလိုနီ နယ်ချဲ့များ၏ ကျူးကျော်တာ တွေကို မြန်မာ မျိုးချစ် တွေက တိုက်ခိုက် ခဲ့ရသည်။ လွတ်လပ်ရေး ရပြီး အလံနီ၊ အလံဖြူ ကွဲကြ၊ ဆိုရှယ်လစ်၊ ကွန်မြူ နစ်တွေ ကွဲကြဖြစ်ခဲ့ ရသည်။ ဦးနုက နိုင်ငံ ပေါင်းစည်းဖို့ ကြိုးစား ခဲ့သည်။ ဒီမိုက ရေစီ နည်းအရသာ အာဏာ သိမ်းရန် ကြိုးစား သည်။ နိုင်ငံရေး သမား ဆိုသည်မှာ မိမိအာဏာ ရဖို့ပဲ လုပ်မှာ ဖြစ်သည်။ အင်္ဂလိပ်တို့ မြှောက်ပေး ခဲ့သော သူပုန်တေ ပေါ်ပေါက်လာပြီး ရန်ကုန် ကွက်ကွက် လေးသာ ကျန်သည့် အစိုးရ ဖြစ်လာသည်။

အင်္ဂလိပ် က ပြန်လည် အုပ်ချုပ်ဖို့ အတွက် စစ်တပ် အင်အား အများကြီး မထားသောကြောင့် သူပုန်တွေ လက်နက် ယူချင်း တိုင်းယူ ထင်တိုင်း ကြဲပြီး တပ်မတော်၏ အင်အား နည်းနည်းသာ ကျန်တော့ သဖြင့် ကွန်မြူနစ် စစ်ခေါင်း ဆောင်တွေပါ ခေါ်ပြီး တောခိုသူ များကြောင့် တပ်မတော်မှာ ရန်ကုန်တွင် ချောင် ပိတ် နေခဲ့ရသည်။ ဗကပ အလံဖြူ ကလည်း ရန်ကုန် သိမ်းဖို့ကြံ၊ ဦးနုက ဆင်းမလား၊ အိန္ဒိယ အဝေးရောက် အစိုးရ ဆိုပြီး လေယာဉ်ဖြင့် သွားရောက်မည့် အခြေ အနေတွင် ဗိုလ်မှူးကြီး နေဝင်းက ပြန်ခေါ် ၍ နိုင် ငံတော် ကို ထိန်းသိမ်း ခဲ့ရသည်။ ထိုစဉ်က တပ်မတော်သာ မကယ်ရင် ဒုက္ခများ ရမည်။ နိုင်ငံမှာ လွတ်မြောက် နယ်မြေတွေ အဖြစ် အင်္ဂလိပ် လက်အောက် ပြန်ရောက်မည့် အခြေ အနေကို တပ်မတော် ကသာ မကယ်ရင် ကျွန်ပြန်ဖြစ် နိုင်သည်။ ယနေ့ ဒီမို ကရေစီ ခေတ်တွင် စီး ပွားရေး ကောင်းအောင် လုပ်ဆောင် ကြရမည်။ နိုင်ငံမှာ စီးပွားရေး တိုးတက် ကောင်းမွန်မှ ပညာသင်ကြား နိုင်ခွင့် ရှိမည် ဖြစ် ပြီး နိုင်ငံတော် တိုးတက် နိုင်မည် ဖြစ်သည်။ နိုင်ငံရေး သမားဆိုတာ သူနှင့် မဆိုင်သလို နေခြင်း ဖြစ်သည်။

ဗိုလ်ချုပ် နေဝင်းကို ဦးနုက တာဝန်ယူ ပေးပါ ဆိုပြီး  တောင်းဆို သဖြင့် တပ်မတော်က နိုင်ငံ တော်၏ တာဝန်ကို ယူခဲ့ ရသည်။ ဖဆပလ ဦး၊ ဗိုလ်၊ သခင်ကွဲ နေချိန် အကွဲကွဲ အပြဲပြဲ ဖြစ်နေ ချိန်တွင် တပ်မတော်က သုံးကြိမ်တိုင်တိုင် ထိန်းသိမ်း ခဲ့ရသည်။ နိုင်ငံ တော်၏ အာဏာ ရရှိရေးကို မဲခွဲမည် ဆိုတော့ ဗမာ လူမျိုးများ လူနည်းစု ဖြစ်သည့် အတွက် မဲနည်းပြီး နိုင်ငံကြီး ပြိုကွဲကာ ရှစ်နိုင်ငံ ဖြစ်လာ နိုင်သည်။ ၈၈ အရေး အခင်းက မင်းမဲ့စရိုက် စိုးမိုးကာ တိုင်းပြည် နွံနစ် ခဲ့ရသည်။ ထို့ကြောင့် တပ်မတော်က နေရာအနှံ့ ငြိမ်းချမ်းရေး လုပ်ဆောင် ချက်ဖြင့် သူပုန် ပေါင်းစုံကို ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ခဲ့ ရသည်။ တပ်မတော် အစိုးရသည် အမျိုးသား နိုင်ငံရေး လုပ်ဆောင်ချက် တွေမှာ ပါဝင် ခဲ့သည်။ နိုင်ငံ တစ် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးဖို့ အတွက် တပ်မတော် အင်အား အများကြီး လိုသည်။ စင်ကာ ပူ နိုင်ငံသည် စီးပွားရေး နိုင်ငံ ထူထောင်ပြီး ဒီမို ကရေစီကို ဒလဟော ပေးခြင်းမရှိ။ ၈၈ အရေး အခင်းတွင် စင်ကာပူ နိုင်ငံ ၌ ဆူပူ ဆန္ဒပြမှု ပြုလုပ်ခြင်းကို စင်ကာပူ နိုင်ငံက လက်မခံခဲ့။ စင်ကာပူ နိုင်ငံသည် စီးပွားရေးကို အလျင် တိုးတက်အောင် ပြုလုပ် ခဲ့သည်။ စီးပွားရေး တိုးတက်အောင် လုပ် ဆောင် နိုင်ရန် တိုင်းပြည် လုံခြုံမှု ရှိဖို့ လိုအပ်သည်။ အိမ်လုံ ခြုံလျှင် ဆန်ကြမ်းစား နေရ ပေမယ့် စိတ်ချမ်း သာရသည်။ ထို့ကြောင့် စားဖို့ထက် လုံခြုံရေးက ပို၍ အရေးကြီးသည်။ တပ်မတော် အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ခြင်းကြောင့် လမ်း၊ တံတားတွေ များစွာ တည်ဆောက် နိုင်ခဲ့သည်။ တိုင်းပြည် ထူထောင် နိုင်ခဲ့သည်။ တိုင်းပြည် ငြိမ်းချမ်းခြင်း ရှိမှ စီးပွားရေး ကောင်းနိုင်မည် ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည် ငြိမ်းချမ်းအောင်  ပါးစပ်နှင့် လုပ်ဆောင် နေ၍ မရပေ။ လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်းမှ ရမည် ဖြစ်သည်။

ထိုသို့ လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်းရန် အတွက်  နိုင်ငံတော်တွင် ကာကွယ်ရေး တာဝန် ထမ်းဆောင် နေသော တပ်မတော် အင်အား ရှိဖို့ များစွာ လိုအပ်သည်။ ပြည်ပ ကျူးကျော် စစ်များ၊ ရောင်စုံ သူပုန်များ နှိမ်နင်းရာတွင် တပ်မတော် အင်အားရှိမှ ဖြစ်သည်။ ဥပမာ ပေးရ လျှင် ဈေးတွင်လည်း လုံခြုံရေး ရှိမှ ဈေးရောင်းလို့ ရမည် ဖြစ်သည်။ တပ်မတော် အင်အား နည်း၍ လက်နက် အင်အား နည်း ခဲ့ခြင်းကြောင့် နိုင်ငံမှာ ဒုက္ခများစွာ ခံခဲ့ရသည်။ ကာကွယ်ရေး အသုံး စရိတ်ကို များစွာ သုံးထားသည်ဟု အမြဲတမ်း ခလုတ် တိုက် ပြောဆိုပြီး လျှော့ချချင်၏။ အကြောင်း ရင်းသည် တပ်မတော် အင်အား ချည့်နဲ့အောင် လုပ်ဆောင် ခြင်းပင် ဖြစ်သည်။ တပ်မတော် အင်အား မရှိမှ မလို သူများက လုပ်ချင်ရာ လုပ်လို့ရမည် ဖြစ်သည်။ ဥပမာ ပေးရလျှင် ပင်လယ် ကမ်းခြေမှာတောင် လွတ်လပ် စွာ ရေကူး ခွင့် ရအောင် လုံခြုံရေး စနစ်ရှိသည်။

ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တပ်မတော်ကို ပြည်သူတွေ ကူညီကြ စေရန် ဗိုလ်ထွန်းလှ ခေါ် ဗိုလ်နေဝင်းအား တေးရေး ဆရာ ကြီး ရွှေတိုင်ညွန့် ဆီ တေးသီချင်း စပ်ခိုင်း ခဲ့ပြီး ဆရာကြီး ရွှေတိုင်ညွန့်က ဖျားနေချိန် ဖြစ်ကာ ဗိုလ်ထွန်းလှခေါ် ဗိုလ်နေဝင်းသည် ကိုယ် တိုင် တယော ထိုး၍ သံစဉ် ရှာကာ တပ်မတော် အင်အား ရှိအောင် အရာရာမှာ ကူညီ တေးသီ ချင်းအား စပ်ဆို ပေးခဲ့သည်။ တပ်မတော် သည် ပြည်သူ့ရှေ့မှ မားမား မတ်မတ် ရပ်တည်၍ နိုင်ငံ တော်နှင့် ပြည်သူတို့ လိုအပ်ချက် ရှိလာပါက ပါဝင် ကူညီ၍ အမျိုးသား နိုင်ငံရေး ကို  ရွက် ဆောင် နေခြင်း ဖြစ်ခြင်းကြောင့် ရွှေတိုင်ညွန့်၏ သီချင်းလို တပ်မတော်ကို အင်အား ရှိဖို့ အတွက် အရာရာမှာ ကူညီသင့် ပါကြောင်း ရေးသား တင်ပြလိုက် ရပါသည်။

တက္ကသိုလ် မြတ်သူ

မြ၀တီဝက်ဆိုဒ် မှ သတင်းစာပါဆောင်းပါးအား ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: