Pages

Thursday, October 25, 2012

အမေရိကန်နှင့် စစ်ရေး မ ပူးပေါင်း၊ နည်းပညာ အကူအညီ နှင့် သင်တန်းများ ကိုသာ ရယူသွားရန်ရှိ

အမေရိကန် ပြည်ထောင်စုနှင့် ပူးတွဲစစ်ရေး လေ့ကျင့်ရန် ကိစ္စအပေါ် တရားဝင် အကြောင်းကြားခြင်း မရှိသေးသလို မြန်မာနိုင်ငံ အနေဖြင့်လည်း လုပ်ဆောင်နိုင်ရန် အခြေအနေ မရှိသေးကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၂၁ ရက်က ပြည်တွင်းအခြေစိုက် မီဒီယာများ နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။ အရှေ့ပစိဖိတ် ဒေသအတွင်း အာရှနိုင်ငံအများအပြား မှ စစ်တပ်များနှင့် ပူးတွဲ လုပ်ဆောင်သည့် အ ကြီးဆုံး ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်မှုဖြစ်သည့် အမေရိကန် စစ်တပ်၏ Cobra Gold 2013 တွင် မြန်မာနိုင်ငံအား လေ့လာ သူအဖြစ် ဖိတ်ခေါ်ရန် အမေရိကန် ပြည်ထောင်စုမှ စီစဉ်ထားခဲ့ပြီး တိကျ သည့် ဆုံးဖြတ်ချက်မျိုး ချမှတ်ထားခြင်း မရှိသေးကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ ''မြန်မာက လေ့လာသူ စာရင်း ထဲမှာပါ။ ဒါပေမဲ့ ဒါဟာ အပြီးသတ် ဆုံးဖြတ် ချက် မဟုတ်ပါဘူး''ဟု ထိုင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Thanathip Sawangsang က ထုတ်ဖော် ပြောခဲ့သည်။ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် နိုင်ငံများက မြန်မာနိုင်ငံအား ဖိတ်ခေါ်ခြင်း ပြုရေး၊ မပြုရေးနှင့် ပတ်သက်၍ အောက်တိုဘာ နှောင်း ပိုင်းတွင် တွေ့ဆုံဆွေးနွေးပွဲ ၌ ဆွေးနွေးကြမည်ဟု သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မိမိ အနေဖြင့် မည်သည့် သတင်း အချက်အလက် မှ သိရှိခြင်း မရှိသောကြောင့် မည်သို့မျှ မှတ်ချက် ပေးလိုခြင်း မရှိကြောင်း မြန် မာနိုင်ငံဆိုင်ရာ အမေ ရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က အောက်တိုဘာ လ ၁၉ ရက်က ပြောသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မိမိတို့အနေဖြင့် လက်ရှိအချိန်တွင် အမေရိကန်နှင့် စစ်ရေး ပူးပေါင်း ရန်မရှိကြောင်း နည်းပညာ များကို ရယူသွားရန်ရှိပြီး စစ်ရေးအကူ အညီ ရယူသွားရန်မရှိကြောင်းဆိုသည်။ ''စစ်ရေးအကူအညီ ကလည်း လောလောဆယ် ကျွန်တော်တို့က မလိုပါဘူး၊ ဘာလို့လဲဆိုတော့ ဘယ်နိုင်ငံကိုမှ ကျွန်တော်တို့က ရန်ပြုနေတာမှ မရှိတာ။ သူ့ဆီက စစ်ရေး အကူအညီ မလိုပါဘူး။ သို့သော်လည်းပဲ နည်းပညာ အကူ အညီပိုင်းနဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေ လွှတ်ဖို့ ပြုဖို့ကိုတော့ ကျွန်တော်တို့ စဉ်းစားထား ပါတယ်'' ဟု မီဒီယာတွေ့ ဆုံပွဲတွင် ၄င်းကပြော ကြားခဲ့သည်။ လာမည့်နှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး လေ့လာသူ ၁၃ နိုင်ငံအား ဖိတ်ခေါ် ထားကာ အာရှမှ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် မလေးရှား တို့လည်း ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ပါဝင်မည်ဟု ခန့်မှန်းထားသည်။ စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ရန် မြန်မာအား ဖိတ်ခေါ်မည့် အစီအစဉ်မှာ အမေရိကန်တို့၏ အစီအစဉ် ဖြစ်သည်ဟု အမည်မဖော်လိုသူ ထိုင်းအကြီး တန်း စစ်ဘက် အရာရှိတစ်ဦးက ဆိုသည်။ ''အားလုံး အဖွဲ့ဝင်တွေ သဘောတူရင် ဒါဟာ တရားဝင် ဖြစ်မှာပါ (တရားဝင် ဖိတ်ခေါ်မှာပါ)''ဟု ၄င်းက ဆိုသည်။ ယင်း ကိစ္စမတိုင်မီ အမေရိကန် စစ်ဘက်အရာရှိ တစ်ဦး မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သော် လည်း ယင်းသည် လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေး ပညာပေးမှု လုပ်ငန်း များအတွက်သာ ဖြစ်ကြောင်း သိရသည်။

From : ကျော်ရဲလင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

အမေရိကန်နှင့် စစ်ရေး မ ပူးပေါင်း၊ နည်းပညာ အကူအညီ နှင့် သင်တန်းများ ကိုသာ ရယူသွားရန်ရှိ

Labels:

0 comments: