မည်သည့်နိုင်ငံ ကမှ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှု အဖြစ်မခံနိုင်ေ ကြာင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ၂၁ ရက်နေ့တွင်ေ နပြည်ေ တာ် မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့ပါသည်။ နိုင်ငံတော် သမ္မတသည် Myanmar Independent ဂျာနယ်မှမေးမြန်းခဲ့သော "တရုတ်နိုင်ငံနဲ့ ဖက်စပ်လုပ်တဲ့ စီမံကိန်း တော်တော် များများကို မြန်မာပြည်သူ တွေက မကျေနပ်ကြဘူး။ သမ္မတကြီး ကိုယ်တိုင်လည်း မြစ်ဆုံစီမံကိန်း ကို ရပ်ထားတယ်။ အခုလက်ပံတောင်း တောင် စီမံကိန်း ကိုလည်း ပြည်သူတွေက ဆန့်ကျင်တယ်။ ရှေ့ဆက် တရုတ်နိုင်ငံနှင့် စီးပွားရေးမည်ကဲ့သို့ လုပ်ဆောင်သွားမည်နည်း"ဟူသော မေးခွန်းကို ဖြေကြားရာ၌ ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့နိုင်ငံကို တရုတ်ကချည်း လွှမ်းမိုးသွားတာ၊ အမေရိကန် ကချည်းလွှမ်းမိုးသွားတာ၊ ကျန်တဲ့ နိုင်ငံ တွေကလာပြီး လွှမ်းမိုး သွားတယ်ဆို နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ဒါမျိုး အဖြစ်မခံပါဘူး။ မူဝါဒမှာ လည်းဒီအတိုင်း ချထားပါတယ်။ နောက်တစ်ချက် ကတော့ အချုပ်အခြာ အာဏာကို ထိပါးမခံပါဘူး"ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။ သို့သော် တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သည့် အပြင်မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ထားချိန်၌ အကူအညီ ပေးမှုများ ရှိခဲ့သည့် အတွက် ကျေးဇူးရှိသော နိုင်ငံဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောသည်။
"ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိုင်းပြည် ကိုစီးပွားရေး တွေ ပိတ်ဆို့ထားတဲ့အချိန်၊ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ကို လှည့်ပြီး မကြည့်တဲ့အချိန်၊ ဘယ်နိုင်ငံ ကမှကျွန်တော် တို့ကို အကူအညီ မပေးတဲ့ အချိန်မှာ ကျွန်တော်တို့ကို စာနာပြီးတော့ ချေးငွေ ပေးတာတွေ ကို တရုတ်နိုင်ငံ ကပဲ ဆောင်ရွက်ပေး နေတယ်ဆိုတာ အားလုံး သိပါတယ်။ နိုင်ငံတကာမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ဘက်ကနေ အမြဲတမ်း ထောက်ခံပြီးတော့ ရပ်တည်ခဲ့တဲ့နိုင်ငံပါ။ သိပ်ပြီးတော့ အခက်အခဲ အကြပ် အတည်း ကြုံလာတဲ့ အခါမှာသူတို့ရဲ့ ဗီတို အာဏာ ကို သုံးပြီးတော့ မြန်မာနိုင်ငံ ဘက်က ထောက်ခံခဲ့ပါတယ်။
ကိုယ့်နိုင်ငံကို ဘယ်သူကမှ ဆေးဖော် ကြောဘက် မလုပ်တဲ့အချိန်၊ ဘယ်နိုင်ငံမှ အကူအညီ မပေးတဲ့အချိန်၊ ဘယ်နိုင်ငံမှ လှည့်မကြည့်တဲ့အချိန်၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို ကူညီစောင့်ရှောက်တာ တရုတ်မှ မဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ဒီကျေးဇူးတရား တွေကို မမေ့ကောင်း ပါဘူး"ဟု နိုင်ငံတော် သမ္မတက ပြောပါသည်။
"ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ကိုယ်ရင်းနှီးမြှုပ်နှံချင်သလို လာပြီးတော့ ရင်းနှီးမြှုပ်နှံလို့မရပါဘူး။ ဥပဒေတွေရှိပါတယ်။ စည်းမျဉ်း စည်းကမ်း တွေရှိပါတယ်။ ဒီဟာတွေ ကိုမူဝါဒ အနေနဲ့ ချမှတ်ထား တာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေ လာပြီဆိုရင် တစ်အချက်က ကိုယ့်တိုင်းရင်းသား အကျိုးစီးပွားကို မထိခိုက်စေရပါဘူး။ နောက် ကိုယ့်နိုင်ငံရဲ့ဂုဏ်သိက္ခာ ကို မထိခိုက်စေရပါဘူး" ဟု နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါသည်။
စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး
5 years ago
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။