Pages

Saturday, October 27, 2012

ရခိုင်ပြည် ပဋိပက္ခ နောက်ကွယ် မှ ပြည်ပ အဖွဲ့စည်းများ ကြိုးကိုင်ဟု ALD ဆို

တစ်ကျော့ပြန် ဆူပူအကြမ်းဖက်မှုကြောင့် လူပေါင်း ရာချီသေဆုံးနေပြီဖြစ်သော ရခိုင်ပြည်နယ် ပဋိပက္ခ ကို နောက်ကွယ်မှ ပြည်ပ အဖွဲ့အစည်း များကြိုးကိုင်နေကြောင်း ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်က အောက်တို ဘာ ၂၅ရက်နေ့ တွင် သတင်းထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လအတွင်းမှ စတင်ဖြစ်ပွါးခဲ့သော ပဋိပက္ခ ငြိမ်သက်နေရာမှ ယခုတဖန် ပြန်လည် ၍ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော မြို့နယ်များတွင် ယခင်ဖြစ်ပွါးခဲ့သည်ထက် ကျယ်ပြန့်စွာ ဖြစ်ပွါးနေသည်ကို တွေ့ရကြောင်း၊ ယင်းသို့ ဖြစ်ပွါးရာတွင် ဘင်္ဂါလီ များကို မိမိတို့ နေအိမ်ကို မိမိကိုယ်တိုင် စတင်မီးရှို့ခြင်း၊ ရခိုင်လူမျိုများ၏ နေအိမ်များကို စတင်မီးရှို့ခဲ့ ရာ မှ ဖြစ်ပွါးခဲ့သည် ကို တွေ့ရှိရကြောင်း ALD ကထုတ်ပြန်သည်။

ယင်းကဲ့သို့ အခြားနေရာများကို ထပ်မံကူးစပ်သွားမည်ကိုလည်းစိုရိမ်ရပြီး၊ လက်ရှိ ပဋိပက္ခများသည် ဒီမိုကရေစီ အပြောင်းအလဲကို အတားအဆီး၊ အဟန့်အတားဖြစ်စေနိုင်ကြောင်း ယင်းထုတ်ပြန်ချက် အရသိရှိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း အစိုးရက အောက်တတိုဘာလ ၂၅ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

Black Angle

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ရခိုင်ပြည် ပဋိပက္ခ နောက်ကွယ် မှ ပြည်ပ အဖွဲ့စည်းများ ကြိုးကိုင်ဟု ALD ဆို

Labels:

တစ်ကျော့ပြန် ဆူပူအကြမ်းဖက်မှုကြောင့် လူပေါင်း ရာချီသေဆုံးနေပြီဖြစ်သော ရခိုင်ပြည်နယ် ပဋိပက္ခ ကို နောက်ကွယ်မှ ပြည်ပ အဖွဲ့အစည်း များကြိုးကိုင်နေကြောင်း ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်က အောက်တို ဘာ ၂၅ရက်နေ့ တွင် သတင်းထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လအတွင်းမှ စတင်ဖြစ်ပွါးခဲ့သော ပဋိပက္ခ ငြိမ်သက်နေရာမှ ယခုတဖန် ပြန်လည် ၍ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော မြို့နယ်များတွင် ယခင်ဖြစ်ပွါးခဲ့သည်ထက် ကျယ်ပြန့်စွာ ဖြစ်ပွါးနေသည်ကို တွေ့ရကြောင်း၊ ယင်းသို့ ဖြစ်ပွါးရာတွင် ဘင်္ဂါလီ များကို မိမိတို့ နေအိမ်ကို မိမိကိုယ်တိုင် စတင်မီးရှို့ခြင်း၊ ရခိုင်လူမျိုများ၏ နေအိမ်များကို စတင်မီးရှို့ခဲ့ ရာ မှ ဖြစ်ပွါးခဲ့သည် ကို တွေ့ရှိရကြောင်း ALD ကထုတ်ပြန်သည်။

ယင်းကဲ့သို့ အခြားနေရာများကို ထပ်မံကူးစပ်သွားမည်ကိုလည်းစိုရိမ်ရပြီး၊ လက်ရှိ ပဋိပက္ခများသည် ဒီမိုကရေစီ အပြောင်းအလဲကို အတားအဆီး၊ အဟန့်အတားဖြစ်စေနိုင်ကြောင်း ယင်းထုတ်ပြန်ချက် အရသိရှိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း အစိုးရက အောက်တတိုဘာလ ၂၅ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

Black Angle
0 comments: