မနေ့က အစိုးရတပ်နဲ့ ကေအိုင်အေတပ်တို့ တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ
ကေအိုင်အေ ဗိုလ်သင်တန်းမှ စံပြဆုရထားတဲ့ ဗိုလ်ကြီးတစ်ဦး ကျဆုံးခဲ့ တယ်လို့
သိရှိရပါသည်။ ကေအိုင်အေက အစိုးရတပ်တွေကို ၎င်းတို့ စခန်း
တွေတိုက်ခိုက်တဲ့နေရာမှာ လူအင်းအားအများဆုံးနဲ့ အတော်ဆုံး လူတွေ ကိုတာ
ရွေးချယ်ပြီး တိုက်ခိုင်း နေသော်လည်း ကျဆုံးမှုတွေ များပြား နေပါ သည်။
လဂျားယန်က တိုက်ပွဲတွေကို ကေအိုင်အေမှ တပ်မဟာမှူး တွေ ကိုယ်တိုင် အနီးကပ် ဦးစီးတိုက် ခိုက်နေပါသည်။ တိုက်ပွဲတွေမဖြစ်ပွားတဲ့ အခြား တပ်မဟာတွေကို အစိုးရတပ်တွေကို ဗဟိုက တိုက်ခိုက်ခိုင်းနေပါသည်။ တိုက်ခိုက်မှုမရှိတဲ့ တပ်မဟာတွေကို လိုင်ဇာအနီးမှာရှိတဲ့ တပ်မဟာတွေနဲ့ အလဲအလှယ်ပြုလုပ်သွားမယ်လို့လဲ အမိန့်ထုတ်ထားပါသည်။ ဒါကြောင့် အခြားတပ်မဟာတွေကလည်း တိုက်ခိုက်ချင်စိတ်မရှိပေမယ့်လည်း ဗဟိုမှ အမိန့်ကိုမလွန်ဆန်ဝံ့တာကြောင့် အခက်တွေ့နေရတယ် လို့ ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးကပြောပါသည်။
Myanmar Daily Star Group

No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။