ကိုယ်ပိုင်နံပါတ် အမှတ်စဉ်တပ်၍
မည်သူမည်ဝါ ရာထူးဂုဏ်ပါ ရွတ်ဖတ်ပြီးလည်း
"ရဲဘော် သင်သည် သေဆုံးပြီးလူ တပ်မတော်နှင့် မဆိုင်သူမို့
ဒီနေရာက သင်နှင့်မဆိုင်တော့ ပတ်သတ်ပြီးနောက် မစပ်ယှက်နဲ့
သင်၏ဝိဥာဉ် လွတ်လပ်ပြီမို့ အစွဲမထား ခန္ဓာစွန့်ကာ သွားလိုရာကိုသွားနိုင်ပြီ"ဟု
ကြေကွဲဝမ်းနည်း ဖတ်ကြားပြီးဝယ်
ပြန်တမ်းစာရွက် စုတ်ကာဖြဲပြီး
သင်နှင့်တူတူ ပထဝီသို့
မြှပ်နှံကာလေ ပေးတော့မည်။
*ရှေ့တန်းမြေပြင် ကျဆုံးစစ်သည်*
ငါ၏ရဲဘော် သက်စွန့်ကာသွား ဤမြေတစ်လွှားမှာ
ငြိမ်သက်တိတ်ဆိတ် မိုးစက်ပေါက်လွဲ ဆူညံသံမစဲတဲ့မြေ
ဤစစ်မြေကို စီးပြီးသကာလ သွေးသောက်ရဲဘော် ကျသည်မည်သော်
ပစ်၍မထား မြှပ်နှံထားဖို့ တာဝန်ကိုယ်စီ ယူပြီးခါဝယ်
မဆိုချင်သော ကြေကွဲပြန်တမ်း ရွတ်ဖတ်စမ်းမယ်။
ကျဆုံးစစ်သည် ရှေ့တန်းစစ်မြေပြင်မှာမို့
သရဏဂုံ ဘုန်းကြီး ဘဂဝါ စုံလင်စွာနဲ့ မတင်နိုင်ဘူး
အလံအုပ်လွှမ်း ခရာမှုတ်စမ်းပြီး ဂုဏ်မပြုနိုင်ဘူး
သင်၏မိသားစုံစုံငြားလည်း ခေါ်၍ဘေးနား နောက်ဆုံးခရီးနှုတ်မဆတ်နိုင်ဘူး
အခေါင်းမပါ ဤမြေလွှာမှာ သင့်အားထာဝရ မြှေးစက်နားဟု ပြန်တမ်းပြီးဝယ်
သေနတ်ကိုင်မြှောက် မပစ်ဖောက်ဘဲ အလေးပြုမယ်
ရာထူးကြီးငယ် ရွယ်တူမကျန်
သင်၏နောက်ဆုံး ထိုတောင်ကုန်းကို
ဝမ်းနည်းမျက်နှာ ဖြေမဆည်နိုင်စွာနဲ့ အလေးပြုနှုတ်ဆတ်
သင်၏သူငယ်ချင်း မျက်ပေါက်တွင်းက လှိမ့်ဆင်းအပူလုံး
ရှိုက်သံမကြား လိမ့်ဆင်းငြားလည်း ဂရုမစိုက်လေနှင့်
အမောင်စစ်သား လွတ်လပ်ရာသို့ သွားပါကွာဟု
ပြန်တမ်းထုတ်လေ ကောင်းမွန်ရာသို့ ရောက်ပါစေ။
*နောက်တန်းဆောင်ထမ်း ကျဆုံးစစ်သည်*
ငါ၏ရဲဘော် တာဝန်ကျေစွာ
ထမ်းရွက်ကာသွား ဤဌာနတလွှားမှာ
အမိန့်နာခံ တာဝန်ဝတ္တရား မပျက်ထားဘဲ
စွန့်ခွာသွားသည့် ရဲဘော်ညီကို
ကောင်းစွာမြှုပ်နှံ သဂြိုလ်မည်မို့
မဆိုချင်သော ကြေကွဲပြန်တမ်း ရွတ်ဖတ်စမ်းမယ်။
စစ်သည်ကျဆုံး ဆေးရုံတွင်းက ရေခဲတိုက်မယ်
အမိန့်ပြန်တမ်း ထုတ်ပြီးသွားဝယ်
ဆွေးမြေ့ဝမ်းနည်း ခရာမှုတ်သံ
ငါ၏အသည်းကို ကိုင်လှုပ်သလို
သင်နှင့်ထပ်၍ မတွေ့ပေဟု င်္သခါရတရား သတိပွားသလို
ကြေကွဲယူငင် ခရာသံတေး တိတ်ဆိတ်အေးမှ ဖြေမဆည်နိုင်
သင်၏မိသားစု ရှိုက်ညည်းငိုကြွေး အလောင်းဘေးမှာ
ငါလည်းစိတ်တွေ ဘယ်ခိုင်မလည်း
မိသားစုမရှိ အချို့စစ်သည် ကျဆုံးသည်တွင်
ငိုကြွေးသူမရှိ တမလွန်သွား တစ်ယောက်တည်းဘဲ ဆေးရုံထဲလည်း
မခွဲစစ်သည် လုပ်နည်းယခင်အတိုင်း ဖတ်ကြားပြီးခိုက်
အမောင်စစ်သား လွတ်လပ်ရာသို့ သွားပါကွာဟု
ပြန်တမ်းထုတ်လေ ကောင်းမွန်ရာသို့ရောက်ပါစေ။
ရှေ့တန်းနောက်တန်း မည်သို့ကွာစေ
တိုင်းပြည်ရန်သော် ကာကွယ်ရင်းတိုက် ပြည်စောင့်ရှောက်သည့်
ရဲဘော်ရဲဘက် သေဆုံးလဒ်သော်
နိုင်ငံ့ခွန်အား တစ်ကောင်ဖွားတို့
လျော့ရှုံးလေဟု သတ်မှတ်ပါသည်
အခြားနောက်ထပ် စစ်သည်အကုန် ရာထူးစုံကို
အချိန်မတန်ခင် ကြွေလွန်သည့်အသက်
ဤရက်စက်မျိုး
နောင်သို့ဝေးစေ ဝေးပါစေဟု
ကျုပ်ဆုတောင်းသည်
တဆစ်ဆစ်နာ ရင်ဘတ်ဘယ်ခြမ်း
ထပ်၍မအောင့် မကြေကွဲချင်
စစ်သည်အကုန်ကျန်းမာစေချင်သည်
ကျုပ်၏ဆန္ဒ သူတို့ဘဝ စစ်သည်တို့ဘဝနှင့်
တထပ်တည်းပင် ကျရောက်ပါစေ ပြည့်ပါစေ။ ။
ဧထက်ပိုင်*
၁၁း၂၇ (AM)
၎.၁.၁၃ (Fri)
မည်သူမည်ဝါ ရာထူးဂုဏ်ပါ ရွတ်ဖတ်ပြီးလည်း
"ရဲဘော် သင်သည် သေဆုံးပြီးလူ တပ်မတော်နှင့် မဆိုင်သူမို့
ဒီနေရာက သင်နှင့်မဆိုင်တော့ ပတ်သတ်ပြီးနောက် မစပ်ယှက်နဲ့
သင်၏ဝိဥာဉ် လွတ်လပ်ပြီမို့ အစွဲမထား ခန္ဓာစွန့်ကာ သွားလိုရာကိုသွားနိုင်ပြီ"ဟ
ကြေကွဲဝမ်းနည်း ဖတ်ကြားပြီးဝယ်
ပြန်တမ်းစာရွက် စုတ်ကာဖြဲပြီး
သင်နှင့်တူတူ ပထဝီသို့
မြှပ်နှံကာလေ ပေးတော့မည်။
*ရှေ့တန်းမြေပြင် ကျဆုံးစစ်သည်*
ငါ၏ရဲဘော် သက်စွန့်ကာသွား ဤမြေတစ်လွှားမှာ
ငြိမ်သက်တိတ်ဆိတ် မိုးစက်ပေါက်လွဲ ဆူညံသံမစဲတဲ့မြေ
ဤစစ်မြေကို စီးပြီးသကာလ သွေးသောက်ရဲဘော် ကျသည်မည်သော်
ပစ်၍မထား မြှပ်နှံထားဖို့ တာဝန်ကိုယ်စီ ယူပြီးခါဝယ်
မဆိုချင်သော ကြေကွဲပြန်တမ်း ရွတ်ဖတ်စမ်းမယ်။
ကျဆုံးစစ်သည် ရှေ့တန်းစစ်မြေပြင်မှာမို့
သရဏဂုံ ဘုန်းကြီး ဘဂဝါ စုံလင်စွာနဲ့ မတင်နိုင်ဘူး
အလံအုပ်လွှမ်း ခရာမှုတ်စမ်းပြီး ဂုဏ်မပြုနိုင်ဘူး
သင်၏မိသားစုံစုံငြားလည်း ခေါ်၍ဘေးနား နောက်ဆုံးခရီးနှုတ်မဆတ်နိုင
အခေါင်းမပါ ဤမြေလွှာမှာ သင့်အားထာဝရ မြှေးစက်နားဟု ပြန်တမ်းပြီးဝယ်
သေနတ်ကိုင်မြှောက် မပစ်ဖောက်ဘဲ အလေးပြုမယ်
ရာထူးကြီးငယ် ရွယ်တူမကျန်
သင်၏နောက်ဆုံး ထိုတောင်ကုန်းကို
ဝမ်းနည်းမျက်နှာ ဖြေမဆည်နိုင်စွာနဲ့ အလေးပြုနှုတ်ဆတ်
သင်၏သူငယ်ချင်း မျက်ပေါက်တွင်းက လှိမ့်ဆင်းအပူလုံး
ရှိုက်သံမကြား လိမ့်ဆင်းငြားလည်း ဂရုမစိုက်လေနှင့်
အမောင်စစ်သား လွတ်လပ်ရာသို့ သွားပါကွာဟု
ပြန်တမ်းထုတ်လေ ကောင်းမွန်ရာသို့ ရောက်ပါစေ။
*နောက်တန်းဆောင်ထမ်း ကျဆုံးစစ်သည်*
ငါ၏ရဲဘော် တာဝန်ကျေစွာ
ထမ်းရွက်ကာသွား ဤဌာနတလွှားမှာ
အမိန့်နာခံ တာဝန်ဝတ္တရား မပျက်ထားဘဲ
စွန့်ခွာသွားသည့် ရဲဘော်ညီကို
ကောင်းစွာမြှုပ်နှံ သဂြိုလ်မည်မို့
မဆိုချင်သော ကြေကွဲပြန်တမ်း ရွတ်ဖတ်စမ်းမယ်။
စစ်သည်ကျဆုံး ဆေးရုံတွင်းက ရေခဲတိုက်မယ်
အမိန့်ပြန်တမ်း ထုတ်ပြီးသွားဝယ်
ဆွေးမြေ့ဝမ်းနည်း ခရာမှုတ်သံ
ငါ၏အသည်းကို ကိုင်လှုပ်သလို
သင်နှင့်ထပ်၍ မတွေ့ပေဟု င်္သခါရတရား သတိပွားသလို
ကြေကွဲယူငင် ခရာသံတေး တိတ်ဆိတ်အေးမှ ဖြေမဆည်နိုင်
သင်၏မိသားစု ရှိုက်ညည်းငိုကြွေး အလောင်းဘေးမှာ
ငါလည်းစိတ်တွေ ဘယ်ခိုင်မလည်း
မိသားစုမရှိ အချို့စစ်သည် ကျဆုံးသည်တွင်
ငိုကြွေးသူမရှိ တမလွန်သွား တစ်ယောက်တည်းဘဲ ဆေးရုံထဲလည်း
မခွဲစစ်သည် လုပ်နည်းယခင်အတိုင်း ဖတ်ကြားပြီးခိုက်
အမောင်စစ်သား လွတ်လပ်ရာသို့ သွားပါကွာဟု
ပြန်တမ်းထုတ်လေ ကောင်းမွန်ရာသို့ရောက်ပါစေ။
ရှေ့တန်းနောက်တန်း မည်သို့ကွာစေ
တိုင်းပြည်ရန်သော် ကာကွယ်ရင်းတိုက် ပြည်စောင့်ရှောက်သည့်
ရဲဘော်ရဲဘက် သေဆုံးလဒ်သော်
နိုင်ငံ့ခွန်အား တစ်ကောင်ဖွားတို့
လျော့ရှုံးလေဟု သတ်မှတ်ပါသည်
အခြားနောက်ထပ် စစ်သည်အကုန် ရာထူးစုံကို
အချိန်မတန်ခင် ကြွေလွန်သည့်အသက်
ဤရက်စက်မျိုး
နောင်သို့ဝေးစေ ဝေးပါစေဟု
ကျုပ်ဆုတောင်းသည်
တဆစ်ဆစ်နာ ရင်ဘတ်ဘယ်ခြမ်း
ထပ်၍မအောင့် မကြေကွဲချင်
စစ်သည်အကုန်ကျန်းမာစေချင်သည
ကျုပ်၏ဆန္ဒ သူတို့ဘဝ စစ်သည်တို့ဘဝနှင့်
တထပ်တည်းပင် ကျရောက်ပါစေ ပြည့်ပါစေ။ ။
(*** ကျဆုံးတပ်သားစစ်သည်ရာထူးကြီးငယ် အားလုံးအား ဝမ်းနည်းစရာ အကောင်းဆုံး ဂုဏ်ယူစ ရာဖြစ် စဥ်အဖြစ် ရေးဖွဲ့ပါသည်။ ကျဆုံးစစ်သည်တို့ ကောင်းမွန်သော ဘုံဘဝများပိုင်ဆိုင်နိုင်ကြ ပါစေ။ လေးစားပါ တယ် စစ်သည်။***)
ဧထက်ပိုင်*
၁၁း၂၇ (AM)
၎.၁.၁၃ (Fri)
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။