Pages

Monday, January 14, 2013

KIA ဌာနချုပ် တွင် လက်နက်ကြီး ထိမှန်ပြီး လူ (၂) ဦး သေဆုံး၊ လူ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၈း၁၅) မိနစ် အချိန်တွင် ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်များသို့ (၄) ချက်ပစ်ခဲ့ပြီး (၃) လုံး ပေါက်ကွဲ ခဲ့ကြော င်း သိရသည်။ 
 
ဓာတ်ပုံရိုက်ကွင်းအတွင်းမှ မဖယ်နိုင်သည့် ကေအိုင်အေများ (ဒါလား လူနေရပ်ကွက်)
အဆိုပါ ပစ်ခတ်မှုကြောင့် ပထမအလုံး ပေါက်ကွဲမှု ဖြစ်စဉ်တွင် မြစ်ကြီးနား ဟိုတယ်အနီး လူနေအိမ် တစ်ခုပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ အမျိုးသား (၂) ဦး နေရာတွင် သေဆုံးခဲ့ပြီး လူ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
 
ဘေးက လက်နက်တိုက်က မြစ်ကြီးနား ဟိုတယ်ကြီးလား၊ ဒီထဲက သေတဲ့သူက ဓမ္မဆရာလား
 
နှစ်ဦးသေသည် ဆိုတော့ ဓမ္မဆရာမှာ မည်သူနည်း။ မည်သို့ ရွေ့ကြသနည်း
''ဒီနေ့မနက် (၈း၁၅) မိနစ်မှာ ဒေါ့ဖုန်းယန်ကနေ ပြီးတော့ ၁၀၅ မမ အမြောက်တွေနဲ့ လိုင်ဇာဘက်ကို (၄) ကြိမ် ပစ်တယ်။ (၃) လုံးပေါက်ကွဲတယ်။ တစ်လုံးကို (၂) မိနစ်လောက်ပဲ ခြားပါတယ်။ ပထမအလုံးက လိုင် ဇာမြို့ မြစ်ကြီးနား ဟိုတယ်အနီး အနောက်ဘက် လူနေအိမ် တစ်လုံးကို မှန်တယ်။ ယောကျား (၂) ဦးဆုံး တယ်။ တစ်ဦးက ဓမ္မဆရာ၊ တစ်ဦးက အရပ်သားပါ။ (၆) ဦး ဒဏ်ရာရတယ်။ တစ်ဦးကတော့ ဆေးရုံမှာ အသည်း အသန် ဖြစ်နေပါတယ်။ ဒုတိယ အလုံးက ဆင်ဆ ဟိုတယ်အနီးမှာ ကျကွဲတယ်။ တတိယ အလုံးကတော့ တောထဲမှာ သွားကျတယ်။ လူတွေနေတဲ့ နေရာကို တမင်သက်သက် ရည်ရွယ်ပြီး ပစ်ခတ်တာပါ။ လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်ကို လက်နက်ကြီးနဲ့ ပစ်တာလည်း ပထမဆုံးပါဘဲ။ မြို့ပေါ်မှာ လက်နက်ကြီးမှန်လို့ သေတာလည်း ပထမဆုံးပါပဲ'' ဟု ကေအိုင်အေ၏ ပြန်ကြားရေး အရာရှိ ဦးလနန်က ပြောကြားပါတယ်။
 
ဒီ အပြစ်မဲ့ပြည်သူတွေကို အနီးကပ် ပစ်သတ်ခဲ့တာကရော။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

KIA ဌာနချုပ် တွင် လက်နက်ကြီး ထိမှန်ပြီး လူ (၂) ဦး သေဆုံး၊ လူ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

Labels:

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၈း၁၅) မိနစ် အချိန်တွင် ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်များသို့ (၄) ချက်ပစ်ခဲ့ပြီး (၃) လုံး ပေါက်ကွဲ ခဲ့ကြော င်း သိရသည်။ 
 
ဓာတ်ပုံရိုက်ကွင်းအတွင်းမှ မဖယ်နိုင်သည့် ကေအိုင်အေများ (ဒါလား လူနေရပ်ကွက်)
အဆိုပါ ပစ်ခတ်မှုကြောင့် ပထမအလုံး ပေါက်ကွဲမှု ဖြစ်စဉ်တွင် မြစ်ကြီးနား ဟိုတယ်အနီး လူနေအိမ် တစ်ခုပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ အမျိုးသား (၂) ဦး နေရာတွင် သေဆုံးခဲ့ပြီး လူ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
 
ဘေးက လက်နက်တိုက်က မြစ်ကြီးနား ဟိုတယ်ကြီးလား၊ ဒီထဲက သေတဲ့သူက ဓမ္မဆရာလား
 
နှစ်ဦးသေသည် ဆိုတော့ ဓမ္မဆရာမှာ မည်သူနည်း။ မည်သို့ ရွေ့ကြသနည်း
''ဒီနေ့မနက် (၈း၁၅) မိနစ်မှာ ဒေါ့ဖုန်းယန်ကနေ ပြီးတော့ ၁၀၅ မမ အမြောက်တွေနဲ့ လိုင်ဇာဘက်ကို (၄) ကြိမ် ပစ်တယ်။ (၃) လုံးပေါက်ကွဲတယ်။ တစ်လုံးကို (၂) မိနစ်လောက်ပဲ ခြားပါတယ်။ ပထမအလုံးက လိုင် ဇာမြို့ မြစ်ကြီးနား ဟိုတယ်အနီး အနောက်ဘက် လူနေအိမ် တစ်လုံးကို မှန်တယ်။ ယောကျား (၂) ဦးဆုံး တယ်။ တစ်ဦးက ဓမ္မဆရာ၊ တစ်ဦးက အရပ်သားပါ။ (၆) ဦး ဒဏ်ရာရတယ်။ တစ်ဦးကတော့ ဆေးရုံမှာ အသည်း အသန် ဖြစ်နေပါတယ်။ ဒုတိယ အလုံးက ဆင်ဆ ဟိုတယ်အနီးမှာ ကျကွဲတယ်။ တတိယ အလုံးကတော့ တောထဲမှာ သွားကျတယ်။ လူတွေနေတဲ့ နေရာကို တမင်သက်သက် ရည်ရွယ်ပြီး ပစ်ခတ်တာပါ။ လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်ကို လက်နက်ကြီးနဲ့ ပစ်တာလည်း ပထမဆုံးပါဘဲ။ မြို့ပေါ်မှာ လက်နက်ကြီးမှန်လို့ သေတာလည်း ပထမဆုံးပါပဲ'' ဟု ကေအိုင်အေ၏ ပြန်ကြားရေး အရာရှိ ဦးလနန်က ပြောကြားပါတယ်။
 
ဒီ အပြစ်မဲ့ပြည်သူတွေကို အနီးကပ် ပစ်သတ်ခဲ့တာကရော။
 
0 comments: