ပေကျင်း၊ ဇန်န၀ါရီ ၅
တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ မြန်မာဂျက်လေယာဉ်များ ၀င်ရောက်လာခဲ့ခြင်း မရှိကြောင်း တရုတ်လေ တပ် က သတင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်း
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အစိုးရတပ်နှင့် ကေအုင်အေတို့၏ တိုက်ပွဲ
များတွင် အသုံးပြုသောမြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်အတွင်းသို့
မှားယွင်းဝင်ရောက်မိခဲ့ကြောင်း သတင်းေ ဖ်ာပြချက်များကို
တုံ့ပြန်သောအားဖြင့် တရုတ်လေတပ်က သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်အရ ကချင်တွင်
ပဋိပက္ခများ စတင်ကတည်းက တရုတ်ကင်းလှည့်လေယာဉ်များ တရုတ်-မြန်မာ နယ်စပ်
တစ်လျှောက် ကင်းလှည့်စောင့်ကြည့်လျက်ရှိပြီး မြန်မာဂျက်လေယာဉ်များသည်
နယ်စပ်နှင့် အနီး ဆုံး ၅ ကီလိုမီတာအကွာသို့သာချဉ်းကပ်ခဲ့ခြင်းသာရှိသည်ဟု
သိရသည်။
ကချင်တိုက်ပွဲများကြောင့်
တရုတ်ပိုင်နက်အတွင်းသို့ ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းကို
တရုတ်နိုင် ငံခြားရေး ၀န်ကြီး ပြောရေးဆိုခွင့်ရှိသူ Hwa Chunying က
ဇန်န၀ါရီ ၄ ရက်နေ့က အတည်ပြုပေးခဲ့ပြီး အ လား တူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွား
စေရန်အတွက် မြန်မာအစိုးရထံ အကြောင်းကြား သတိပေးထား သည် ဟု သိရသည်။
(သနားတယ် ဦးလနန်းလို့ ပြောလိုက်ချင်တယ်။ )
PN-055
Ref: Xinhua
Popular News
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။