Pages

Thursday, January 3, 2013

KIA ရဲ့ အသေခံ လီဆူးတပ်ဖွဲ့

KIA အဖွဲ့နှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁) ကြိမ် ပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးအတွက် ထင်ရှားသောရလဒ်များ မရရှိခဲ့ပါ။ ၂၀၁၂ နှစ်ကုန်ပိုင်း ရွှေလီတွေ့ဆုံပွဲတွင် နှစ်ဘက်လုံးမှ နိုင်ငံရေး၊ စစ်ရေး အဆင့်မြင့်ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ခဲ့သော်လည်း KIA ဘက်မှ ပျက်ကွက်ခဲ့သဖြင့် တိကျ သောအဖြေမရဘဲ ဆွေးနွေးပွဲ ပျက်ပြားခဲ့ရပါတယ်။ ၎င်းနောက်ပိုင်း တိုက်ပွဲများ ပိုမိုပြင်း ထန်လာခဲ့ပြီး နှစ်ဘက်ဆုံးရှုံးမှုများပြားခဲ့ရပါသည်။ တိုက်ပွဲများတွင် အစိုးရဘက်မှ စနစ်တကျ တိုက်စစ် ဆင်နိုင်ခဲ့သဖြင့် KIA အဖွဲ့အကျအဆုံးများခဲ့ရပြီး KIA ခေါင်းဆောင်များ တစ်ဘက်တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ပါတယ်။
 
KIA အဖွဲ့အနေဖြင့် တရုတ်နိုင်ငံဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့ရသဖြင့် တရုတ်နယ်စပ်ရှိ လီဆူးလူမျိုးများ အား ဖမ်းဆီးပြီး လိုင်ဇာကာကွယ်ရေးအတွက် ဖြည့်ဆည်းခဲ့ပါသည်။ ယခင်လိုင်ဇာတွင်ရှိသော လီဆူးလူမျိုး (၂၀၀) ခန့်နှင့် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ထပ်မံရောက်ရှိလာသော လီဆူးလူမျိုး (၂၀၀)ခန့်အား ပေါင်း စည်းပြီး ၎င်းအင်အား (၄၀၀)ခန့်အား ဗိုလ်မှူးကြီး ဇော်တောင်မှ ဦးစီးကာ လိုင်ဇာဗဟိုဌာနချုပ် ကာကွယ် ရေးတပ်ဖွဲ့ (အသေခံအဖွဲ့) အဖြစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ၎င်းနောက် လိုင်ဇာ ပတ်ဝန်းကျင်ရှိ စခန်းများတွင် တိုက်ခိုက်နေသော ကချင်လူမျိုး KIA အဖွဲ့ဝင်များနှင့် လဲလှယ် ခဲ့ကြောင်း သိရပါသည်။
KIA အဖွဲ့အနေဖြင့် အစိုးရနှင့် တိုက်ပွဲများတွင် ကျဆုံးမှုများပြားခြင်း၊ KIA တပ်သားအများစုမှာ အနိဌာရုံ များကြောင့် သွေးပျက် ကြောက်လန့်နေခြင်းများကြောင့် လီဆူးလူမျိုးများနှင့် အစားထိုး လဲလှယ်ခဲ့ ရခြင်း ဖြစ်သည်။ KIA ၏ အခြားရည်ရွယ်ချက်မှာ လီဆူးလူမျိုးများသည် တရုတ်လူမျိုးများနှင့် တူေ သာကြောင့် ၎င်းတို့ကျဆုံးသွားပါက မြန်မာအစိုးရသည် တရုတ်လူမျိုးများအား ညှင်းပန်းနှိပ် စက်ေ နကြော င်း နိုင်ငံတကာ အား ၀ါဒဖြန့်ချိရန်အတွက် ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်ကြောင်း ဗိုလ်မှူးကြီးဇော်ေ တာင်၏ ပြောဆိုချက်အား ကိုးကား၍ လိုင်ဇာရှိသတင်းထောက်တစ်ဦးမှ သတင်းပေးပို့ခဲ့ပါသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: