ကချင်ပြည်နယ်၊ ဟိုပင်ဘူတာနှင့် နန့်ခွင်ဘူတာအကြား ကြာကြီးကွင်းရွာအနီး
မီးရထားလမ်းကို (၉.၁. ၂၀၁၃) ရက်နေ့ ည(၁ဝး၂၀)အချိန်တွင်
လက်နက်ကိုင်သောင်းကျန်းသူ ((KIA)အဖွဲ့မှ နဘားနှင့် မြစ်ကြီး နား
ပြေးဆွဲလျက်ရှိသော အမှတ် (၄၉)အဆန် လူစီးရထားကို
မိုင်းခွဲဖျက်စီးခဲ့သည့်အတွက်ကြောင့် လူစီးတွဲ အမှတ် BDTX2-1886
ရထားကြမ်းခင်းအရှည်ပေ(၂၀)ခန့်၊ အကျယ် (၁၀)ပေခန့်ပေါက်ပြဲပျက်
စီးသွားခဲ့ပြီး၊ တွဲ အမှတ် GVHV-11079 နွားတင်တွဲတွဲချော်ခဲ့ကာ၊ တွဲအမှတ်
GBHV40336- ဝက်တင် တွဲများ တိမ်းေ စာင်း လျက်ရှိပြီး၊ တွဲအမှတ် SMBDT-45052
ကုန်တင်တွဲ တွဲချော်ကြခြင်းများဖြစ်ခဲ့သည်။
အဆိုပါကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့နယ်ခွဲ ဟိုပင်နှင့်
နန်းခွင်ဘူတာကြားရှိ မိုင်းတိုင် အမှတ်၆၅၄/၁၉ နှင့် ၆၅၄/၂ဝအကြားတွင်
ရထားမိုင်းထိခဲ့သည့်အတွက်တွဲအမှတ် BDTX2-1886 တွင်စီး နင်း လိုက်ပါခဲ့သော
မီးရထားလုံခြုံရေးရဲဝန်ထမ်း ရဲတပ်သား မြင့်နိုင် ကြမ်းပေါက်မှ
ကျွံ့ကျသွားပြီး ရထာြး ကိတ် ကာသေဆုံးခဲ့ပြီး ခရီးသည် (၁)ဦး
ဒဏ်ရာရရှိခဲ့သည်။ (yangon Media Group)
ကေအိုင်အေ အဖွဲ့ အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ စတင်၍ ယခုအချိန် အထိ မန္တလေး-
မြစ်ကြီးနား ရထား လမ်းတွင် မိုင်းထောင် ဖောက်ခွဲမှု ၅၃ကြိမ်၊ မန္တလေး-
လားရှိုး ရထားလမ်းတွင် နှစ် ကြိမ် စုစုပေါင်း ၅၅ကြိမ် ဖောက်ခွဲ ဖျက်ဆီး
ခဲ့ကြောင်း သိရှိရသည်။
(မြ၀တီ)
၁
၂
၃
၎
၅
၆
၇
၈
၉
ရထားကြိတ်ခံပြီး သေဆုံးသွားခဲ့ရသည့် ရဲဝန်ထမ်း
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။