Pages

Sunday, January 13, 2013

စုံစမ်းစစ်ဆေးရေးကော်မရှင် မှ လက်ပံတောင်းတောင် စီမံကိန်းသည် လူထုကို မထိခိုက်ကြောင်း သတင်းထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စုံစမ်းစစ်ဆေးရေးကော်မရှင်

သတင်းထုတ်ပြန်ချက်အမှတ် ( ၁/၂၀၁၃)

၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄ ရက်

(၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်)

၁။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တတိယအကြိမ်မြောက် စုံညီအစည်းအဝေးကို ၂၀၁၃ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့ ၁၃ နာရီ အချိန်တွင် လွှတ်တော်ဝင်း(အိုင် ၁၂ ) အဆောင်တွင် ကျင်းပခဲ့ပါသည်။ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများကို သုံး သပ်ပြီး ရှေ့လုပ်ဆောင် မည့်လုပ်ငန်းအစီအစဉ်တို့ကို ညှိနှိုင်း ခဲ့ပါသည်။ 

၂။လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် ဝမ်ပေါင်း ကုမ္ပဏီတို့ ချုပ်ဆိုထား သည့် စာချုပ်ကို ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန်အတွက် သတ္တုတွင်း လုပ်ငန်းနှင့် ပတ်သက်၍လည်းကောင်း၊ ဥပဒေပညာပိုင်းနှင့် ပတ်သက်၍လည်းကောင်း ကျွမ်းကျင်သူ ပညာရှင်နှစ် ဦး အား နိုင်ငံတော်သမ္မတရုံး၏ စီစဉ်ပေးမှုဖြင့် ခန့်ထားခဲ့ပါသည်။

အဆိုပါစာချုပ်နှင့် ပတ်သက်၍လည်းကောင်း၊ အခြားကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း ကော် မရှင် ဥက္ကဌ ဦးဆောင် သည့်အဖွဲ့သည် ကျွမ်းကျင်သူ ပညာရှင်များနှင့်အတူ မြန်မာ့စီးပွားရေး ဦးပိုင်လီ မိ တက် ဥက္ကဌနှင့် အဖွဲ့အား ဇန်နဝါရီလ ၉ ရက်နေ့ကလည်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၃။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အရှိန်အဟုန်ဖြင့် ဆက်လ က်ေ ဆာင်ရွက် လျက်ရှိရာ တွင် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင် ငံတကာပြဌာန်းချက် များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက် ခြင်းရှိ၊ မရှိ စိစစ်ရန်အတွက် ပညာရှင်ပေါင်းစုံပါဝင်သည့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့အား ဖွဲ့စည်း တာဝန်ပေးအ ပ်ပြီး ဆောင်ရွက်စေခဲ့ပါသည်။

၎။ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ လက်ပံတောင်း တော င် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍လည်းကောင်း၊ စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်း လုပ်ေ ဆာင်နေမှု ကိုလည်းကောင်း သွားရောက်၍ လက်တွေ့ကွင်းဆင်းလေ့လာခဲ့ပါသည်။

(က) ဂေဟစနစ်(Ecology)

(ခ) လူမှုရေးနှင့်ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာကိစ္စရပ်များ( Social Aspect and Cultural Heritage )

(ဂ) စီမံချက်ကွက်ကဲမှုစနစ်နှင့် ဖွံ့ဖြိုးမှုသရုပ်ခွဲစိစစ်ချက်(Project Management and Development Analysis )

(၅) ထို့အပြင် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့အစည်းသည် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှစ၍ စီမံ ကိန်းပြုလုပ်သည့် ဒေသပတ်ဝန်းကျင်တွင် ရှိနေသော လေထုသန့်ရှင်းမှုအဆင့် အခြေအနေ ( Existing Baseline Ambent Air Status ) တို့ကိုလည်း လက်တွေ့ကွင်းဆင်းစိစစ်ခဲ့ပြီး စုံစမ်း စစ်ဆေးရေးေ က်ာမ ရှင်သို့ ပဏာမအစီရင်ခံစာကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တင်ပြခဲ့ပါသည်။

(၆) စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ချုပ် သည် ဇန်နဝါရီ လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိကျေးရွာ များအား ထပ်မံကွင်းဆင်း လေ့လာခဲ့ပါသည်။

(၇)နိုင်ငံတော်အနေဖြင့် လက်ပံတောင်းဆောင် သပိတ်စခန်းမှ မီးလောင်ဒဏ်ရာရ သည့် လူနာများအားေ ဆးကုသမှုကို တာဝန်ယူ လျက်ရှိရာ ကော်မရှင်အနေဖြင့် လိုအပ်သည်များကို ဆက်လက်ညှိနှိုင်းေ ဆာင် ရွက်ပေးလျက်ရှိပါသည်။ မန္တလေးပြည်သူ့ဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသနေကြ သော လူနာ အား လုံး သည် ဆေးကုသမှုခံယူပြီးကြ သဖြင့် ဆေးရုံမှဆင်းသွားကြပြီး ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွ င် ဆေး ကု သမှုခံယူနေကြသည့် သံဃာနှစ်ပါးအနက် ရှင်သဇ္ဇာန၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်ကောင်း မွန် လာပြီဖြစ်ရာ မကြာမီ မြန်မာနိုင်ငံသို့ ပြန်လာနိုင်မည့် အခြေ အနေရှိသည်ဟု သိရှိရပါသည်။ သံဃာတော် ဦတိက္ခညဏ၏ အခြေအနေသည်လည်း တိုးတက်မှု ရှိနေ ပြီဖြစ်ပြီး ဆက်လက်၍ဆေးကုသမှုရန် လိုအပ်ေ သးသည်ဟု ကော်မရှင်အနေဖြင့် သိရှိရ ပါသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

www.MyanmarExpress.net

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

စုံစမ်းစစ်ဆေးရေးကော်မရှင် မှ လက်ပံတောင်းတောင် စီမံကိန်းသည် လူထုကို မထိခိုက်ကြောင်း သတင်းထုတ်ပြန်

Labels:

0 comments: