မြန်မာ စစ်တပ်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်တို့အကြား
ဖြစ်ပွါးနေသည့် တိုက်ပွဲ များ ရပ်တန့်ရေးကြိုးပမ်းမှုနှင့် ပတ်သတ်၍ မြန်မာ
အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်က အစိုးရမှ သူ့ထံ
တရားဝင်ကမ်းလှမ်းရန် လိုအပ်သည်ဟု တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။
၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်၏
စည်းရုံးရေးခရီးစဉ်တခုဖြစ်သည့် မြစ်ကြီး နားမြို့၌ ထောက်ခံသူများနှင့်
နှုတ်ဆက်နေစဉ်။ (ဓာတ်ပုံ-AFP)
ဒေါ်အောင်ဆန်းစုကြည်က “အဲဒါက အစိုးရရဲ့ တာဝန်ပါပဲ” ဟု AFP
သတင်းဌာနသို့ပြောဆိုလိုက်ပြီး နိုင်ငံ တ ကာက စိုးရိမ်မကင်းဖြစ်နေကာ
ပိုမိုဆိုးဝါး လာနေသည့် မြန်မာ့ပြည်တွင်းစစ် ရပ်တန့်သွားစေရန် ရည် ရွယ်သည့်
ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ရန် သူ၏ သဘောထားကို
ထုတ်ဖေါ် လိုက်ခြင်းဖြစ် သည်။
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပိုမို
ပြင်းထန်လာပြီး၊ ကချင်လွတ်မြောက်ရေး တပ် မတော် (KIA) ၏ ရှေ့တန်းနေရာ
တချို့အား မြန်မာ အစိုးရက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ အပြီး
ရက်အနည်းငယ် အကြာတွင် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏
မှတ်ချက် ပေါ် ထွက် လာခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရှိ အခြားသော တိုင်းရင်းသား လူနည်းစု များကဲ့သို့ပင်
ကချင်များသည်လည်း ကို ယ်ပိုင်ပြဌာန်းခွင့် အတွက် ဆယ်စုနှစ်ပေါင်းများစွာ
တိုက်ပွဲဝင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ၂၀၁၃ ခုနှစ် အတွင်း
ဝင်ရောက်လာချိန်တွင်မူ KIAသည် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် မြန်မာ
အစိုးရအဖွဲ့နှင့် အပစ် အခတ် ရပ်စဲရေး စာချုပ် မချုပ်ဆိုရသေးဘဲ
ကျန်ရှိနေသည့် အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
မြန်မာ အစိုးရနှင့် KIA အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေးမှာ ၂၀၁၁ ခုနှစ်
ဇွန်လတွင် ပျက်ပြယ် ခဲ့ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးခဲ့ကာ
ယခုအချိန်အထိ လူပေါင်း ၇၅,၀၀၀ ခန့် အိုးအိမ်များကို စွန့်ခွာ ထွက်ြေ
ပးခဲ့ရသည်။
ဒီဇင်ဘာလ အတွင်းတွင် မြန်မာ စစ်တပ်က တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ
အသုံးပြု၍ KIA၏ ဌာန ချုပ် တည်ရှိရာ လိုင်ဇာမြို့ အနီးတွင် KIA ကို
လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တိုက်ပွဲများ ပိုမို
ပြင်းထန်လာခဲ့သည်။
သမ္မတ ဦးသိန်းစိန်ကမူ မြန်မာ စစ်တပ် အနေဖြင့် မိမိကိုယ်ကို ကာကွယ်သည့်
အနေဖြင့်သာ ခုခံ တိုက် ခိုက်ရမည်ဖြစ်ကြောင်း အမိန့်ပေးထားခဲ့သည်ဟု
ဆိုခဲ့ပြီး အစိုးရ အနေဖြင့် စစ်ပွဲများကို နောက်မျိုးဆက်သို့ လက်ကမ်း
မပေးလိုကြောင်း ပြောခဲ့သည်။ မြန်မာအစိုးရက KIA အား လေကြောင်းတိုက်ခိုက်မှု
ပြုလုပ်စဉ် အတွင်း မြန်မာ-တရုတ်နယ်စပ် အနီး တရုတ်နယ်မြေ အတွင်းတွင် ဗုံး
၃လုံး ကျရောက် ခဲ့သည်ဟု ဆိုကာ စနေနေ့က တရုတ်အစိုးရသည် မြန်မာနိုင်ငံအား
တရားဝင် ကန့်ကွက်မှု ပြုလုပ်ခဲ့သည်။ တရုတ် အစိုးရက မြန်မာအစိုးရအား
နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ပြန်လည်ငြိမ်းချမ်း တည်ငြိမ်ရန် လုပ်ဆောင်ဖို့
တိုက်တွန်း ခဲ့သည်။ တိုက်ပွဲများကြောင့် ကချင်လူမျိုး ဒုက္ခသည် အများစု
ပါဝင်သည့် ဒုက္ခသည်ပေါင်း ၁၀,၀၀၀ ကျော် သည် နယ်စပ်ဒေသရှိ တရုတ်နိုင်ငံ
ရွှေလီမြို့သို့ ထွက်ပြေး ခိုလှုံနေရသည်။
ကချင်ပြည်နယ်တွင် မြန်မာအစိုးရက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းသည်
အလွန်အမင်း စိုးရိမ်စရာ ကောင်းသည် ဟု အမေရိကန် ပြည်ထောင်စုကလည်း
လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။
ကုလသမ္မဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာအစိုးရ
အနေဖြင့် ဒေသတွင်းရှိ အရပ် သား များကို ထိခိုက်စေမည့် လုပ်ဆောင်ချက်
မှန်သမျှအား ရပ်တန့်ရန် တိုက်တွန်းခဲ့ပြီး ထိုသို့ မရပ် တန့်ပါက
ဒေသတွင်းတွင် ပဋိပက္ခများ ပိုမို ပြင်းထန်လာလိမ့်မည် ဖြစ်ကြောင်း
သတိပေးခဲ့သည်။
by Mizzima - News in Burmese on Monday, January 7, 2013 at 7:57pm ·
Xiao Ting Shirley | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၇ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၃၁ မိနစ်
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။