ကချင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက်
သယံဇာတပေါကြွယ်ဝသည့်အပြင် မြောက် ဘက် အ စွန်း ဆုံးရှိ နောင်မွန်းမြို့နယ်၊
ပူတာအို၊ မချမ်းဘော၊ ခေါ်ဘူဒဲ စသောမြို့နယ်များတွင် ငွေရောင် ခမောက်ေ
ဆာင်းထားသော ရေခဲတောင်ကြီးများကဲ့သို့သော သဘာဝအလှတရားများဖြင့် ပြည့်နှက်
လျက် ရှိပေသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ သွေးကြောအဖြစ်သော်လည်းကောင်း၊ နိုင်ငံရေးအရ
သွေးစည်းညီညွတ်ခြင်း နမိတ် ပုံဖြစ် သည့်ဧရာဝတီမြစ်ကြီးအား
မွေးဖွားပေးလိုက်သည့် မေခ(အင်မိုင်ခ) နှင့် မလိခ တို့ပေါင်း ဆုံရာ လည်ြး
ဖစ် သည်။ ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားညီအစ်ကို ပေါင်းစုံတို့
မှီတင်းနေ ထိုင်ကြ သည့် အလျှောက် တစ်ဒေသနှင့် တစ်ဒေသ ကူးလူးကာ
ချစ်ကြည်ရင်းနှီးစွာ ဖြင့် ပေါင်းစည်းနေ ထိုင်ကြ သည်။
ကချင်ပြည်နယ်ဟုဆိုသော်လည်း အခြားသောတိုင်းရင်းသားတို့သည် လည်း
အေးချမ်းစွာနေ ထိုင်ခဲ့ကြသည်။ သို့သော်လည်းယခုအခါတွင် ကချင်ပြည်နယ်၏
သဘာဝအလှ တရားများနှင့် ပြည်သူတို့၏ အေးချမ်းသာယာေ နသည့်ဘ၀ကို
ဖြိုခွဲဖျက်ဆီးနေသူတို့မှာ ကေအိုင်အေ/ ကေအိုင်အို တို့ပင်ဖြစ်သည်။
ယနေ့နိုင်ငံတော်အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော
ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက် လျက်ရှိပေသည်။ ထိုသို့ တည်ဆောက်ရာတွင်
ပြည်တွင်းငြိမ်း ချမ်းရေး တည်ဆောက်ရေး သည် အဓိက အခန်း ကဏ္ဍဖြစ်သဖြင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား နိုင်ငံတော် အစိုးရမှ မှန်
ကန်သောစေ တနာမေတ္တာဖြင့် ငြိမ်းချမ်းရေးကို ကမ်းလှမ်းခဲ့သည်။
နိုင်ငံတော်၏စစ်မှန်သော စေတ နာကြောင့် တိုင်းရင်းသားလက်နက်ကိုင် ၁၁
ဖွဲ့အနက် ၁၀ ဖွဲ့သည် နိုင်ငံတော်အစိုးရနှင့်အတူ ငြိမ်းချမ်းရေး ကို
တည်ဆောက်နိုင်ခဲ့သည်။ အမှန်စင်စစ်ကေအိုင်အေသည် ၁၉၉၄ခုနှစ်တွင် တပ်မတော်
အစိုးရ လက်ထ က်၌ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ဝင်ရောက်ခဲ့သော
အဖွဲ့အစည်းတစ်ခုဖြစ်သည်။
သို့သော်လည်း သတ်မှတ်ထားသည့် ငြိမ်းချမ်းရေးမူ ၈ ချက်ကို ၂၀၁၁ ခုနှစ်
နှစ်ဦးပိုင်းမှစ၍ မသိမသာ ချိုးေ ဖာက် ခဲ့ ရာမှ ၂၀၁၁ခုနှစ်ဧပြီလတွင်
ယနေ့အထိ ပေ ၁၈၀ အထက်တံတားပေါင်း တစ်ရာကျော် ဖျက် ဆီးခြင်း၊
ဆက်သွယ်ရေးမိုက်ခရိုဝေ့ဖ်စခန်းများအား ဖောက်ခွဲခြင်း၊ ပြည်သူ့ဆေးရုံများအား
မိုင်းခွဲ ခြင်း၊ ခရီး သွားေ မ်ာတော်ယာဉ်များအား
ပစ်ခတ်နှောင့်ယှက်ခြင်း/သိမ်းဆည်းခြင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်
ပြည် သူ တို့ အား သတ်ဖြတ်ခြင်း စသည်တို့ကို လုပ်ဆောင်လာသည့်အပြင်
ကတိက၀တ်အတိုင်း သတ်မှတ် ထား သည့် ငြိမ်းချမ်းရေးမူ ၈ ချက်အား
စောင့်ထိန်းလျက်ရှိသော တပ်မတော်ကိုပင် တိုက်ခိုက်လာပါသည်။ တပ်မေ တ်ာနှင့်
ကေအိုင်အေတို့ အပြန်အလှန်တိုက်ခိုက်မှု တို့အကြားတွင် ပြည်သူလူထုသည် အတိ
ဒုက္ခေ ရာက် ခဲ့ရသည်။ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အထိ
ကချင်ပြည်နယ်တွင် ကယ်ဆယ်ရေးစခန်း ၆၉ ခုနှ င့် အိမ်ထောင်စု ၄၇၇၅ စု တို့
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသည်။ ယခုအချိန်ဆိုလျှင် အိုးမဲ့အိမ်
မဲ့အတိဒုက္ခရောက်လျက်ရှိသော ပြည်သူများမည်မျှပင် ရှိနေမည် ကို
မတွေးရဲလောက်အောင်ပင် ရှိပေမည်။
ကေအိုင်အေတို့ဖျက်ဆီးမှုကြောင့် ယနေ့ဆိုလျှင်
နိုင်ငံတော်ဘဏ္ဍာငွေကျပ်သန်းပေါင်း များစွာ ဆုံးရှုံးလျက် ရှိပါ သည်။
ကေအိုင်အေ မည်သို့ပင် ဖျက်ဆီးစေကာမူ နိုင်ငံတော်အစိုးရသည် ကချင် ပြည်နယ်
အတွင်းနေ ထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ လူမှုဘ၀မြင့်မားရေးကိုသာ
ရှေ့ရှု၍ ပြန်လည်ပြုပြင် တည်ေ ဆာက် လျက်ရှိသည်။ သို့သော်လည်း “လက်နဲ့ရေး၊
ခြေနဲ့ဖျက်” ဆိုသကဲ့သို့ နိုင်ငံတော်မှ ပြန်လည်ြ ပုပြင်ေ ရး
တည်ဆောက်သော်လည်း ကေအိုင်အေတို့သည် ထပ်ကြပ်မကွာ ဖျက်ဆီးလျက်ရှိသည်။
၂၀၁၂ခုနှစ် ဒီဇင် ဘာလ ၂၉ ရက်နေ့တွင် ကေအိုင်အေအဖွဲ့၏တိုက်ခိုက်မှု ကြောင့်
ဝိုင်းမော်မြို့နယ် မလိရေ အား လျှပ်စစ် စက်ရုံမှ မြစ်ကြီးနားသို့
ပေးပို့လျက်ရှိသည့် ၆၆ကေဗွီ ဓာတ်အားလိုင်းမှ မလိယန်နှင့် ကန်တော်ယန်
ရွာကြား ရှိ ဓာတ်အားလိုင်းပျက်စီးမှုကို ပြန်လည်ပြုပြင်ရန် သွားရောက်စဉ်
ကေအိုင်အေ အဖွဲ့မှ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့်
ယနေ့တိုင်ပြန်လည်ပြုပြင် နိုင်ခြင်းမရှိသေးပေ။
ကေအိုင်အေတို့၏လမ်းတံတားများအား ဖျက်ဆီးခြင်းကြောင့်
ဒေသခံပြည်သူတို့အနေဖြင့် စားသောက် ကုန်ေ ဈးနှုန်း များကြီးမြင့်ခြင်း၊
ရိက္ခာရှားပါးခြင်းတို့ဖြင့် ရင်ဆိုင်နေရသဖြင့် တပ်မတော်သည် ပူတာအို ခရို
င်ရှိဒေ သခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအတွက်
တပ်မတော်လေယာဉ်များအသုံးပြု၍ကူညီ ဆောင်ရွက်ေ ပးခဲ့သည့် အပြင်
ပြည်နယ်အစိုးရမှ ပူတာအို ခရိုင်သို့ စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ
ပေးပို့ရာ တွင် လည်းကောင်း၊ ကေအိုင်အေအဖွဲ့၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့်
ပျက်စီးနေသည့် လမ်း၊ တံတား များပြုပြင် ရာတွင် လည်းကောင်း လုံခြုံရေးဆောင်
ရွက်ပေးလျက် ရှိသည်။
ထိုကဲ့သို့ တိုင်းရင်းသား ပြည်သူများအတွက် စားနပ်ရိက္ခာများပို့ဆောင်နေစဉ်
ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ဆွမ်ပရာဘွမ်မြို့နယ်
က၀ယန်ကျေးရွာမှ ပူတာအိုသို့ထွက်ခွာလာသည့် ရိက္ခာ သယ်ယာဉ် တန်း အား
လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သည်။ ကချင်လူမျိုးနှင့် ကချင်ပြည်
နယ်ကောင်း စားရေး ဟု အသံကောင်းဟစ်ကာ ကြွေးကြော်နေသော ကေအိုင်အေသည်
ကချင်လူမျိုးနှင့် ကချင်ပြည် နယ် အတွင်း နေထိုင်ကြသော
တိုင်းရင်းသားညီအစ်ကိုများ စားမည့် ထမင်းကို မြေသို့ကျအောင် ပုတ်ချ လျက်
ရှိနေ ပေသည်။
သို့သော်လည်း ယနေ့ ကေအိုင်အေအဖွဲ့တွင် လက်နက်၊ ခဲယမ်း၊ ရိက္ခာပြတ်တောက်မှု
အခက် အခဲများ အပြင် သဘောထား ကွဲလွဲမှုများရှိနေကြောင်း တွေ့မြင်နိုင်ပေသည်။
နိုင်ငံတော် အစိုးရနှင့် တပ်မတော် တို့ ၏ စေတနာ ကို သိမြင်ကာ ရည်ရွယ်ချက်
မဲ့သော စစ်ပွဲများကို ဆက်လက် ဆင်နွှဲလိုခြင်း မရှိသဖြင့် ၂၀၁၂ ခုနှစ် ဧပြီလ
၁၆ ရက်နေ့တွင် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့သော ကေအိုင်အေ တပ်မဟာ
(၅) မှ တပ်ကြပ် အဆင့်ရှိ ကျော်ဆန်းဦးစီးသော အဖွဲ့ကဲ့သို့ ကေအိုင်ေ
အအဖွဲ့များသည် ယနေ့တိုင် အဖွဲ့လိုက် လက်နက်နှ င့် ငြိမ်းချမ်းရေး လဲလှယ်ကာ
အသီးသီး အလင်းဝင်ရောက်လာကြ သည်။ ထို့ပြင် မိမိပြည်နယ် ဖွံ့ဖြိုး တိုး
တက်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် ကချင်ပြည်နယ် ဒေသအသီးသီးတွင်
တိုင်းရင်း သားပြည် သူတို့သည် တပ်မတော်နှင့် လက်တွဲကာ လက်နက်စွဲကိုင် လျက်
ပြည်သူ့စစ်( ဌာနေ)အဖြစ် ပါဝင် လာသည်ကိုလည်း တွေ့ရှိရပေသည်။
အချုပ်အားဖြင့်ဆိုသော် ယနေ့ကေအိုင်အေ၏လုပ်ရပ်များသည်
နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ဦးဆောင် ကာ ကချင် ပြည်နယ်
စစ်ဘေးသင့်ဒေသရှိ တိုင်းရင်းသားပြည်သူများအတွက် စားနပ်ရိက္ခာနှင့် လူသုံး
ကုန်ပစ္စည်း များသယ်ဆောင်လာသော ယာဉ်တန်းများအား တိုက်ခိုက်ခြင်း၊ သယ်ဆောင်ရာ
လမ်း တစ်လျှောက် လမ်းတံတားများအား ဖျက်ဆီးခြင်းသည် ကချင်ပြည်နယ်အတွင်း
နေထိုင်ကြသော ကချင် တိုင်း ရင်းသား များသာမက ဒေသတွင်းနေထိုင်ကြသည့်
အခြားသော တိုင်းရင်းသားများအား အတိ ဒုက္ခရောက်စေရန် ရည်ရွယ်ကာ
နိုင်ငံရေးအရအမြတ်ထုတ်နေခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံတော်အစိုးရနှင့် တပ်မတော် အပေါ် အခြားသော ပြည်နယ်၊
တိုင်းဒေသကြီးများရှိ ပြည်သူလူ ထု မှ အကြည်အညိုပျက်ပြားစေရန်
ရည်ရွယ်သကဲ့သို့ အတိဒုက္ခရောက်နေသော တိုင်းရင်းသား ညီအစ် ကိုမောင်နှ
မများအား လက်ညှိုး ထိုးကာ ကမ္ဘာသိအောင် အသံကောင်းဟစ်လျက် ယိမ်းယိုင်နေေ သာကေ
အိုင်အေ အဖွဲ့အတွက် ငွေကြေး အထောက် အပံ့တောင်းရမ်းလို၍
လုပ်ဆောင်နေခြင်းသာဖြစ်ပါကြောင်း ရေးသား လိုက်ရ ပါသည်။
မောင်လှဖျား
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။