၉-၁-၂၀၁၂ တွင် ဒေါ်အောင်ဆန်းစုကြည်မှ သတင်းထောင်များနှင့် တွေ့ဆုံစဉ်တွင်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အခြေခံ သဘောတရားဟာ မှန်လား မ မှန်လားမှာ
အခြေခံပြီး လုပ်ရမှာ ၊ကိုယ်တစ် ယောက်ထဲ အတွက် လုပ်ရမှာ မဟုတ်ဘူး၊ ဒီကိစ္စဟာ
တစ်ခါမှလည်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မရှိဘူး၊
တမင်ထည့်ထားတာလို့ပဲ ..၊ဒီလိုပဲခံယူတယ် လို့ရိုးရိုးပဲပြောရမယ် ဟု
ဆိုခဲ့သည်။
ဒေါ်စု ရည်ညွှန်းသည့် အဆိုပါ ပုဒ်မခွဲတွင် "မိမိကိုယ်တိုင်သော် လည်းကောင်း
၊မိမိ၏ မိဘ တစ်ပါး ပါးသော် လည်းကောင်း၊မိမိ၏ ဇနီး (သို့)
ခင်ပွန်းသော်လည်းကောင်း မိမိ၏ တရားဝင် သားသမီး တစ်ဦး ဦးသော် လည်းကောင်း၊
ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်း ကောင်း
နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေ သူ
သို့မဟုတ် နိုင်ငံခြား အစိုးရ ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏
နိုင်ငံသားဖြစ်သူ များမဖြစ်စေရ ၊ထိုသူများ သည်နိုင်ငံခြား အစိုးရ၏
လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊တိုင်းတပါး၏ နိုင်ငံသား သော် လည်းကောင်း
ခံစားရသော အခွင့် အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်
ရှိသူများ မဖြစ် စေရ၊"ဟူ၍ ပြဌာန်း ထားသည်။
အခြေခံ ဥပဒေကို ပြင်ချင်သည် ဆိုသည်မှာလည်း
ထိုအချက်ကြောင့် ပင်ဖြစ်သည်။ ပြည်တွင်း ဆူပူ မှုများ ပြင်းထန်နေချိန်တွင်
နယ်တစ်လှည့် စည်းရုံးရေး ဟောပြောချိန်တွင် လူအုပ်ကြီးများ တွေ့သည့် အခါ
အာဏာကို လိုချင်လာပြီး မဖုံးနိုင် မဖိနိုင် ထွက်လာသော စကားဟုသာ ဆိုချင်သည်။
မိမိ၊ မိဘ၊ ဆွေမျိုး၊ ဇနီး၊ သား၊သမီး က နိုင်ငံခြားသား မဖြစ်စေရတဲ့။
လောလောဆယ်တွင်တော့ ဒေါ်စု တစ်ယောက်ကိုပဲ မြင်ကြသည်။ ထိုအချက်များကို
ပြင်ဆင်လိုက်ပါက တစ်ရွာလုံးတွင်မှ တစ်ဦးတည်း မြန်မာနိုင်ငံသား ဖြစ်လာသည့်
ဘင်္ဂလီများ၊ ပြည်ကြီးမှ ဆွေမျိုးများ၊ တစ်အိမ်ထောင် မယား ၄ ယောက်
အဆိုတင်သွင်း မည့် ပုဂ္ဂိုလ်များ မြန်မာ့ သမိုင်းကို ဦးဆောင်လာမည့်
အရေးကိုတော့ နည်းနည်းမှ မစဉ်း စားကြ။ ဘယ်တော့မှ သမ္မတ မဖြစ်နိုင်သည့်
တိုင်းပြည်ဖျက်မည့် သူများက ဆူပူလျှင်ပြီးရော ထောက် ခံပေးကြ သည်။
လူတစ်ယောက် အတွက် လုပ်ရမှာ မဟုတ်ဘူးဟု ဒေါ်ကြီးစုက ဆိုချင်လျှင် ဒေါ်စု
တစ်ယောက် အတွက် ပြင်ဖို့ မကြိုးစား ပါနဲ့တော့။ ဒေါ်စု သေပြီးနောက်
ရွေးကောက်ပွဲ ၀င်လာကြသည့် အထဲတွင် တိုင်းရင်း သားတွေ အပြင် ငွေရှိ၊
အင်အားရှိနေပြီး အာဏာတစ်ခုသာ ရှိဖို့ လိုသူများအတွက်တော့ ဥပဒေကြီးကို
မပြင်လိုက်ပါနဲ့လို့ ။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။