Pages

Friday, January 4, 2013

တပ်မတော် ( လေ ) ရှိ တိုက်ခိုက်ရေး ယာဉ်များ

အခုတလော မြန်မာ့တပ်မတော် (လေ) နှင့် ပတ်သက်တဲ့သတင်းတွေ အင်တာနက်သတင်းတွေမှာ အေ တာ် များများဖတ်ဖြစ်ကြမယ်ထင်ပါတယ်....။ ကျွှန်တော့်အနေနှင့်လည်း စိတ်ဝင်စားလို့ လေ့လာကြည့်ေ တာ့ ပျက်ကြတယ်ဆိုတဲ့သတင်းကို အတည်ပြုလို့မရခဲ့ပါဘူး....။ ပျက်ကြတယ်ဆိုတာထက် ပိုပြီးသေချာ တာကတော့ လေတပ်လေယာဉ်တွေအကုန် အကောင်းပတိအတိုင်းရှိပါတယ်လို့ သိရပါသည်....။

ဘာဘဲဖြစ်ဖြစ် တပ်မတော် (လေ)အကြောင်းလေးထပ်သိချင်ကြမယ်လို့ မျှော်လင့်လို့ ဒီနေ့ ဝေဟင်ချစ်သူ စာမျက်နှာက ပုံတွေနှင့် ဖော်ပြပေးချင်ပါတယ်ခင်ဗျာ.....။

အမေရိကန်တပ်တွေအနေနှင့် မြောက်ဗီယက်နမ်က ကွန်မြူနစ်တွေကို တိုက်ထုတ်ခဲ့ချိန်မှ အဓိကအားထား အသုံးပြုခဲ့တဲ့ Bellရဟတ်ယာဉ် အမျိုးစားတွေပါ.. ..။ နောက်ပိုင်း မှ မြန်မာ့တပ်မတော် ကိုလည်း ပေး အ ပ် ခဲ့ပါတယ်....။

ဘဲလ်-၂၀၅ ရဟတ်ယာဉ်

ဘဲလ်-၂၀၆ ရဟတ်ယာဉ်

 W-3 Sokol အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်များ

 မြန်မာ့တပ်မတော် (လေ)မှ ယခုမြင်တွေ့ရတဲ့ ရဟတ်ယာဉ်များကို အကန့်သတ်နှင့် (သို့) အသုံးပြုမှု ရပ်ဆိုင်းထားပြီးလို့ သိရပါတယ်....။

 Mi-2 အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်

Mi-၂ ရဟတ်ယာဉ်တွေကိုတော့ အခုချိန်ထိ တပ်မတော် (လေ)မှ အသုံးပြုနေဆဲဖြစ်ပါတယ်....။ ရုရှားနို င် ငံမှ ပညာရှင်များနှင့် ပူးတွဲကာ အဆင့်မြှင့်တင်မှု ပြုလုပ်ပြီးဖြစ်ပါတယ်.....။

Mi-17 အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်

ကိုဝေဟင်ဆီကနေ သိရသလောက်ကတော့ ဒီဘက်ဆုံးက ရဟတ်ယာဉ်က Mi-17-V5 လို့ သိရပါတယ်....။ လေ့လာမိတဲ့သူတွေအနေနှင့် အကျယ်ချဲ့ပြောပေးကြပါဦးဗျာ.....။
  အမောင်းသင်နှင့် အပေါ့စားတိုက်ခိုက်ရေး တိုက်လေယာဉ် ဂျီ-၄ များ

 မြေပြင်ပစ်ကူပေး တိုက်ခိုက်ရေး တိုက်လေယာဉ် A-5C

ကျွှန်တော်တို့အနေနှင့် အစတုန်းက အေ-၅ တိုက်လေယာဉ်တွေဟာ သက်တမ်းကုန်ဆုံးခါနီးနေလို့ အ နားပေးမယ်လို့ သိခဲ့ရပင်မဲ့ အခုအခါမှာတော့ အဆိုပါ တိုက်လေယာဉ်များကို အဆင့်မြှင့်တင်မှုပြုလုပ်ပြီးေ ခတ်မှီနည်းပညာများပေါင်းစပ်တပ်ဆင်ထားပြီးဖြစ်ရာ အသစ်တစ်စင်းထက်ပင် ပိုမိုစွမ်းရည်ထက်မြက် လာသည်ဟု သိရပါသည်....။

 ကြားဖြတ်တိုက်လေယာဉ်အုပ် F-7 ၂ကေ တိုက်လေယာဉ်များ

အက်ဖ်-၇ တိုက်လေယာဉ်ကတော့ သူ့ခေတ်သူ့အခါတုန်းက အင်မတန်အစွမ်းထက်တဲ့ တိုက်လေယာဉ် အမျိုးအစားဖြစ်ပါတယ်...။ ကမ္ဘာ့လေတပ်အတော်များများမှာ သူ့ရဲ့ ပထမဆုံးပုံတူယူထားတဲ့ မစ်-၂၁ တိုက်လေယာဉ်တွေကို အခုထိအသုံးပြုနေဆဲဆိုတာ လေ့လာမိမယ်ဆိုရင် အဆိုပါတိုက်လေယာဉ်များရဲ့ စွမ်းဆောင်ရည်ကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်......။

မြန်မာ့တပ်မတော် (လေ)ရဲ့ ပင်မကျောရိုးဖြစ်လာသည့် မစ်-၂၉ တိုက်လေယာဉ်များ

မြန်မာ့တပ်မတော် (လေ)သည် ပြောင်းလဲလျက်ရှိသော နည်းပညာများ၊တိုးတက်ပြောင်းလဲမှုများကို အမှီ လိုက်ကာ လေတပ်တိုက်လေယာဉ်များအား အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သည့် တိုက်လေယာဉ်များအား ဝယ်ယူဖြည့်တင်းခြင်း၊ ကာကွယ်ရေးစွမ်းရည်မြင့်တက်လာစေရန် ရည်ရွှယ်ကာ ဝေဟင်ပျံသန်းလေ့ ကျင့်ခြ င်း စသည့် အချက်များအား အမြဲလုပ်ဆောင်လျက်ရှိရာ ယခုအခါတွင် လေတပ်တွင်ယခင်ရှိရင်းစွဲတိုက်လေ ယာဉ် အမျိုးအစားထက် အဆင့်မြှုင့်မားသော မစ်-၂၉ SE များအားလည်း ဝယ်ယူဖြည့်တင်း ခဲ့ပြီးဖြစ် ပါ သည်.....။

ကိုးကား- ဝေဟင်ချစ်သူ စာမျက်နှာ 

Myanmar Defence Weapons

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: