လွန်လေပြီးသော ၆၅နှစ် နှင်းမှုန်မြူမကွဲသေးသော ဇန်နဝါရီလ ၄ရက်၏ အရုဏ်ဦး အတွင်းဝန်ရုံး (ဝန်ကြီး များရုံးဟောင်း)အလယ်မှာရှိသော ပြည်ထောင်စုလွှတ်တော်ကြီးမှာ မြန်မာ့ လွတ်လပ်ရေး ကြေငြာခြင်းနှင့် အလံတင်အခမ်းအနားကိုခမ်းနားသိုက်မြိုက်စွာကျင်းပရန်အတွက် နံနက်၂နာရီကတည်းကစတင်ပြီး ဂုဏ်ပြု တပ်ဖွဲ့နှင့် ဝမ်းသာရွှင်ပြနေတဲ့ ပြည်သူလူထုတစ်ရပ်လုံး အလံ တင်ကွင်းမှာ စုဝေးရောက် ရှိနေကြ တယ်။ မနက်ရောင်နီမကွဲ နှင်းမခွဲခင် ချမ်းစိမ့်စိမ့်ဇန်နဝါရီရဲ့ ၄နာရီ မိနစ်၂၀မှာ ယူနီယံဂျက်အလံကိုချပြီး ကျုပ်တို့မြ န် မာပြည်ဖွားတိုင်းရင်းသားများရဲ့ အလံ တင်အခမ်းအနားကိုစတင်လိုက်ကြတယ်။
အဲ့ဒီအခမ်းအနားကို ကိုယ်တိုင်မကြုံဖူးပေမယ့် လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဗိုလ်တေဇေ ခါ် ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတသူများရဲ့ မချိတင်ကဲလွမ်းဆွတ်နေမှုတွေ , နှင်းမှုန် တွေကြားက မိ ဘမောင်ဖွား မောင်နှမများ ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဌာနေကိုပြန်ရလို့ အတောမသတ်နိုင်သော ပီတိလွှမ်း တဲ့ မျက်နှာတွေ , လူကြီးလူငယ်မရွေးပါဝင်ဆင်နွှဲနေမယ့် အထိမ်း အမှတ်ပွဲတွေ , အလံတင်အခမ်းအနား အပြီး အလုံလမ်းက ဘုရင်ခံအိမ်တော်မှာ ယူနီယံဂျက်အလံချပြီး ဗြိတိသျှနန်းသိမ်းဘုရင်ခံ ဆာဟူးဘတ် ရန့်စ်ကြီး ကိုယ့်အထုပ် ကိုယ်ဆွဲဖျာလိပ်ထမ်းပြန်တဲ့ ပြည် တော်ပြန် ပွဲကိုလိုက်ပို့ကြမယ့်စားဖား အလိုတော် ရိများမျက်နှာတွေ အမျိုးမျိုးသောမျက်နှာတွေ ဘယ်သို့ရှိမလည်း ကျုပ်မျက်လုံးထဲဝယ် မြင်ယောင် မိသားေ တာ့။
ထိုအချိန် ထိုနေရာမှာ ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိရင်လေ "* ခင်ဗျားတို့မြန်မာပြည်သူတွေ လွတ်လ ပ်ေ ရးရအောင် ကိုယ်ကျိုးမငဲ့ စွမ်းဆောင်ခဲ့ပေးပြီးပြီ လွတ်လပ်ရေး ကိုဆက်လက်တည်တံ့အောင် ထိန်းသိမ်း က မှာ ခင်ဗျာတို့အားလုံးတာဝန်ပဲ မြန်မာတွေေ-ာက်စည်းကမ်းရှိကြပါ မဟုတ်ရင် -ာနိုင်ငံဖြစ်သွားမယ်*" လို့များပြောလေမလား? ဒါက ကျုပ်တွေးမိတာပြောတာပါ။ လွတ်လပ်ရေးရဖို့တိုက်ပွဲဝင်နေခဲ့တဲ့ အာဇာနည် များနှင့် မြန်မာ့သူရဲကောင်းများကို အလေးပြုပါတယ် ဂုဏ်ယူပါတယ် ကျုပ် အခုလို ထမင်းနပ်မှန်အောင် စာတွေ ကဗျာတွေ ဗုံးသံသေနတ်သံလွတ် မြေနေရာမှာ ထိုင်ရေးနိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဘိုးဘွား များကို လှိက်လှဲစွာကျေးဇူးတင်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ~ ယခုကျုပ်တို့မှီတင်းနေထိုင်တဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရခဲ့တာ (၆၅)နှစ်သို့တိုင်ခဲ့ပါပြီ။ထို (၆၅)နှစ်အတွင်းမှာ ပြည်သူတွေရဲ့ ကောင်းမွေ ဆိုးမွေ အကုန် မြန်မာပြည်ကြီးလှိမ့်ခံခဲ့ကပြီးပြီ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ဘယ်သောအခါမှ တိုင်းတစ်ပါးလက်အောက် ထပ်မရောက်အောင် ယဉ်ကျေးမှု သယံဇာတမတိမ်ကောအောင် အမျိုးဘာသာ သာသနာကိုထိမ်းသိမ်းတတ်အောင် လွတ်လပ်တည်ငြိမ်သော မြန်မာပြည်ကြီးဖြစ်အောင်က တစ်ဦးတစ်ေ ယာ က်ေ ကာင်းလို့မရဘူး ဒါဟာတစ်မျိုးသားလုံးတာဝန်ပဲ နွားကွဲရင်ကျားဆွဲခံကမှာပဲ။ မိဘများကလည်း သားသမီတွေကိုသွန်သင်ပေး ဆရာများကလည်းတပည့်များကို လမ်းပြပေး မြန်မာတွေစည်း လုံးကြ ရမယ် သွေးထိုးမခံနဲ့ တိုင်းတစ်ပါးသား လူမျိုးခြားနဲ့စပ်မဖောက်နဲ့ ဘာသာအယူမလွဲနဲ့ ဟုတ်၏မဟုတ်၏ ကို ပြောတိုင်းမယုံဘဲကိုယ်ပိုင်ဦးနှောက်မိမိအသိဥာဏ်အတွေ့အကြုံနဲ့စဉ်းစား ရှင်တို့ ခင်ဗျားတို့ တစ်ယော က်ချင်းစီသာ ထိန်းသိမ်းသွားရင် ပြည်ထောင်စုနိုင်ငံမြဲမှာပဲ ပြည်မကွဲစေချင်ရင် ဘက်တိုက် ကန့်လန့် လို က်တာတွေလျော့တော့ ဖျောက်တော့။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဖွား ပြည်တွင်းနေလူများနှင့် ပြည်ပရောက်မြန်မာများ လွတ်လပ်စွာ အေးငြိမ်းချမ်းသာပါစေ။
လွတ်လပ်ရေးကြီး အဓွန့်ရှည်ပါစေ။
ပြည်တွင်းစစ်ဘေး သူပုန်ဘေး မှ အမြန်ဆုံးပြီးဆုံး လွတ်မြောက်ပါစေ။
ထေရဝါဒဗုဒ္ဓဘာသာ သာသနာလည်း စစ်မှန်စွာဖြင့်ခိုင်မြဲပါစေ။
တိုင်းရင်းသားမြန်မာပြည်သူပြည်သားများ မြန်မာတိုင်းရင်းသားကလေးငယ်များသာ မွေးထုတ်နိုင်ပါစေ။ ။
ဧထက်ပိုင်*
၂း၃၁ (PM)
၎.၁.၁၃ (Fri)
၆၅ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။