Pages

Sunday, January 13, 2013

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွက် နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှုန်းကို စစ်တပ် အသုံးစရိတ် အတွက် တင်ပြ တောင်းခံ

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအဖွဲ့ အသုံးစရိတ် လျာထားငွေတွင် နိုင်ငံတော်ဘတ်ဂျက်၏ ၂၁ ရာခိုင်နှုန်းကို စစ်တပ်အသုံးစရိတ်အတွက် တင်ပြတောင်းခံထားရာ ယခင်နှစ် စစ်အသုံးစ ရိတ်ထ က် မြ င့်ေ နေ ကြာင်း သိရသည်။
 
ခေတ်မမှီ တရုတ်လုပ်ကားပျက်များကို ဆယ်စုနှစ်ကျော် သုံးစွဲနေရသည့် တပ်မတော်သားများ
 
ပြီးခဲ့သည့် ၂၀၁၂-၁၃ ဘဏ္ဍာာရေးနှစ်တွင် စစ်အသုံးစရိတ်ကို နိုင်ငံတော်ဘတ်ဂျက်၏ ၁၄ ဒသမ ၃၉ ရာခို င်နှု န်း သုံးစွဲရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့သည်။

“ငွေစာရင်း ကော်မတီဝင်တချို့ ပြောတာကတော့ စစ်တပ်အသုံးစရိတ်က ၂၁ ရာခိုင်နှုန်း ၀န်းကျင်အထိ တင်ပြထားတော့ တော်တော်ကြီး များနေတယ်လို့ ပြောကြတယ်။ ခွင့်ပြုပေးရေးကိစ္စကို လွှတ်ေ တာ် မှာ ဆွေးနွေးပြီးမှ ဘယ်လောက်ပဲ ခွင့်ပြုမယ်ဆိုတာ ဆုံးဖြတ်ကြမှာပါ” ဟု အမျိုးသား လွှတ်ေ တာ် ကိုယ် စား လှ ယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။

၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဘတ်ဂျက် လျာထားငွေ စာရင်းများကို လွှတ်တော် ကိုယ်စားလှယ်များထံ ယမန်နေ့က ဖြန့်ဝေပေးထားသော်လည်း ကိုယ်စားလှယ်များအနေဖြင့် အသေးစိတ် မလေ့လာရေ သးကြောင်း၊ စာရင်းကို ကြိုတင်ရရှိထားသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ယခုအခါ စိစစ်သုံး သပ် စစ်ဆေးနေပြီဖြစ်ကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။

ယခုနှစ်တွင် စစ်ရေးအသုံးစရိတ် တိုးတောင်းလာခြင်းသည် လက်ရှိဆင်နွဲနေသော ကချင်ဒေသ စစ်ပွဲ များကြောင့် ကုန်ကျမှု များပြားသည့်အတွက်လည်း ဖြစ်နိုင်ကြောင်း၊ စစ်ရေးအသုံးစရိတ်သည် နှစ်စဉ် များေ န သည့်တိုင် ယခင်ထက် တိုးမြှင့်ရန် မသင့်တော့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ (ခ) ဦးခင်မောင်ရီက ပြောသည်။

“မြန်မာနိုင်ငံက စစ်ရေးအင်အားကြီး နိုင်ငံတည်ဆောက်ဖို့ မလိုအပ်သေးတော့ စစ်အသုံးစရိတ်တွေ လျော့ ချပြီးတော့ ပြည်သူတွေအတွက် အရေးကြီးတဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေမှာ ပိုမို သုံးစွဲသင့်ပါတယ်၊ စစ်အသုံးစရိတ်ဟာ ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်မနေသင့်ဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
 
စစ်စခန်းများသို့ ခေတ်မီ ရိက္ခာထောက်ပံ့စနစ် မသုံးနိုင်သဖြင့် ရှေ့တန်း ၄ လ နယ်စပ်တောင်ကုန်းများ ပေါ်ရှိ စခန်းများမှ တပ်မတော်သားများ

စစ်တပ်၏ အသုံးစရိတ်အား လျှော့ချကာ ငြိမ်းချမ်းရေး တည်ဆောက်ရေး တည်ဆောက်ခြင်းကိုသာ အဓိက ထား ဆောင်ရွက်သင့်ကြောင်း၊ တနိုင်ငံလုံး တည်ငြိမ်အေးချမ်းသွားပါက တိုက်စစ်စရာ မလိုတော့ ဘဲ ပြ ည် သူ တို့ ၏ လူမှုဘ၀ စီးပွားရေး တိုးတက်မှု လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင် မည် ဟု လည်း ဦးခို င်ေ မာင် ရီ က ပြောသည်။

၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံပိုင်စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ၀န်ကြီးဌာန ၃၄ ခု အတွက် အသုံးစရိတ် လျာထားငွေမှာ ကျပ်သန်းပေါင်း ၄၆၈၉၆၁၉ ဒသမ ၈၆၂ တင်ပြထားကြောင်း၊ ၎င်းအ နက် စစ်တပ် တခုတည်းအတွက် လျာထားငွေမှာ ကျပ်သန်းပေါင်း ၁၀၆၇၃၆၅ ဒသမ ၆၀၃ သန်းဖြ စ်ကြော င်း The Voice Weekly ဂျာနယ်၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

ကိုယ်လက်အင်္ဂါနှင့် အသက်များ စွန့်လွှတ်ရသော်လည်း ကျန်ရစ်သူ မိသားစုအတွက် ပြည့်စုံစွာ ထောက်ပံ့ ရန်လိုအပ်သည့် အနေအထား

စစ်တပ်သည် ဦးနေ၀င်းအစိုးရ လက်ထက်မှ နအဖ စစ်အစိုးရ လက်ထက်အထိ နိုင်ငံတော် ဘတ်ဂျက်၏ ထ က်ဝက် နီးပါးကို သုံးစွဲခဲ့သော်လည်း တရားထုတ်ပြန်၍ ပြည်သူထံ အသိပေးလေ့ မရှိပေ ။၂၀ ၁၀ ရွေးေ ကာ က် ပွဲအပြီး လွှတ်တော်များ ပေါ်ပေါက်ပြီးနောက်ပိုင်း တရားဝင် ထုတ်ပြန် လာခြင်း ဖြစ်သည်။

ယခု သီတင်းပတ်တွင် ပြန်လည်ကျင်းပနေသည့် ဆဋ္ဌမအကြိမ် လွှတ်တော်အစည်းများတွင် ဥပဒေကြမ်း ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများ၊ ခေတ်မမီတော့သည့် ဥပဒေတချို့ ဖျက်သိမ်း ပြင်ဆင်ရေး ဆွဲရေး ကိစ္စ၊ နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေခုံရုံးကိစ္စများနှင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အသုံးစရိတ် ကိစ္စများကို ဆွေးနွေးကြမည်ဟု ကိုယ်စားလှယ်များက ပြောသည်။
 
ဧရာဝတီ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွက် နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှုန်းကို စစ်တပ် အသုံးစရိတ် အတွက် တင်ပြ တောင်းခံ

Labels:
 
0 comments: