Pages

Tuesday, January 1, 2013

သမ္မတကြီး မိန့်ခွန်းနှင့် အွန်လိုင်းသုံးစွဲသူ တစ်ဦး၏ အမြင်

သမ္မတကြီးပြောကြားသွားတဲ့ မိန့်ခွန်းက အဆီအနှစ်တွေနဲ့ ပြည်ဝတဲ့ ရည်ရွယ်ချက်တွေ လုပ်ငန်းစဉ်တွေ ပါဝင်လာသလို လက်ရှိဖြစ်ပေါ်နေတဲ့ အစိုးရနဲ့ ပြည်သူအကြားကွာဟနေတဲ့ စိန်ခေါ်မှုတွေကို ကွက်ကွက် ကွင်းကွင်း မြင်သာအောင်ချပြခြင်းနဲ့အတူ အရင်အစိုးရရဲ့ အားနည်ချက်တွေကို လည်း ထောက်ပြ သွား တာတွေ့ရတော့ နှစ်သစ်မှာ ကြည်နူးမိပါတယ်
 
နောက်ဆုံးအပုဒ်လေးကို သဘောကျမိသလို မေးခွန်းထုတ်စရာလဲ ပေါ်လာပြန်တယ်

နောက်ဆုံးအပုဒ်ကလေးမှာ သမ္မတပြောသွားတာက

"မကြာမီမှာ ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့နဲ့ ဆက်စပ်ပြီး ကျွန်တော် တွေးမိတဲ့ အကြောင်း အရာ တစ်ခုကို ပြည်သူလူထုကြီးကို မျှဝေလိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လွတ်လပ်ရေး ရယူစဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှု အင်အားအတိုင်း နိုင်ငံသားတစ်ဦးချင်း၊ တစ်ယောက်ချင်း စီက လက်တွဲလုပ်ဆောင်နိုင်မယ် ဆိုပါလျှင် ယခု ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေကို မလွဲ မသွေကျော်လွှားနိုင်မယ် ဆိုတဲ့အတွေးပဲ ဖြစ်ပါတယ်။ မကြာမီမှာ ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့နဲ့ ဆက်စပ်ပြီး ကျွန်တော် တွေးမိတဲ့ အကြောင်း အရာ တစ်ခုကို ပြည်သူလူထုကြီးကို မျှဝေလိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လွတ်လပ်ရေး ရယူစဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှု အင်အားအတိုင်း နိုင်ငံသားတစ်ဦးချင်း၊ တစ်ယောက်ချင်း စီက လက်တွဲလုပ်ဆောင်နိုင်မယ် ဆိုပါလျှင် ယခု ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေကို မလွဲ မသွေကျော်လွှားနိုင်မယ် ဆိုတဲ့အတွေးပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အများစု အနေနဲ့လည်း ကျွန်တော်နဲ့ တစ်သဘောတည်း ရှိနေမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင် ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင် ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်"။ တဲ့

ဒီအပုဒ်ကို ဖတ်ကြည့်ပြီး သဘောကျမိတာကတော့ ပဋိပခတွေဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ နယ်မြေတွေမှာရှိကြတဲ့ အဖွဲ့အစည်းအသီးသီး ကေ ခါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး အတွက် ရည်ညွှန်း သလိုခံစားမခြင်းနဲ့အတူ

မေးခွန်းထုတ်စရာအဖြစ် တွေးတောကြည့်မိတာကတော့

ဒေါ်အောင်ဆန်းစုကြည်ကိုများ နိုင်ငံခေါင်းဆောင်နေရာမှာ ထည့်သွင်းသွားလေမလားလို့ တွေးမိပါတယ်

နိုင်ငံ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းတွေကို ၂၀၀၈ ဖွဲ့စည်းပုံ မှာ ၅၉(စ) နဲ့ အတည်ံ အ လင်းပြဌာန်းထားသလို ဒီဥပဒေကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မသေသေးခင်ကာလ မှာတိုင်းပြည်အ နာဂါတ်အတွက် မျှော်တွေးပြီးရေးခဲ့တဲ့ ဥပဒေဖြစ်ပါတယ် ... ယနေ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ လုပ်ဖို့ အတွက် ပြည်တွင်းမှာ ပြည်ပမှာ အသံကြယ်ကြယ်နဲ့ ပြောဆိုနေတာကိုလဲ လေ့လာမိပါတယ်

သို့ဖြစ်ပါ၍ သမ္မတကြီးပြောကြားသွားတဲ့ "ပြည်သူလူထု အများစု အနေနဲ့လည်း ကျွန်တော်နဲ့ တစ်သေ ဘာတည်း ရှိနေမယ်လို့ ယုံကြည်တဲ့အတွက်" ဆိုတဲ့ စကားဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ စည်းရုံးတယ်ဆိုရင်တော့ဖြင့် ပြည်သူတစ်ဦးအနေဖြင့် ဗိုလ်ချုပအောင်ဆန်းမျက်နှာကိုထောက်ထားပြီး လက်မခံပါ သဘောမတူပါ
Ko Thantun

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: